CATEGORY

မှုခင်း

ယာဥ်စည်းကမ်း လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု ထိုင်းအာဏာပိုင် ထုတ်ပြန်

ထိုင်းနိုင်ငံ အတွင်း ကား / ဆိုင်ကယ် ယာဥ်စည်းကမ်းများ လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၉) ရက် မှစတင်ပြီး ထိုင်းအာဏာပိုင်ဘက်မှ ယာဥ်စည်းကမ်းများကို ထုတ်ပြန်ထားကြောင်း Chiangmai News သတင်းဌာနမှ ထုတ်ပြန်ထားသည်။ “ထိုင်းအာဏာပိုင်တွေ ခုရက်ပိုင်း စည်းကမ်းတွေ...

မူဆယ် လောင်းကစားရုံ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲ

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက် (၁) လမ်းတွင် ဖွင့်လှစ်နေသော လောင်းကစားရုံ တစ်ခု၌ ဗုံး ၂ လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ကြောင်း စုံစမ်း သိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၉) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့ စွမ်စော်...

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ရွှေဆိုင်ကို ဓားပြတိုက်သည့်အမျိုးသား တာချီလိတ်ဘက်ခြမ်းတွင် ဖမ်းဆီးရမိ

ထိုင်း - မြန်မာ နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ရွှေဆိုင် တစ်ဆိုင်တွင် ဓားပြတိုက်ခဲ့သည့် အမျိုးသား တစ်ဦး ကို မြန်မာဘက်ခြမ်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၂၆) ရက်က အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦး...

ရပ်စောက်က တပ်သား ၂၀ ကျော် လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ - ၅၀၈) တပ်သား ၂၀ ကျော်တို့သည် လက်နက်ခဲယမ်း နှင့်အတူ ထွက်ပြေးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ရပ်စောက်မြို့ အဝင်ရှိ စစ်ကောင်စီတပ်...

လဲချားလူငယ် တစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ် လဲချားမြို့တွင် နေထိုင်သည့် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး (၁၀) ရက်ကျော်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့ မနက် (၉) နာရီခန့်က နေအိမ်မှ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။ “ဒီနေ့ထိတော့...

မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးက အိမ်နီးချင်း သားအမိ နှစ်ဦးကို ဓားဖြင့်ခုတ်၊ ကလေးငယ် သေဆုံးမှုဖြစ်

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် တာလေမြို့ နားယောင်းအုပ်စု ရန်အောင်ကျေးရွာတွင် မူးယစ်ဆေးဝါး အလွန်အကျူး သုံးစွဲသည့် အမျိုးသား တစ်ဦးသည် အိမ်နီးချင်း သားအမိ ၂ ဦးကို ဓားဖြင့်ခုတ်ရာ ကလေးငယ် တစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက် ညနေ ၉...

တန့်ယန်းမြို့ လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှုများလာပြီး ခိုးမှုများပြားလာ

သျှမ်းပြည် လားရှိုးခရိုင် တန့်ယန်းမြို့နယ် တန့်ယန်းမြို့တွင် လူငယ်များ မူးယစ်ဆေးဝါး သုံးစွဲမှု များလာပြီး ခိုးမှုလည်း များလာကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီကျော် လူများသည့်အချိန်တွင် တန့်ယန်း မြို့လယ်ခေါင် အောင်မေတ္တာ ဖုန်းဆိုင်ထဲသို့ လူငယ်တစ်ဦး ဖုန်းလာဝယ်သည့်ပုံ...

မြန်မာ – တရုတ်နယ်စပ် လွယ်ဂျယ် အရက်သောက်ရာမှ လူ (၁၀) ဦး သေဆုံး

မြန်မာ - တရုတ်နိုင်ငံ နယ်စပ်ဖြစ်သည့် ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့တွင် အရက်သောက်သုံးရာမှ (၁၀) ဦး သေဆုံးကာ (၂) ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း (ဇန်နဝါရီ ၃) ရက်၏ သတိပေးစာထုတ်ပြန်ချက်အရ သိရသည်။ လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက် တရုတ် ရိုးရာယဉ်ကျေးမှုခန်းမ ဆိုင်ခန်းတွင်...

ကျောက်မဲမြို့လယ်ခေါင် အမျိုးသမီးငယ်တစ်ဦး ဓားပြတိုက်ခံရ၊ ဆိုင်ကယ်ပါသွား

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ကျောက်မဲမြို့ ရပ်ကွက် ၈ မြို့လယ်ခေါင်တွင် ယနေ့ ( ဇန်နဝါရီ ၄)ရက် ညနေ ၅နာရီခွဲတွင် အမျိုးသမီးငယ်တစ်ဦး ဓားပြတိုက်ခံရပြီး ဆိုင်ကယ် တစ်စီးပါသွားကြောင်း သတင်းရရှိသည်။ ကျောက်မဲမြို့ မြို့လယ်ခေါင် ရပ်ကွက် (၈) မုံလာခြံ ရွှေစေတီဘုံ ပစ္စည်းထားသည့်အနီးတွင်...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဈေးတွင်း ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဆိုက်ခေါင်ဈေးအတွင်း ဖွင့်လှစ်ထားသော ရွှေနဒီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄၀ ကျပ်သားခန့် ပါသွားကြောင်း စုံစမ်း သိရှိရသည်။ ဆိုက်ခေါင်စံပြကျေးရွာ ယနေ့ (ဇန်နဝါရီ ၄ ) ရက် နံနက် ၉ နာရီခွဲခန့်တွင် ဆိုက်ခေါင်ဈေးအတွင်းသို့ ဖွင့်လှစ်ထားသော ရွှေနဒီ...

Latest news