MNDAA ထိန်းချုပ်နယ်မြေရှိ ယာယီတရားခုံရုံး ပြည်သူ (၄) ဦးကို အများပြည်သူရှေ့ တရားစီရင်ချမှတ်

သျှမ်းပြည် မုံးကိုးခရိုင် MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း ပြည်သူ (၄) ဦးကို ပြန်ပေးဆွဲမှု နှင့် ရာဇဝတ်မှုကျူးလွန်သဖြင့် တရားဥပဒေ အရ တရားစီရင် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်သူ (၄) ဦး

ပြီးခဲ့သည့် ဇွန် (၅) ရက်တွင် မုံးကိုးခရိုင် ပန်ဆိုင်းဒေသအတွင်း လက်နက်ကိုင် ပြန်ပေးဆွဲခြင်း နှင့် လူသတ် ရာဇဝတ်မှု ဂိုဏ်းကို ဖမ်းဆီးပြီး အထူးဒေသ (၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားခုံရုံး၌ သက်ဆိုင်ရာ ပြစ်မှု အသီးသီးဖြင့် တရားစီရင်ခဲ့ကြောင်း The Kokang က ထုတ်ပြန်ထားသည်။

အဆိုပါ (၄) ဦးသည် လီအင်ဖူ၊ ဟုတ်ချင်ပန်း၊ ရန်မင်ဟွေ နှင့် အိုက်မောင် တို့ဖြစ်ပြီး လီအင်ဖူ ဆိုသူသည် ဦးဆောင်ပြီး ပြန်ပေးဆွဲခြင်း၊ လူရောင်းဝယ်ခြင်း နှင့် လူသတ်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်းလည်း သိရသည်။

အများပြည်သူရှေ့ တရားစီရင်

လီအင်ဖူ နှင့် ဟုတ်ချင်ပန်း တို့သည် စစ်ကောင်စီလက်အောက်ခံ မုံးကိုးပြည်သူ့စစ် တပ်ဖွဲ့ဝင်များလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို အမျိုးသား (၄) ဦးသည် မှုခင်း (၁၃) မှု ကျူးလွန်ခဲ့ပြီး တရုတ် လူမျိုး (၁၄) ဦးကို ပြန်ပေးဆွဲပြီး မူဆယ်လိမ်လည် ကုမ္ပဏီ သို့ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုအမှု နှင့် ပတ်သက်သော ငွေကြေး တရုတ်ငွေ ၄ သိန်း ၈ သောင်း မြန်မာငွေ ကျပ် သိန်း (၃၈၀) ရရှိပြီး မျှဝေသုံးစွဲကြောင်း ထုတ်ပြန်ထားသည်။

ခေါင်းဆောင်ဖြစ်သူ လီအင်ဖူ ကို ပြန်ပေးဆွဲမှု နှင့် လူရောင်းချမှု ကြောင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခြင်း၊ ဟုတ်ချင်ပန် နှင့် ရန်မင်ဟွေ ဆိုသူကို ပြန်ပေးဆွဲမှု ၊ လူရောင်းချမှုကြောင့် ထောင်ဒဏ် (၈) နှစ်ချမှတ်ပြီး အိုက်မောင်ဆိုသူကို အဖွဲ့ဝင်အတွက် အဓိက အချက်လက် ပေးခြင်း နှင့် ကြံရာပါ ခြင်းဖြစ်သည့်အတွက် ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ကြောင်း The Kokang က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...