CATEGORY

မှုခင်း

မိုင်းပန်မြို့တွင် တရုတ်နိုင်ငံသား ကျားဖြန့် သမား (၃)ဉီးထပ်မံဖမ်းဆီးရမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလိမ်လည်သူ (ကျားဖြန့်) တရုတ်နိုင်ငံသား သုံးဉီး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ်အတွင်း မေ ၆ရက်နှင့် ၇ရက်အတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃)ဉီးကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ယနေ့ (မေ ၈)ရက် တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေ...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

တရုတ်ကျားဖြန့်သမား (၅၀)ကျော် မိုင်းပန်မြို့နယ်ထိရောက်

မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား (၅၂)ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် က သတင်းထုတ်ပြန်လာခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မိုင်းပန်မြို့၏ မြောက်ဘက် မိုင်း၂၀ အကွာ ကျိုင်းတောင်းမြို့ သွားရာလမ်းဘက် တောထဲတွင် အဆောက်အဦးအခိုင်အမာဆောက်လုပ်ပြီး အွန်လိုင်းလိမ်လည်မှုကို ပြုလုပ်နေသည့် ပုံနှင့်တကွ စစ်ကော်မရှင်ဘက် ယမန်နေ့...

တောင်ကြီး ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်လုယက်ခံရ

သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ပစ္စည်းများ လုယက်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၂) ရက် နေ့လည် ၁၁နာရီတွင် ရွှေဘုန်းပွင့်ဘုရား လမ်းအတက်တွင် နေ့လည်ခင်း အချိန်တွင် အမျိုးသားနှစ်ဦးမှ ဓာတ်ပုံလာရိုက်သည့် အမျိုးသမီးနှစ်ဦးထံသို့ ကပ်လာပြီး ဓားဖြင့်ထောက်ကာ ပါလာသည့် ပစ္စည်းများကို...

သံလွင်တံတား တာကော်ဂိတ်တွင် ခရီးသွားအမျိုးသမီးများကို သွားလာခွင့်ပိတ်ပင်ပြီး ငွေညှစ်တောင်းနေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင်း၊ မှတ်ပုံတင် သိမ်းဆည်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ယမန်နေ့ (မေလ ၃ ရက်) တွင် ကာလိမြို့နှင့် မိုင်းပျဉ်းမြို့ကြား သံလွင်မြစ်ကူး...

ရွာငံ-မန္တလေးလမ်းပိုင်းတွင် အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှု၊ ခရီးသွားတစ်ဦး ဓားထိုးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ရွာငံ-မန္တလေးလမ်းပိုင်းတွင် အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်မှုများ တစ်ပတ်လျှင် တစ်ကြိမ်ထက်မနည်း ဖြစ်ပွားနေပြီး ရွာငံမြို့သို့ ဆိုင်ကယ်ဖြင့် လာရောက်သော ခရီးသွား အမျိုးသားတစ်ဦးလည်း ဆိုင်ကယ်လုယက်ခံရသည့်အပြင် ဓားထိုးဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဧပြီလ တတိယပတ်အတွင်း မန္တလေးမြို့မှ ခရီးသွားအမျိုးသားတစ်ဦးသည် ရွာငံမြို့နယ် မြိုင်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ထိုင်းနယ်စပ်နှစ်ခုတွင် တစ်ရက်တည်း၌ မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ပြည်နယ် မယ်ဖားလုံခရိုင်အတွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ စိတ်ကြွရူးသွပ်ဆေးပြား (ယာဘ) ၂ သန်းကျော် သယ်ဆောင်လာသူ ၁၅ ဦးအား ပစ်ခတ်ဖမ်းဆီးပြီး မှောင်ခိုသမား ၂ ဦး သေဆုံးကြောင်း Chiang Mai News တွင်ဖော်ပြသည်။ ယမန်နေ့ (ဧပြီလ ၂၉ ရက်) နံနက်အစောပိုင်း...

လူငယ်များကြား Happy Pod မူးယစ်ဆေး ခေတ်စားလာ

သျှမ်းပြည်တွင် တားမြစ်ထားသည့် အီးစီးကရက်အပြင် “ Happy Pod” ဟုခေါ်သော မူးယစ်ဆေးပစ္စည်းများလည်း ရောင်းဝယ်သုံးစွဲမှုယခင်ကထက်ပိုများရှိလာကြောင်း စုံစမ်းသိရသည်။ မြန်မာနိုင်ငံတွင် အီးစီးကရက် နှင့် ဆက်စပ်ပစ္စည်းများကို တားမြစ်ကုန်စည်အဖြစ် သတ်မှတ်ထားပြီး၊ ရောင်းဝယ်သုံးစွဲလျှင် အရေးယူခံမည် ဖြစ်ကြောင်းကို စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၆ ခုနစ်ဖေဖော်ဝါရီ ၁၈...

ချင်းမိုင်တွင် ထိုင်းနိုင်ငံအမည်ခံပြီး ငွေကြေးခဝါချခိုင်းသည့် တရုတ်ဂိုဏ်းကို ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံသားများကို အလုပ်အကိုင်အတုများဖြင့် လှည့်ဖြားကာ ဖမ်းဆီးချုပ်နှောင်ပြီး အွန်လိုင်းငွေလိမ်မှုမှ ရရှိသောငွေများကို ငွေကြေးခဝါချခိုင်းနေသည့် တရုတ်ဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့ဝင်များကို ထိုင်းရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးလိုက်ကြောင်း Chiang Mai News တွင်ဖော်ပြသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) တွင် အမှတ်် (၅) ခရိုင်...

Latest news