Wednesday, January 28, 2026

MNDAA ထိန်းချုပ်နယ်မြေရှိ ယာယီတရားခုံရုံး ပြည်သူ (၄) ဦးကို အများပြည်သူရှေ့ တရားစီရင်ချမှတ်

သျှမ်းပြည် မုံးကိုးခရိုင် MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ အတွင်း ပြည်သူ (၄) ဦးကို ပြန်ပေးဆွဲမှု နှင့် ရာဇဝတ်မှုကျူးလွန်သဖြင့် တရားဥပဒေ အရ တရားစီရင် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ပြစ်မှုကျူးလွန်သူ (၄) ဦး

ပြီးခဲ့သည့် ဇွန် (၅) ရက်တွင် မုံးကိုးခရိုင် ပန်ဆိုင်းဒေသအတွင်း လက်နက်ကိုင် ပြန်ပေးဆွဲခြင်း နှင့် လူသတ် ရာဇဝတ်မှု ဂိုဏ်းကို ဖမ်းဆီးပြီး အထူးဒေသ (၁) အုပ်ချုပ်ရေးအဖွဲ့ ယာယီတရားခုံရုံး၌ သက်ဆိုင်ရာ ပြစ်မှု အသီးသီးဖြင့် တရားစီရင်ခဲ့ကြောင်း The Kokang က ထုတ်ပြန်ထားသည်။

အဆိုပါ (၄) ဦးသည် လီအင်ဖူ၊ ဟုတ်ချင်ပန်း၊ ရန်မင်ဟွေ နှင့် အိုက်မောင် တို့ဖြစ်ပြီး လီအင်ဖူ ဆိုသူသည် ဦးဆောင်ပြီး ပြန်ပေးဆွဲခြင်း၊ လူရောင်းဝယ်ခြင်း နှင့် လူသတ်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်းလည်း သိရသည်။

အများပြည်သူရှေ့ တရားစီရင်

လီအင်ဖူ နှင့် ဟုတ်ချင်ပန်း တို့သည် စစ်ကောင်စီလက်အောက်ခံ မုံးကိုးပြည်သူ့စစ် တပ်ဖွဲ့ဝင်များလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို အမျိုးသား (၄) ဦးသည် မှုခင်း (၁၃) မှု ကျူးလွန်ခဲ့ပြီး တရုတ် လူမျိုး (၁၄) ဦးကို ပြန်ပေးဆွဲပြီး မူဆယ်လိမ်လည် ကုမ္ပဏီ သို့ ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထိုအမှု နှင့် ပတ်သက်သော ငွေကြေး တရုတ်ငွေ ၄ သိန်း ၈ သောင်း မြန်မာငွေ ကျပ် သိန်း (၃၈၀) ရရှိပြီး မျှဝေသုံးစွဲကြောင်း ထုတ်ပြန်ထားသည်။

ခေါင်းဆောင်ဖြစ်သူ လီအင်ဖူ ကို ပြန်ပေးဆွဲမှု နှင့် လူရောင်းချမှု ကြောင့် ထောင်ဒဏ် (၁၀) နှစ် ချမှတ်ခြင်း၊ ဟုတ်ချင်ပန် နှင့် ရန်မင်ဟွေ ဆိုသူကို ပြန်ပေးဆွဲမှု ၊ လူရောင်းချမှုကြောင့် ထောင်ဒဏ် (၈) နှစ်ချမှတ်ပြီး အိုက်မောင်ဆိုသူကို အဖွဲ့ဝင်အတွက် အဓိက အချက်လက် ပေးခြင်း နှင့် ကြံရာပါ ခြင်းဖြစ်သည့်အတွက် ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ကြောင်း The Kokang က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...