လားရှိုးအမှတ် (၂) ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ်ရှိ အမှတ် (၂) ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး နောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့တို့က မြို့တွင်း စစ်ဆေးမှု တင်းကြပ်စွာ လုပ်ဆောင်လာကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့

ယမန်နေ့ ဇွန်လ ၆ ရက် နံနက်ပိုင်း မှ စတင်ကာ လားရှိုးမြို့ဝင်/ မြို့ထွက် နေရာများ နှင့် မြို့တွင်း လမ်းဆုံ လမ်းခွနေရာများ၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် စစ်အင်အားဖြင့် စစ်ဆေးမှုကို တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း အမည်မဖော်လိုသူ အသက် ၃၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မြို့ဝင်နားက စစ်ဆေးရေးဂိတ်ဆိုရင် ပိုပြီးတော့ စစ်တာကြမ်းတယ်၊ မှတ်ပုံတင်တောင်းတယ်၊ ပြီးတော့ ဖုန်းကို ယူစစ်တယ်၊ Messenger တွေ Chat Box တွေ အကုန် စစ်ကြည့်တယ်။ ကားဆိုလည်း အောက်ပိုင်းထိ စစ်ကြည့်တာ။ အချိန်လည်း တော်တော်ယူတယ်” ဟု လားရှိုးမြို့တွင်း စစ်ဆေးကြမ်းနေမှုကို အသက် ၃၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့တွင်း စစ်ဆေးရေးမှုများတွင် စစ်သားအပြင် ရဲများလည်း ပါရှိကြောင်း ဒေသခံများက ဆက်ပြော သည်။

ယင်းကဲ့သို့ စစ်ဆေးမှု တင်းကြပ်ခြင်းသည် ဇွန်လ ၅ ရက်တွင် ဖြစ်ပွားသည့် လားရှိုးမြို့ အမှတ် (၂) ရဲစခန်း နှင့် ရပ်ကွက် (၅) ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ၅၀၇ တို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တို့က စစ်ဆေးမှုကို တင်းကြပ်စွာ လုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆက်ပြောသည်။

“မနေ့က လားရှိုးမြို့မှာပဲ သူတို့ စခန်း နှစ်နေရာ တိုက်ခိုက်ခံရတော့ လုံခြုံရေးပိုင်းကို ပိုပြီးတော့ တင်းကြပ် လာတဲ့ သဘောပေါ့။ အိတ်တွေ ဖုန်းတွေ အကုန်စစ်တော့ သူတို့လည်း တော်တော်ကြောက်သွားပုံရတယ်” ဟု အထက်ပါ လားရှိုး ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ဇွန်လ ၅ ရက် နံနက်ပိုင်း ၃ နာရီဝန်းကျင်တွင် လားရှိုးမြို့လယ်၊ ကန်မိန်းကျောင်းအတွင်းသို့ ကိုးကန့်တပ်ဖွဲ့ (MNDAA ) က ဝင်ရောက်လာပြီး ရပ်ကွက် ၁၂ ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၂) ရဲစခန်းကို ပစ်ခတ် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်တွင် သိန္နီမြို့နယ်အတွင်း နှင့် သိန္နီမြို့အဝင် တံတားနား၌ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ နှင့် လားရှိုးမြို့တွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက် နှင့် ၂ ရက်အထိ ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့်အတူ မိုင်းလားမြို့ ၌ စစ်ကောင်စီ လက်အောက်ခံ NSPNC နှင့် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့သည် တစ်နှစ်ကြာ အပစ်ရပ်ထားကြောင်း ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိ အချိန်ထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်မှု ရှိနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...