Wednesday, January 28, 2026

ကျိုင်းတုံမြို့နယ်အတွင်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်၊ ထိခိုက်ဒဏ်ရာရသူ ၅ ဦးထက်နည်း ရှိနေ

သျှမ်းပြည် ကျိုင်းတုံမြို့နယ်အတွင်း၌ ပေါက်ကွဲမှု နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ၅ ဦးထက်မနည်း ရှိနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့( ဖေဖော်ဝါရီလ ၁၃) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင် တွင် ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကျေးရွာ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသက် (၁၆) နှစ်အရွယ် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖြစ်စဉ်က ဆောင်းဘောက် အားသွင်းရာကနေ ပေါက်ကွဲမှုဖြစ်တာပါ။ အဲ့ဆောင်းဘောက်ကလည်း ဘယ်သူ ဘယ်ဝါပို့ပေးမှန်းလည်း မသိဘူးတဲ့၊ ဖွင့်ကြည့်မို့ အားသွင်းတဲ့ အချိန်မှာ ပေါက်ကွဲမှုဖြစ်တာပါ။ အသက် (၁၆) နှစ်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာရသွားတယ်” ဟု အမည်မဖော်လိုသည့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပေါက်ကွဲမှုအပြီး ရပ်ကျေးတာတန်ရှိသူများ နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တပ်ဖက်ဆိုင်ရာ တာဝန်ရှိသူများ က လာရောက်စစ်ဆေးမှု ပြုလုပ်ပြီး ပေါက်ကွဲမှုဖြစ်ပေါ်သည့် ဆောင်းဘောက် အပိုင်းအစများကိုလည်း သိမ်းဆည်း ယူဆောင်သွားကြောင်း သိရသည်။

အလားတူပင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်တွင်လည်း ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာမှ ပြည်သူ့စစ် တစ်ဦး၏ နေအိမ်တွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အိမ်သား (၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်းလည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အဲ့ပြည်သူ့စစ်အိမ်ကို အမျိုးသားငယ်တစ်ဦးကနေ တြိဂံတိုင်းမှူးက ပို့လိုက်တဲ့ ပါဆယ်ပါတယ်ဆိုပြီးတော့ ဆောင်းဘောက်တစ်လုံးပါတဲ့ ကျပ်ဖာဗူးတစ်ဗူးကိုလာပို့သွားတယ်။ အဲ့တာသူ့အမျိုးသမီးက ဘောက်ကို ဖွင့်ကြည့်မယ်ဆိုပြီး လုပ်တော့ ပေါက်ကွဲမှုဖြစ်တာပဲ၊ သူ့အမျိုးသမီး၊ သူ့သားနဲ့ သမီး စုစုပေါင်း (၄) ဦးဒဏ်ရာ ရသွားတယ်” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိ အချိန်၌ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံ၌တင်ထားကာ ဆေးကုသမှု ခံယူနေလျက် ရှိပြီး ပေါက်ကွဲမှုဖြစ်စဉ် နှင့် ဆက်စပ်ပတ်သက်မှုများကို တာဝန်ရှိသူများမှ ဆက်လက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်းလည်း သိရသည်။

ယခုတစ်ကြိမ်ပေါက်ကွဲမှုသည် ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေသည့်အတွက် ဒေသခံပြည်သူများ အကြား စိုးရိမ်ထိတ်လန့်ဖွယ် ဖြစ်နေကြောင်းလည်း သိရသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ကျိုင်းတုံ #ထိခိုက်ဒဏ်ရာရရှိသူ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့ TNLA ကျင်းပသည့် သင်္ကြန်မဏ္ဍပ်စင် အနီး ပေါက်ကွဲမှု ဖြစ်ပွား

0
သျှမ်းပြည် နမ့်ခမ်းမြို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ TNLA ဦးဆောင်ပြီး မြို့လယ်ဘုရားကြီးပွဲတော်ဝင်း (ပန်ပွဲ)ရှိ ဗဟိုမဏ္ဍပ်ပွဲစင်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌...

တာချီလိတ် ပေါက်ကွဲမှုဖြစ်ပွား အမျိုးသမီးတစ်ဦး ဒဏ်ရာရ

0
သျှမ်းပြည် တာချီလိတ်မြို့ တွင် ယနေ့ (မတ် ၈)ရက် နံနက် ၇နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်နှင့် ဝိန်းကျောက်ရပ်ကွက်အကြားတွင် အာခါဈေးလမ်းဘက်ရှိ ခြံဝန်းတစ်ခုတွင် ယနေ့ (မတ်လ ၈) ရက် နံနက်၇ နာရီဝန်းကျင်၌...

လားရှိုးမြို့ပေါ်ရှိ ဟိုတယ်အနီး ပေါက်ကွဲမှုဖြစ်၊ (၅) ဦးထက်မနည်းဒဏ်ရာရ၊ (၁) ဦးသေဆုံး

0
သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ပေါ် အမှတ်( ၂) ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပြီး အရပ်သား (၅) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရသည့်အပြင် (၁) ဦးသေဆုံးသွားကြောင်း သတင်းသိရသည်။ . ယနေ့ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်း ၅ နာရီ ၂၅ မိနစ်အချိန်တွင် လားရှိုးမြို့...

မူဆယ်မြို့နယ် တပ်ရင်းမှူး ပစ်ခတ်ခံရပြီးနောက် စစ်ဆေးမှု တင်းကြပ်နေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မူဆယ်မြို့နယ်တွင်း လုံခြုံရေး အင်အား ပိုမိုတင်းကြပ်လာကြောင်း ဒေသတွင်း ကားသမားများထံမှ စုံစမ်း သိရှိရသည်။ မူဆယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ် မှ စတင်ပြီး မူဆယ်မြို့ ဝင်နားအထိ စစ်ကောင်စီ...

မူဆယ် ကုန်သွယ်ရေးဇုန်အတွင်းတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကုန်သွယ်ရေးဇုန်အတွင်းတွင် ယနေ့ (အောက်တိုဘာ ၇ )ရက် မနက်ပိုင်း အချိန်အတွင်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင့် သတင်းသိရသည်။ ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် မူဆယ်မြို့အဝင် နယ်စပ်ကုန်သွယ်ရေးမှ ဝန်ထမ်းရိပ်သာအနီးတွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး...