ဘတ်ဂျတ် မလုံလောက်သဖြင့် မိုင်းပွန်ဟော်နန်းမပြုပြင်နိုင်သေး

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့ရှိ မိုင်းပွန်ဟော်နန်းကို အထင်ကရ ဆရာတော်ကြီးများဦးဆောင် ကာ ပြန်လည်ပြုပြင်မည်ဟုဆိုသော်လည်း ဘတ်ဂျတ်မလုံလောက်သေးသဖြင့် ပြန်လည်ပြုပြင် နိုင်ခြင်းမရှိ သေးကြောင်း သိရသည်။

” ဒီဟော်နန်းကိုပြင်ဖို့ ဆရာတော်ဘုရားကြီးတွေတော့ မကြာခဏလာကြည့်ပါတယ် ။ ဒါပေမယ့် ခုထိ အလှူငွေကောက်ခံထားတာ မလုံလောက်သေးဘူး။ ဒါကြောင့် ခုထိလည်း မပြင်နိုင်သေးပါဘူး” ဟု မိုင်းပွန်မြို့ သျှမ်းလူငယ် စိုင်းဝင်းထွေးက ပြောသည်။

သက်တမ်းနှစ်ပေါင်း ၁၃၀ ကျော်ရှိ မိုင်းပွန်ဟော်နန်းကြီးအား ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက် တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ ခေါ် စဝ်ဆုခမ်းနှင့် အောက်စ်ဖို့ ဗုဒ္ဓဝိဟာရ ဆရာတော် ဒေါက်တာ ခမ်းမိုင်ဓမ္မသာမိ တို့မှအလှူငွေ မ တည်ကာ ထပ်လောင်းအလှူငွေများခံယူမှုဖြင့် ပြန်လည်ပြုပြင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

“ယခင်က မိုင်းပွန်ဟော်နန်းမှာ ပေ ၂၈၀ ပတ်လည် ကျယ်ဝန်းပေမယ့် အခုတော့ ဟော်နန်းစိုက်တဲ့မြေ အကျယ် ဘဲကျန်တော့တယ်”- ဟု မိုင်းပွန်တော်ဝင်မျိုးနွယ် စဝ်သောင်းတင်ကပြောသည်။

မိုင်းပွန်ဟော်နန်းအား ပြန်လည်ပြုပြင်ပြီး ပြတိုက် အဖြစ်ထားရှိမည်ဟုလည်းဆိုသည်။ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းနှင့် မဟာဒေဝီ စဝ်နန်း ခင်သောင်းတို့တွင် သားသမီး ၆ ဦးရှိရာ စဝ်နန်းဆုနန္ဒာ၊ စဝ်ဆေဟုမ်၊ စဝ်ကိုင်ဖှ၊ စဝ်အုန်းညွန့်၊ စဝ်နန်းမြင့်ကြည်၊ စဝ်သောင်းတင် တို့ဖြစ်ပါသည်။

ထိုအနက်လက်ရှိတွင် ၃ ဦးသာကျန်နေကြောင်း စဝ်ဆေဟုမ်မှာ သြစတေးလျနိုင်ငံတွင် နေထိုင်ပြီး၊ စဝ်ကိုင်ဖှမှာ ရန်ကုန်မြို့တွင်နေထိုင်ကြောင်း ၊ စဝ်သောင်းတင်မှာ မိုင်းပွန်တွင်နေထိုင်လျက်ရှိကြောင်းသိရပါသည်။

အဆိုပါ မိုင်းပွန်ဟော်နန်းကြီး၏အရှင်သခင် စော်ဘွားကြီး စဝ်စံထွန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ် ဂဠုန်ဦးစော နှင့် အပေါင်းအပါတို့ လက်ချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရန်ကုန်မြို့ အတွင်းဝန်များရုံးတွင် ပစ်ခတ်ခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ရ ဦးတို့ နေရာတွင် ပွဲချင်းပြီးသေဆုံးကြသော်လည်း မိုင်းပွန်စော်ဘွားကြီး မှာ ရန်ကုန်ဆေးရုံကြီးသို့ တရက်ကြာဆေးကုသမှုခံယူပြီးမှ နတ်ရွာစံ တော်မူသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...