သျှမ်းရိုးရာအိုးစည်ဗုံမောင်းပေါ် ခုန်တက်တီးခတ်ကပြသည့် ရွှေကြက်ဖနှင့်လျှမ်းလျှမ်းတောက်အဖွဲ့ မန္တလေးသျှမ်းမိသားစုများထံ ၀န်ချတောင်းပန်

မန္တလေးမြို့တွင် သျှမ်းရိုးရာအိုးစည်ဗုံမောင်းပေါ်တက်ကာ အိုးစည်တီးကပြသော အဖွဲ့များအား မန္တလေး သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကြေငြာချက်ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံးသို့သွားကာ ၀န်ချတောင်းပန်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

“ဦးဝင်းနိုင် ဦးဆောင်တဲ့ ရွှေကြက်ဖ သျှမ်းအိုးစည်အဖွဲ့နဲ့ ဦးမြင့်ငွေ ဦးဆောင်တဲ့ လျှမ်းလျှမ်းတောက် သျှမ်းအိုး စည်အကအဖွဲ့တွေပေါ့။ ဒီလ ၁ ရက်နေ့တုန်းက ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မှာ သူတို့အကအဖွဲ့ သျှမ်းအိုးစည်တီး ကပြဖျော်ဖြေတယ်။ အိုးစည်ပေါ်တက်ပြီး ခုန်ပေါက်တီးခတ်ဖျော်ဖြေတယ်။ ဒါဟာ သျှမ်းရိုးရာနဲ့ဆန့်ကျင်တယ်ဆိုပြီး သျှမ်းလူထုရှေ့မှာလာရောက်ဝန်ချတောင်းပန်ဖို့ မန္တလေး သျှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့က ဂျန္နဝါရီလ ၁၃ ရက်နေ့ကကြေငြာချက်ထုတ်ပြန်တယ်။ အဲဒါကြောင့် ဒီနေ့ သူတို့ သျှမ်းစာပေယဉ်ကျေးမှုရုံးကိုလာပြီး အသင်းဥက္ကဌနဲ့ လူထုရှေ့မှာ ၀န်ချတောင်းပန်တာဖြစ်ပါတယ်”- ဟု ရုံးတာဝန်ခံ လက်ထောက်အတွင်းရေးမှူး ယိင်းမောက်နွံခေါ၀်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဂျန္နဝါရီလ ၁၅ ရက်နေ့က မန္တလေးသျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံးတွင် တွေ့ဆုံခဲ့ကြရာ မန္တလေး သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ စိုင်းဝင်းလှိုင် နှင့်အသင်း၏အကြီးအကဲအပါအဝင် မန္တလေးမြို့နေ သျှမ်းမိသားစုအသိုင်းအဝိုင်းမှ ရပ်မိရပ်ဖများ စုစုပေါင်း ၃၀ ခန့် တက်ရောက်ကြသည်။ ရွှေကြက်ဖ နှင့် လျှမ်းလျှမ်းတောက်အဖွဲ့ကမူ ကိုယ်စားလှယ် ၅ ဦးခန့်ရောက်ရှိ၀န်ချခဲ့ကြသည်။

“သူတို့ဘက်က မသိလို့မှားလုပ်မိတာဖြစ်ကြောင်း ကန်တော့ပွဲနဲ့အတူဝန်ချတောင်းပန်တယ်။ နောက်နောင်တွေမှာ ထပ်မဖြစ်အောင်သတိထားသွားမယ်ဖြစ်ကြောင်း ၊အခကြေးငွေကောက်ယူပြီးပြသ တာလည်းမဟုတ်ကြောင်း တောင်းပန်တယ်။ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့က အကြီးအကဲတွေကပြန်ပြောတာကတော့ -သျှမ်းအိုးစည်ကို တိုင်းရင်းသားတိုင်းက တီးလို့ရတယ်။ ကိုယ်ဟန်အမူအရာရယ် နှုတ်ဟန်အမူအရာရယ် သျှမ်းအိုးစည်ကို လေးစားရမယ်။ ကိုယ်ကျိုးမပါတဲ့တီးခတ်မှုမျိုး ဖြစ်ရမယ်။ ဒီအချက် ၂ ချက်အတိုင်းလုပ်ရင် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့ကလည်း ဘာမှ ပြောစရာမရှိဘူး လို့ ဥက္ကဌကြီးနဲ့ လူကြီးတွေကပြောဆိုသွားတယ်။ ”- ဟု ယိင်းမောက်နွံခေါ၀်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထိုသို့ဖြစ်ရပ်မျိုးထပ်မံမဖြစ်အောင် စာပေယဉ်ကျေးမှု၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ယဉ်ကျေးမှုဌာနဝန်ကြီး တို့ ချိတ်ဆက်လုပ်ဆောင်သွားရန်လိုအပ်သကဲ့သို့ အစိုးရဘက်ကလည်းတရားဝင်လက်ခံပေးဖို့လိုကြောင်း သျှမ်းလူငယ်လွယ်ခမ်းပန်က ပြောသည်။

“တိုင်းရင်းသားကာကွယ်စောင့်ရှောက်ရေးဥပဒေတွေမှာတရားဝင်ကာကွယ်ပေးရမယ်။ နိုင်ငံပိုင်ရုပ်သံလိုင်းကနေတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအစီစဉ်မှာပညာပေးဆွေးနွေးခန်းတွေ ဖျော်ဖြေရေးအစစ်အမှန်တွေလုပ်ပေးသင့်ပါတယ်။ စာပေယဉ်ကျေးမှုအနေနဲ့ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေတိတိကျကျချမှတ်ပြီးဟန်ချက်ညီညီလုပ်ဖို့လိုအပ်နေပါတယ်။ တနိုင်ငံလုံးဆိုင်ရာရှမ်းစာပေယဉ်ကျေးမှု ဗဟိုက ဒီလိုအငြင်းပွားမှုတွေကို ဖြေရှင်းဖို့လုပ်ငန်းအဖွဲ့တွေထားသင့်တယ်”- ဟု ၄င်းကဆိုပါသည်။

Photo by- SL&CA Mandalay

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

သျှမ်းပြည်တွင် မြေရှားသတ္တုလုပ်ကွက်ပေါင်း (၉၀) နီးပါးအထိ တိုးလာနေ

0
သျှမ်းပြည်အတွင်းရှိ မြေရှားသတ္တုတူးဖော်မှုများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန် တိုးချဲ့လာနေပြီး လက်ရှိတွင် မြေရှားသတ္တုတွင်း ၈၆ နေရာအထိ ရှိလာပြီ ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Stimson Center ၏ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားများအရ သိရသည်။ Stimson Center ၏ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံတစ်ဝန်းတွင် မြေရှားသတ္တုတွင်းပေါင်း ၆၀၀...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“ရိုးရာ စိုက်ပျိုးရေးတွေကို လက်ဆင့်ကမ်းမယ့် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတယ်”

0
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများမှာ သိန်းရာချီသည့် အကြွေးနွံထဲသို့ ရောက်ရှိနေပြီး သျှမ်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနှင့် ကုမ္ပဏီထုတ်မျိုးစေ့များအပေါ် မှီခိုနေရသည့် စနစ်ဆိုးများကြောင့် တောင်သူများမှာ ‘စပါးကျီမှ အကြွေးကျီ’...