Wednesday, January 28, 2026

တန့်ယန်း ထော်လာဂျီကားတစ်စီးတိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၇ ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ရပ်ကွက် ၇ အတွင်းတွင် ကျောက်တောင်သို့ သဲ၊ ကျောက် သွားသယ်ရန် သွားသော ထော်လာဂျီကားတစ်စီး တိမ်းမှောက်ပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ၇ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။

တန့်ယန်း ထော်လဂျီ တိမ်းမှောက်

ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်း ၈ နာရီခွဲတွင် ရေဆိပ်လမ်းမှ ကျောက်တောင်သွားလမ်း ပေါ် ကုန်းဆင်းတစ် နေရာတွင် ထော်လာဂျီကား ဘရိတ်ပေါက် တိမ်းမှောက်ခဲ့ပြီး ထော်လဂျီပေါ်မှ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၃) အနက် အသက် (၃၀) နှစ် ပတ်ဝန်းကျင် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ရင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

တန့်ယန်း ထော်လဂျီတိမ်းမှောက်

“ သူတို့ ရပ်ကွက် (၇) ကနေ ကျောက်တောင်ကို ကျောက်သွားသယ်ဖို့ သွားတာ။ ရပ်ကွက် (၇) နဲ့ ကျောက်တောင် ကြားအဆင်းတစ်နေရာမှာ လမ်းကလည်း မကောင်းတာနဲ့ ကားပရိတ်ပေါက်ပြီး ထိုးကျသွားတာ။ အမျိုးသား (၃) ယောက်၊ အမျိုးသမီး (၃)ထဲက တစ်ယောက်ကတော့ ဆုံးသွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူအားလုံးကိုတော့ ဆေးရုံကို ပို့ထားတယ် “ ဟု ၎င်း တာဝန်ခံရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုထဲမှာ ကားမောင်းနှင်သူ ကားဆရာတစ်ဦးမှာ စိုးရိမ်ရသော ထိခိုက်ဒဏ်ရာရခဲ့ပြီး သတိမေ့နေသဖြင့် တန့်ယန်းဆေးရုံပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သိရသည်။

ထို့အပြင် ရပ်ကွက် (၇) နှင့် ကျောက်တောင်ကြား အဆင်းလမ်းတစ်နေရာတွင် ကားလမ်းအချို့ ပျက်စီးနေသဖြင့် သတိထားမောင်းနှင်စေလိုကြောင်း ၎င်းကထပ်လောင်းပြောသည်။

ယခုနှစ် အတွင်း တန့်ယန်းမြို့နယ်အတွင်း ယာဥ်တိုက်မှု (၅)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို

0
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့်...

တန့်ယန်းမြို့အတွင်း KTV နှင့် အနှိပ်ခန်း ပေါများလာ

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် နှစ်နှစ်ကျော်ကာလအတွင်း ကေတီဗွီ (KTV)နှင့် အနှိပ်ခန်းများ ပေါများလာကြောင်း ဒေသခံပြောဆိုချက်အရ သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခုလက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးတွဲထိန်းချုပ်ထားသည့် တန့်ယန်းမြို့တွင် ကေတီဗွီ KTV နှင့် အနှိပ်ခန်းများ ပေါများလာပြီး...

တန့်ယန်းမြို့ထဲ ဆိုလာပြားဘတ်ထရီမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်တွင် ဆိုလာပြားဘက်ထရီ လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင် ဆိုလာပြားဘတ်ထရီမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့...