တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်တွင် အင်္ဂလန် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ ခမ်းမိုင် ဝိဇာတမွေးနေ့ အလှူပွဲကျင်းပ

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ဦးစီးတည်ထောင်သူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အင်္ဂလန် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ဓမ္မသာမိ မထေရ်မြတ် ၏ (၅၃) နှစ်ပြည့် ဝိဇာတ မွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားအား ယနေ့ တောင်ကြီးမြို့တွင်ကျင်းပသည်။

ဆရာတော်၏ ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ( ၂၅ – ၂၆ ) ရက်တွင် နေပြည်တော်ရှိ မက်စ် ဟိုတယ် တွင်လည်းကောင်း ၊နို်ဝင်ဘာ (၂၇-၂၈) ရက်နေ့တွင် တောင်ကြီး သျှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တွင် လည်းကောင်း ကျင်းပခြင်းဖြစ်သည်။

“နေပြည်တော်မှာက မွေးနေ့ အထိမ်းအမှတ်အဖြစ် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲ ပြုလုပ်တယ်၊ နို်င်ငံခြားက ဧည့်သည်တွေကို ဖိတ်ကြားလာတယ်၊ ပဋိကတ်စာပေသင်ကြားရေး ခေတ်အလိုက် ဘယ်လိုတွေရှိလာခဲ့လဲဆိုတာ အဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးသွားတယ်” ဟု အုပ်ချုပ်ရေး နာယကဆရာတော် သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် အရှင်စန္ဒိမာ ကမိန့်ကြားတော်မူသည်။

သျှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်၌ နိုဝင်ဘာ ၂၇ ရက်နေ့တွင် သျှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ရန်အတွက် အုဋ်မြစ်ချ လှူဒါန်းခဲ့သည်။

“ဝိဇာတ မွေးနေ့ပွဲကို အကြောင်းပြုပြီး သျှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှာ ဓာတ်တော်မွေတော်ဟိုလင်း ပုံတူ တည်ဆောက်သွားမယ် မိုင်းဖုန်းဆရာတော် ကိုယ်တိုင် ဦးဆောင်ပြီးတော့ အုဋ်မြစ်ချမယ် မွေတော်ဟိုလင်း စေတီ နဲ့ တစ်ပုံစံတည်း တည်ဆောက်သွားမယ်” ဟု အုပ်ချုပ်ရေး နာယကဆရာတော် သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် အရှင်စန္ဒိမာ ကမိန့်ကြားတော်မူသည်။

သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် နှီးဘုရားကျောင်းဆောင်၌ သျှမ်းအရှေ့ပိုင်း ဗုဒ္ဓဘာသာဓလ့ဖြစ်သော ကံထပ် မင်္ဂလာဖြင့် အောက်စဖိုဒ့်ဆရာတော်ဘုရားကြီးအား ပူဇော်ခြင်း အခမ်းအနားရှိခဲ့ပါသည်။

“သျှမ်းပြည်အရှေ့ပိုင်းတွေရဲ့ ထုံးစံတိုင်း ဘုန်းဘုန်းကို ဇာတာမြင့် ပေးတဲ့အခမ်းအနားလဲ ရှိတယ်၊ ဝိဇာတမွေးနေ့မှာ ဆရာတော်ဘုရားကြီး အန္တရာယ်ကင်းရှင်းဖို့ သက်တော်ရာကျော်ရှည်စေဖို့ အတွက် ” ဟု အရှင်စန္ဒိမာ ကပြောသည်။

ဝိဇာတ မွေးနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်ဘုရား မွေးရပ်ဇာတိဖြစ်သော လဲချားမြို့၌ ပြည်သူ့ဆေးရုံလူနာဆောင် ဆောက်လုပ်လှူဒါန်းခြင်း ၊ မွေတော်ဟိုလင်း ဓာတ်တော်ပုံစံတူ ဖြစ် ဆောက်လုပ်လှူဒါန်းခြင်း၊ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၌ ပညာရေးပဒေသာပင် ဖြစ်သော Scholarship Fund& Lectureship Fund ရေစက်ချ လှူဒါန်းခြင်း ရှိမည်ဖြစ်ကြောင်းလည်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...