မူဆယ်မြို့နယ်အတွင်း ရေခဲချောင်းရောင်း အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ
SHAN -
သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာအုပ်စု ကောင်းဝိန်းကျေးရွာအနီးတွင် ရေခဲချောင်းရောင်းချနေသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၃၀) ရက် မွန်းလွဲ ၂နာရီခွဲ တွင် သျှမ်းပြည် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ အုပ်စု မန်ဟောင်းကျေးရွာနှင့် ကောင်းဝိန်းကျေးရွာကြား ကောင်းဝိန်းကျေးရွာအနီး လမ်းမကြီးပေါ် တွင်...
တာချီလိတ်မြို့ သားအဖနှစ်ဦး ကား နဲ့ တိုက်မိ၊ ကလေးပွဲချင်းပြီး သေဆုံး
မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ပါခါရွာအနီးတွင် သားအဖနှစ်ဦး ဈေးသွားရောင်းပြီး အပြန်လမ်းမှာ ကားတစ်စီးနှင့်တိုက်မိပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၈ ရက် ညနေပိုင်း ၄ နာရီခွဲအချိန်တွင် တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ပါခါရွာအနီးတွင်...
လားရှိုးမြို့ မကြာခဏ ပေါက်ကွဲမှုဖြစ် ဈေးဆိုင် ဆိုင်းဘုတ် အချို့ဖြုတ်သိမ်းထားရ
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားသောကြောင့် ဈေးဆိုင်၊ စတိုင်းဆိုင်များရှိ ဆိုင်းဘုတ်အချို့ ဖြုတ်သိမ်းထားရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင် ဗုံးပေါက်ကွဲ မီးလောင်မှုကြောင့် လားရှိုးမြို့တွင်းရှိ စတိုင်းဆိုင်၊ ကုန်စုံဆိုင်...
လားရှိုးမြို့ DENKO ဆီဆိုင် ဗုံးပေါက်ကွဲ၊ ၂ ဦးထက်မနည်း သေဆုံး ထိခိုက်ဒဏ်ရာရသူများပြား
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးထက် မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားနေကြောင်း သိရသည်။ ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီ ၅၅ မိနစ်တွင် လားရှိုးမြို့ပြင် ခိုဆန်တန် ကျေးရွာ...
မိုးနဲမြို့နယ် မြေပဲ နှင့် ပြောင်းဖူး ခိုးသူများ အုပ်စုလိုက်ရှိနေ၊ သက်ဆိုင်ရာ အရေးယူခြင်း မရှိ
သျှမ်းပြည် လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အတွင်းတွင် ခြံခင်းပိုင်ရှင်များ မယူရသေးသည့် မြေပဲ နှင့် ပြောင်းဖူးများကို လိုက်လံခိုးယူသည့် သူခိုးများက အုပ်စုလိုက်ရှိနေကြောင်း တိုင်တန်းသော်လည်း သက်ဆိုင်ရာ ဝာာဝန်ရှိသူများက အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ အချိန်သည် စိုက်ပျိုးထားသည့် ပြောင်းဖူး နှင့် မြေပဲများ နုတ်ယူရန်...
မိုးနဲမြို့နယ် လောင်းကစားဝိုင်း ၇ လကျော်ကြာ ဖွင့်လှစ် သက်ဆိုင်ရာ အရေးယူခြင်းမရှိ
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများသည် ၇ လ ကျော်ကြာ ဖွင့်လှစ်ခဲ့ သော်လည်း ယနေ့ အချိန်အထိ ပိတ်သိမ်းခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်အတွင်း ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများသည် လက်ရှိအချိန်တွင် (၃) နေရာ တိုးချဲ့ ဖွင့်လှစ်ထားလျက်ရှိပြီး လောင်းကစားဝိုင်းများ ပိတ်သိမ်းပေးရန်...
လားရှိုးမြို့ ယာဥ်ထိန်းရဲတစ်ဦး အရပ်သား သေနတ်ပစ်ခတ် သေဆုံး
သျှမ်းပြည် လားရှိုးမြို့ အမှတ် (၄) ရပ်ကွက် မီးပွိုင့်အနားရှိနေသည့် ယာဥ်ထိန်းရဲ တစ်ဦးကို အရပ်ဝတ် အမျိုးသားတစ်ဦး မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာ (၂၂) ရက် မနက် (၁၀) နာရီခွဲဝန်းကျင်အချိန်တွင် လားရှိုးမြို့ အမှတ် (၄) ရပ်ကွက်တွင်ရှိသည့်...
လားရှိုးမြို့ CS Hotel အနီး ပေါက်ကွဲမှု အမျိုးသမီးတစ်ဦး ထပ်မံသေဆုံး
သျှမ်းပြည် လားရှိုးမြို့ပေါ် အမှတ် (၂) ရပ်ကွက်ရှိ CS Hotel အနီး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ (၄) ဦးထဲမှ အမျိုးသမီး တစ်ဦး ဆေးကုသမှု ခံယူနေစဥ် ထပ်မံသေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့က လားရှိုးဆေးရုံ၌ ဆေးကုသမှု ခံယူနေစဥ်...
မိုင်းရယ်မြို့တွင်း နေအိမ်တစ်လုံး ဖောက်ထွင်းခံရ
သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် ရပ်ကွက် ၁ အတွင်း နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ရွှေ ၁ ကျပ်သား နှင့် ကျပ်ငွေ ၆ သောင်းပါသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၃ နာရီတွင် မိုင်းရယ်မြို့ ရပ်ကွက်...
မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့ အုပ်စုဖွဲ့ သူခိုးသောင်းကြမ်းနေ
မြန်မာ - ထိုင်းနယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ဆိုင်ခန်းများကို လိုက်လံဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူနေကြောင်း စုံစမ်းသိရှိရသည်။ ယခု ရက်ပိုင်းအတွင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်တစ်စီး နှင့် နှစ်ယောက်စီး အုပ်စုဖွဲ့က ပြည်သူတချို့ ဆိုင်ခန်းများကို လိုက်လံဖောက်ထွင်းခြင်း၊ ဆိုင်ခန်းရှေ့ ရပ်ထားသည့် ကား၊ ဆိုင်ကယ်များ၏ ဘက်ထရီများကို...





