မီးလောင်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ

သျှမ်းပြည် တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် ဘုရားဖြူကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ရာမှ မီးထဲသံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကိုရင်တစ်ပါး ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

မီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်

ယမန်နေ့ (ဧပြီ ၁၉) ရက် ည (၉) နာရီကျော်က မီးလောင်မှုဖြစ်ပွားပြီး သက်တော် (၇၀) ခန့်ရှိ ဆရာတော်တစ်ပါး မီးထဲ ပျံလွန်တော်မူသွားပြီး ကိုရင်တစ်ပါး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ဆေးကုသမှု ပို့ဆောင်ထားကြောင်း သိရသည်။

“ကျောင်းက ၂ ထပ် ကျောင်းဆောင်ဖြစ်တယ်။ တစ်ကျောင်းလုံး မီးလောင်သွားတယ်။ ကျောင်းတိုင်တွေပဲ ကျန်တော့တယ်။ တစ်ကျောင်းလုံး ပြာဖြစ်သွားကုန်ပြီ။ ဆရာတော် တစ်ပါး ပျံလွန်တော်မူ သွားပြီးတော့ ရုပ်အလောင်းတောင် ကောက်လို့မရဘူး။ ကိုရင်တစ်ပါးက ကျောင်းပေါ်ကနေ ခုန်ဆင်းတဲ့အတွက် ခြေထောက်ကျိုးသွားတယ်” ဟု ရပ်စောက်မြို့မှ သွားရောက်ကူညီပေးသည့် မဇ္ဇျိမ အသင်း မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားခြင်းသည် ဘုရားမီးပူဇော်ရာမှ စပြီး မီးလောင်မှုဖြစ်ပွားခြင်း သို့မဟုတ် လျှပ်စစ် ဝါယာရှော့ခ်ဖြစ်ပွားခြင်း ဖြစ်နိုင်ကြောင်း အသေးစိတ် အချက်လက်များကို မသိရှိရသေးပေ။

မီးလောင်ပျက်စီးသွားသည့် ကျောင်းဆောင်

“မီးက ဘယ်ကနေ စလောင်လဲဆိုတာကိုတော့ အသေးစိတ် အချက်လက် မသိရသေးဘူး။ ဘုရားမီး ကနေဖြစ်တာလား ဝါယာရှောခ့် ကနေဖြစ်တာလား မပြောတတ်ဘူး။ မီးညွှန့်အရမ်းကြီးတော့ (၄၅) မိနစ်လောက် မီးလောင်သွားတယ်။ အဲ့ကျောင်းထဲမှာ သံဃာ (၂) ပါးပဲ ရှိတယ်။ တခြား ကျောင်းဆောင်တွေတော့ သံဃာတွေ ရှိတယ်” ဟု ရပ်စောက်မြို့မှ သွားရောက်ကူညီပေးသည့် မဇ္ဇျိမ အသင်း မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတုန်းကလည်း သီပေါမြို့နယ် စံဖိတ်ကျေးရွာရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ရာမှ အသက် (၁၁) နှစ်အရွယ် ကိုရင်တစ်ပါး မီးထဲ ပျံလွန်တော်မူ သွားခဲ့သည်။

၂၀၂၃ ခုနှစ်မှ စတင်ပြီး ယခု ဧပြီလအထိ သျှမ်းပြည်တွင်း မီးလောင်မှုကြောင့် နေအိမ်များ နှင့် ဘုန်းကြီးကျောင်းများ (၁၀၀) နီးပါး မီးလောင် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အပါအဝင် သျှမ်းပြည်တွင်း လျှပ်စစ်မီး ပုံမှန် မရရှိသောကြောင့် မီးများ မကြာခဏ ပျက်ပြီး လျှပ်စစ် ဝါယာရှောခ့်များ ဖြစ်ပွားကာ မီးလောင်မှုများ ဖြစ်ပေါ်စေခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...