လဲချားမြို့ အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံရ
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့ ရပ်ကွက် (၅) ဟိုရင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံနေရကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၅ ရက်) မနက် ၈ နာရီ အချိန်မှစပြီး ၎င်း အမျိုးသမီးငယ်တစ်ဦး နေထိုင်သည့် ဟိုရင်ရွာ နေအိမ်အနီးရှိ ဟိုနောင်လုံကန်တွင်...
သံဃာတော် မောင်းနှင်လာသည့် ကားတစ်စီး တိမ်းမှောက်
သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ် နမ့်ပန်ရွာရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် သံဃာတော်တစ်ပါး မောင်းနှင်လာသော ကားတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း စုံစမ်း သိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၅ ရက်) မနက်ပိုင်း ၉ နာရီအချိန်၌ ရွာငံမြို့ မှ မိုးမိတ်မြို့သို့ သွားရောက်...
ညောင်ရွှေအကျဥ်း ထောင်ဖောက်ထွက်ပြေးမှု တစ်ဦးသေ ၁၀ ဦးလွတ်၊ အရှင် ၂ ဦးပြန်ဖမ်းမိ
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ညောင်ရွှေမြို့ရှိ တောင်လေးလုံး အကျဥ်းထောင်မှ အကျဥ်းသား ၁၃ ဦး ထောင်ဖောက်ထွက်ပြေးရန် ကြိုးစားခဲ့ပြီး ၁၀ ဦး လွတ်မြောက်သွားပြီး၊ သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ ၂ ဦးကို ပြန်လည်ဖမ်းခံမိကြောင်း စုံစမ်း သိရသည်။ ယနေ့ (မတ်လ ၁၄)...
နမ့်လန်မြို့ နှစ် ၁၀၀ ဘုရားပွဲအတွင်း သူခိုးသောင်းကျန်းနေ
သျှမ်းပြည် ကျောက်မဲခရိုင် ၊နမ့်လန်မြို့ တွင် ကျင်းပသည့် နှစ် ၁၀၀ ဘုရားပွဲထဲတွင် သူခိုးများသောင်းကျန်နေသဖြင့် ဘုရားဖူးပြည်သူများသတိရှိကြရန် ဒေသခံများက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် မတ်လ ၁၂ ရက် နမ့်လန်မြို့ တွင် ကျင်းပသည့် နှစ် ၁၀၀ ဘုရားပွဲထဲအတွင်း အမျိုးသမီးတစ်ဦး သစ်သီးဝယ်ရန် လုပ်နေစဥ်...
တာချီလိတ်တွင် အမျိုးသားတစ်ဦး ဦးခေါင်းအရိုက်ခံရ
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့ သျှမ်းရိုးမကွင်း နောက်လမ်းကြားတွင် ယမန်နေ့ (မတ်လ ၁၀ ရက်) မွန်းလွဲပိုင်း (၃) နာရီခွဲတွင် အမျိုးသားတစ်ဦး အရိုက်ခံထားရပြီး ဦးခေါင်း ထိခိုက်ဒဏ်ရာရရှိကာ သတိမေ့လဲနေကြောင်း စုံစမ်းသိရှိရသည်။ “ အရိုက်ခံရတဲ့ ဒဏ်ရာက အတော်ပြင်းတယ်ဗျ။ ဦးခေါင်းမှာ တုတ်ချောင်းနဲ့ ရိုက်ခံထားရတဲ့...
မိုင်းပန်မြို့တွင်း ကြက်သွန်ဖြူ ခိုးသည့် အဆင့်ရောက်နေ
စစ်တပ် အာဏာသိမ်းပြီး ၂ နှစ် ကာလအတွင်း စီးပွားရေး ပိုမိုကျဆင်းလာသည့် အတွက်ကြောင့် သူခိုးတွေများပြားလာပြီး သျှမ်းပြည် လင်းခေးခရိုင် ၊ မိုင်းပန်မြို့နယ်အတွင်း ကြက်သွန်ဖြူ ခိုးယူမှု များလာကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မတ် ၉) ရက် ညနေပိုင်းတွင် မိုင်းပန်မြို့ ဝမ်နေ ရပ်ကွက်တွင်းရှိ...
ကျောက်မဲ စစ်ရှောင် ဒေသခံတစ်ဦး ယာဉ်တိုက်ခံရပြီး၊ ခွဲစိတ်ကုသရန်လိုအပ်
သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် ဝမ့်မိုင်ကျေးရွာ စစ်ရှောင် အမျိုးသားတစ်ဦးသည် ယာဉ်တိုက်ခံထားရပြီး ခွဲစိတ်ကုသရန် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဆိုင်ကယ် တိုက်ခံထားရသည့် အသက် ၅၅ နှစ် လုံးအောင်ဆာသည် ဦးခေါင်းကွဲ နှင့် ခြေထောက်တစ်ဖက်ကျိုး ဒဏ်ရာရရှိခဲ့ကာ သီပေါဆေးရုံ၌ ဆေးဝါး ကုသခံယူနေရပြီး လာမည့်...
မူဆယ်မြို့ရှိ ဟိုတယ်တစ်ခုရှေ့တွင် ဗုံးပေါက်
သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ရှိ ဟိုတယ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၇) ရက် ည ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ရှောင်လမ်း စိုးသစ္စာ ဆီဆိုင်အနီးရှိ 69 Hotel ၌ အမျိုးသား တစ်ဦး ဗုံးဖြင့် လာရောက်ပစ်ခတ်သဖြင့် ပေါက်ကွဲမှုဖြစ်ပြီး ဆိုင်ကယ်နှစ်စီး...
သီပေါတံတားပေါ်မှ ခုန်ချခဲ့သည့် အမျိုးသားတစ်ဦး ရှာမတွေ့သေး
သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့ သီပေါတံတားပေါ်ကနေ ယမန်နေ့ (မတ်လ ၆ ရက်) နေ့လည်ပိုင်း အချိန်က အမျိုးသားတစ်ဦး ခုန်ချခဲ့ကြောင်း သတင်းသိရှိရသည်။ အဆိုပါ သီပေါတံတားပေါ်မှ ခုန်ချခဲ့သည့် အမျိုးသားတစ်ဦးသည် သီပေါမြို့ အုတ်ကျင်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ယနေ့အချိန်ထိ ရှာမတွေ့သေးကြောင်း သီပေါလူငယ်ကူညီရေးအသင်းမှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...
လားရှိုး ရွှေတောင်တန်း စက်ရုံ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား
သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ ရပ်ကွက် ၁၀ အတွင်းရှိ ရွှေတောင်တန်း ရေသန့်စက်ရုံတစ်ခု လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ မတ်လ ၄ ရက် နံနက် ၂ နာရီမှ စတင်ပြီး ရွှေတောင်တန်း ရေသန့်စက်ရုံတစ်ခုသည် လျှပ်စစ်ဝါယာကြိုးအဟောင်း ရှော့ခ်ဖြစ်ရာကနေ မီးလောင်မှု...





