သိန္နီမြို့ရဲစခန်းအနောက်ဘက် သုသာန်ဟောင်းတွင် ဗုံးပေါက်ကွဲ
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင်ဗုံးတလုံးပေါက်ကွဲပြီးနောက် ရဲများသွားရောက်စစ်ဆေးရှာဖွေရာ မပေါက်ကွဲသေးသည့်ဗုံးတလုံးပါထပ်မံတွေ့ရှိကြောင်းသိရသည်။ မတ်လ ၆ ရက်နေ့က သိန္နီမြို့ ရပ်ကွက် ၂ ရဲစခန်းအနောက်ဘက်ရှိ သုသာန်ဟောင်းတွင် ဗုံးတလုံးပေါက်ကွဲပြီးနောက် ရဲများသွားရောက်ရှာဖွေစစ်ဆေးရာ မပေါက်ကွဲသေးသည့်ဗုံးတလုံးထပ်မံတွေ့ရှိခြင်းဖြစ်သည်။ သိန္နီမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခင်ထားရီက - မှန်ပါတယ်။ လက်လုပ်ဗုံးပါ။ရဲစခန်းအနောက်ဘက်က ပေါက်ကွဲတာ။ လူတော့မထိဘူး။ သုသာန်ဟောင်းထဲပေါက်တယ်ဆိုတော့ လမ်းလည်းမပိတ်ပါဘူး။ လက်သည်လည်းမသိရဘူး။ရဲဘက်ကလည်းဘာမှမထုတ်ပြန်ဘူး။...
တောင်ကြီးမြို့တွင် ကိုးတန်းကျောင်းသူလေးအား ဓါးခုတ်ခဲ့သည့် တရားခံများ ဖမ်းမိ
တောင်ကြီးမြို့တွင်နဝမတန်းကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ကာ ဓါးဖြင့်ခုတ်ခဲ့သည့် ပြစ်မှုကျူး လွန်သူများမှာ အသက် ၁၈ နှစ်အောက်ကျောင်းသားလေးများဖြစ်နေကြောင်း သိရသည် ။ အဆိုပါဓါးခုတ်တရားခံကျောင်းသားလေးများအား မတ်လ ၅ ရက် က တောင်ကြီးမြို့နယ်မြေခံရဲများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် ၊ စန္ဒာလမ်းရှိ Twin Kid အနီးတွင် နဝမတန်းကျောင်းသူ တစ်ဦးအား...
တောင်ကြီးမြို့တွင် နဝမတန်းကျောင်းသူတစ်ဦးဓါး ခုတ်ခံရ
တောင်ကြီးမြို့ တွင် ၉ တန်းကျောင်းသူ တဦးဓါးခုတ်ခံရကြောင်းသိရသည်။ မင်္ဂလာဦးရပ်ကွက် ၊ စန္ဒာလမ်းရှိ Twin Kid အနီးတွင် (၁၄) နှစ်အရွယ် နဝမတန်းကျောင်းသူ တစ်ဦးအား အမျိုး သားနှစ်ဦးက ဆိုင်ကယ် ပေါ်မှဓါးဖြင့် ခုတ်၍ထွက် ပြေး လွှတ်မြောက်နေကြောင်းကာယကံ ရှင်အသိုင်းအဝိုင်းထံ မှသိရသည် ။ ထွက်ပြေးသွားသောအမျိုးသား(၂)ဦးအားတောင်ကြီးမြို့နယ်မြေရဲစခန်းတွင်...
လားရှိုးရိုးမဘဏ် ဗုံးပေါက်ကွဲမှု ဘဏ်ဝန်ထမ်း ၂ ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့လယ် ရပ်ကွက် ၂ ရှိ ရိုးမဘဏ်တွင် ဗုံးပေါက်ကွဲရာ ဘဏ်ဝန်ထမ်း ၂ ဦးသေဆုံး ကြောင်း သိရသည်။ ဖေဖော်ဝါရီ်လ ၂၁ ရက် ညနေ ၄ နာရီခွဲတွင် အမှတ် ၁ ရဲစခန်းနှင့်မျက်နှာချင်းဆိုင်ရှိ ရိုးဘဏ်နှင့် ဧရာဝတီဘဏ်ကြား ဗုံးတလုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ပေ...
တောင်ကြီးမြို့တွင် လုယက်မှုများဖြစ်ပွါး ကိုယ်ဝန်သည် အမျိုးသမီးအား လုယက်သည့်တရားခံမဖမ်းမိသေး
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကိုယ်ဝန်သည်အမျိုးသမီးထံမှ ပိုက်ဆံအိပ်လုယက်မှုဖြစ်ပွါးခဲ့သူအား ဖမ်းဆီးမိခြင်းမရှိသေးကြောင်းသိရသည်။ ဆိုးခိုးလုယက်မှုများဆက်တိုက်ဖြစ်ပွါးလာနေသော သျှမ်းပြည်မြို့တော် တောင်ကြီးတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့မနက်ပိုင်းက ရေအေးကွင်းရပ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အနီး၊ထိုင်ဝမ်မုန့်တိုက်လမ်းကြားတွင် ကိုယ်ဝန်သည် အမျိုးသမီးတဦး အားဆိုင်ကယ်သမား ၂ ဦးက ပိုက်ဆံအိတ် လုယက် မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကာယကံရှင် ကိုယ်ဝန်သည်အမျိုးသမီး မနော်နာစောက...
နောင်ချိုမြို့နယ် အတွင်း ဗုံးပေါက်ကွဲမှုများကြောင့် လုံခြုံရေးအတွက်ဒေခံများစိုးရိမ်
SHAN -
ဂျန္နဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီခန့်က ကျောက်မဲခရိုင်နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ ရဲစခန်းတွင် ဗုံးတလုံးပေါက်ကွဲမှုမှ တရားခံများဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် အသက်အိုးအိမ်လုံခြုံမှုအတွက် ဒေသခံများ စိုးရိမ်နေကြသည်ဟုဆိုသည်။ နောင်ချိုမြို့နယ် ကျားခေါင်းပါတီ SNLD မြို့နယ်ဥက္ကဌ စိုင်းအောင်မိန်းက “ ဗုံးက ကားမှာတွဲချိတ်ပြီး ပါလာတာ။ ရဲစခန်းနားရောက်တော့ ပေါက်ကွဲတယ်။...
မူဆယ်မြို့နယ်မှာ မိုင်းပေါက်ကွဲ ကျောင်းသား ၁ ဦးသေ ၄ ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ် မိုင်းပေါ်အုပ်စုမှာ မိုင်းပေါက်ကွဲလို့ မူလတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲကနေ ၄ နာရီအကြား ကျောင်းဆင်းချိန်မှာ မိုင်းပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေက ၀မ့်ဟိုနားရွာကနေ ကျောင်းလာတက်တယ်လေ။ မိုင်းက ကျောင်းနဲ့ရွာကြား...
ဘတ်ငွေ ၂ ထောင်ကြောင့် ချင်းမိုင်ရောက်ကျောက်မဲမြို့သား ၂ ဦးခိုက်ရန်ဖြစ်သတ်ဖြတ်
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ တရွာတည်းသား နှစ်ဦး ပိုက်ဆံ ၂ ထောင် ချေးယူကာ ဆိုင်ကယ်ဝယ်စီးရာမှ အချင်းချင်း အခြေအတင်စကားများပြီး ခိုက်ရန်ဖြစ်ပွါးရာကာ ဓါးထိုးသတ်မှု ဖြစ်ပွါးခဲ့သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီခန့်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ခရိုင် ဆန်ဆိုင်းမြို့နယ်...
မူးယစ်ဆေးသုံးစွဲသူလူငယ် မိခင်ကိုပြန်ရိုက်နှက်ရန်ရှာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် လူငယ်တဦး မိမိ၏မိခင်အား ရိုက်နှက်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာလ ရ ရက်မနက် ၉ နာရီက တန့်ယန်းမြို့နယ် မိုင်းပတ်အုပ်စု ၀မ့်ဆိုင်းရွာသား စိုင်းဆန်ခမ်း အသက် ၃၀ နှစ်သည် ၄င်း၏မိခင်ဖြစ်သူ ဒေါ်ပါ့ယိန်အား ရန်ရှာရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မိုင်းပတ်ဒေသခံ စိုင်းမွမ်းက - စိုင်းဆန်ခမ်းက...
မိုင်းရှူးမြို့ ကျေးလက်တခုအတွင်း ညသန်းခေါင် လက်နက်ကြီးကျ ကားတစီးနှင့် အိမ်တလုံးပျက်စီး
လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် မိုင်းအောတ် အုပ်စုတွင် နိုဝင်ဘာလကုန်က ညသန်းခေါင် ဒေသခံများ အိမ်မောကျနေချိန် လက်နက်ကြီး လက်နက်ငယ်များ ရွာအတွင်းသို့ ကျလာရာ နေအိမ်တလုံး၊ ကားတစီး ပျက်စီးကာ တရွာလုံး ထိပ်လှန့်ကြသည်ဟု ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၃၀ ရက်က မိုင်းရှူးမြို့အရှေ့မြောက်ဘက်ရှိ မိုင်းအောတ်အုပ်စု ကိန်းတောင်းရွာအတွင်းသို့ ...