လဲချားမြို့လယ်ခေါင် ဈေးရှေ့ အမျိုးသား တစ်ဦး ပစ်ခတ်ခံရ၊ ပွဲချင်းပြီးသေ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့တွင် ယနေ့ (ဇွန် ၁၅) ရက် နံနက် ၉ နာရီကျော်၌ အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

သေနတ်ထိမှန်သေဆုံးနေသည့် အမျိုးသား

ယနေ့ ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီ ၁၅ မိနစ်တွင် လဲချားမြို့ လယ်ခေါင်ရှိ ဈေး အရှေ့ဘက်၌ ကားလမ်းကူးနေသည့် အမျိုးသားတစ်ဦးကို ကားတစ်စီးဖြင့်လာရောက်သည့် အမည်မသိ လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ပစ်ခံရတဲ့အမျိုးသားက ဈေးဘက်ကနေ တဘက်ကို လမ်းကူးနေတဲ့ အချိန်မှာ ပစ်သတ်ခံရတာပါ။ သေနတ်သံ ၃ ချက်ကြားလိုက်ရတယ်၊ သူ့ကို လာပစ်တဲ့ အဖွဲ့က ဘယ်ကနေ လာလဲ၊ ဘယ်သူလဲ ဆိုတာတော့ မသိရဘူး။ ကားနဲ့လာတယ်ပဲ သိရတယ်၊ သူ့ နံရိုးမှာ သေနတ်မှန်သွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းကို သက်ဆိုင်ရာ နှင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးပြီး သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားသည် မည်သည့်ဒေသက မည်သူဖြစ်သည်ကိုလည်း မသိရကြောင်း နှင့် ၎င်း၏ ကျောပိုးအိတ်အတွင်းမှာလည်း လောက်လေးဂွ နှင့် ရေဗူး တစ်ဗူးသာ ပါရှိကြောင်း အထက်ပါ အမျိုးသားဆက်က ဆက်ပြောသည်။

“သေဆုံးသူကလည်း ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး၊ ပြီးတော့ သူ့အိတ်ထဲမှာလည်း လေးဂွ နဲ့ ရေဗူးပဲ ရှိတယ်၊ အခုတော့ တာဝန်ရှိသူတွေက သယ်ဆောင်သွားပြီ၊ အသက် ၂၀ ကျော်ဝန်းကျင်လောက်ပဲ ရှိအုံးမယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်သတ်ဖြတ်မှုသည် လဲချားမြို့အတွင်း ပထမဆုံး အကြိမ် ဖြစ်ပေါ်ခြင်း ဖြစ်ပြီး လက်ရှိအချိန်၌ ဈေးအတွင်းမှ ဈေးဆိုင်များ၊ ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်ရကြောင်းလည်း သိရသည်။

“လဲချားမြို့မှာ တခါမှ ဒီလိုမဖြစ်ဖူးသေးဘူး၊ မြို့လယ်လည်းဖြစ် နေ့လည်နေ့ခင်းလည်း ဖြစ်နေတော့ ပိုပြီးတော့ ကြောက်ရတာပေါ့။ တော်တော်များများက ထိတ်လန့်သွားကြတယ်၊ လုံခြုံရေးပိုင်းအတွက် ပိုပြီးတော့ စိုးရိမ်ရတော့မယ့် အနေအထားဖြစ်တယ်” ဟု လဲချားမြို့နေ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လဲချားမြို့နယ်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် သျှမ်းတပ်မတော် SSPP နှင့် RCSS တို့က သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...