သိန္နီမြို့ဒေသခံ လူငယ် ၂ ဦး ၁၀ ရက်ကြာ ပျောက်ဆုံးနေ

သျှမ်းပြည် လားရှိုးခရိုင် သိန္နီမြို့နယ် ဒေသခံ လူငယ် ၂ ဦး လားရှိုးမြို့သို့ ပိုက်ဆံသွားကောက်မည်ဟုဆိုပြီး ၁၀ ရက်ကျော်ကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

ပျောက်ဆုံးသွားသည့် လူငယ် (၂) ဦး

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် သိန္နီမြို့မှ လားရှိုးမြို့သို့ Wish ကားတစ်စီးဖြင့် သွားခဲ့ပြီး ယနေ့ထိ ဖုန်းအဆက်သွယ် မရရှိတော့ကြောင်း သိရသည်။

“ဒီနေ့ထိ ဖုန်းအဆက်သွယ် မရတော့ဘူး။ အဲ့နေ့က လားရှိုးသွားပြီး ပိုက်ဆံသွားယူမယ်ဆိုပြီး ကျနော်နား ကားလာငှားသွားတာ။ အဲ့ညထိ ဖုန်းဆက်လို့ရသေးတယ်။ နောက်နေ့ရောက်တော့ ဖုန်းဆက်လို့ မရတော့ဘူး။ ပျောက်သွားတဲ့ ၂ ယောက်လုံးက ကျနော်အသိတွေပဲ။ တစ်ယောက်က ကျနော့်တူလေး တစ်ယောက်က ကျနော်သူငယ်ချင်းဖြစ်တယ်” ဟု အဆိုပါ ပျောက်ဆုံးသွားသူနဲ့ ရင်းနှီးသူက ပြောသည်။

အဆိုပါ ပျောက်ဆုံးသွားသူသည် အသက် (၂၁) နှစ်အရွယ် စိုင်းဟန်ဖ နှင့် အသက် (၁၉) နှစ်အရွယ် စိုင်းဟန်လင်း တို့ဖြစ်ပြီး ၊ ၎င်း ၂ ဦးသည် လားရှိုးမြို့ ရောက်ရှိသွားချိန်တွင် ရပ်ကွက် ၅ အတွင်းရှိ စားသောက်ဆိုင်ထဲဝင်စားပြီးနောက် သိန္နီမြို့သို့ ပြန်လာချိန်တွင် ပျောက်ဆုံးသွားကြောင်း သိရသည်။

“ သူတို့ လားရှိုးရောက်သွားတော့ သူတို့ သူငယ်ချင်းတစ်ယောက်ကို ခေါ်လိုက်တယ်တဲ့။ ပြီးတော့ ရပ်ကွက် (၅) မှာရှိတဲ့ စားသောက်ဆိုင်မှာ ဝင်စားသွားတယ်တဲ့။ ဆိုင်ကနေ ပြန်ထွက်လာပြီးကတည်းက ပျောက်သွားတာ။ လုံးဝ အဆက်သွယ် မရတော့ဘူး” ဟု အထက်ပါသူက ပြောသည်။

ထိုသို့ပျောက်ဆုံးသွားသည့်အတွက်ကြောင့် လက်နက်ကိုင်တပ်ဖွဲ့များက ဖမ်းဆီးသွားမှာကို စိုးရိမ်နေကြသည်။

“အဲ့ဘက်မှာကလည်း လက်နက်ကိုင်တွေလည်း များတယ်လေ။ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်ထဲတော့ မေးမြန်းထားတာရှိပါတယ်။ ကျနော်နဲ့တော့ ပြဿနာဖြစ်တာမျိုးတော့ မရှိဘူး။ လက်နက်ကိုင်တွေ ဖမ်းသွားမှာကို စိုးရိမ်တာပေါ့” ဟု ပျောက်ဆုံးသွားသူ နှင့် ရင်းနှီးသူက ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ဒုတိယပတ်အတွင်းတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က လားရှိုးမြို့အတွင်း တပ်သားစုဆောင်းရန်အတွက် လူငယ်များကို လာရောက်ဖမ်းဆီးသွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...