မူဆယ်မြို့နယ် တပ်ရင်းမှူး ပစ်ခတ်ခံရပြီးနောက် စစ်ဆေးမှု တင်းကြပ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မူဆယ်မြို့နယ်တွင်း လုံခြုံရေး အင်အား ပိုမိုတင်းကြပ်လာကြောင်း ဒေသတွင်း ကားသမားများထံမှ စုံစမ်း သိရှိရသည်။

မူဆယ် ၁၀၅ မိုင် စစ်ဆေးရေးဂိတ် မှ စတင်ပြီး မူဆယ်မြို့ ဝင်နားအထိ စစ်ကောင်စီ တပ်သား နှင့် ရဲတို့ စောင့်ကြပ် စစ်ဆေးနေသည့် စစ်ဆေးရေးဂိတ် ၃ နေရာရှိနေပြီး ခရီးသွား ယာဥ်များကို တင်းကြပ်စွာ စစ်ဆေးနေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ တပ်ရင်းမှူး ပစ်ခတ်ခံရပြီးကတည်း လုံခြုံရေး အင်အားပိုတင်းကြပ်လာတယ်၊ ၁၀၅ မိုင်ကနေ မူဆယ်မြို့ အဝင်နားထိ စစ်ဆေးတဲ့ နေရာ ၃ နေရာရှိပြီးတော့ ကားတွေဆို အောက်ပိုင်းထိ အကုန်စစ်တယ်၊ မှတ်ပုံတင်တွေပါ ပြရတယ်၊ တခါတလေလည်း ပိုက်ဆံတောင်းတယ်၊ တောင်းတဲ့ ပမာဏတော့ တခါ နဲ့ တခါမတူဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ၁၀၅ မိုင်ရှိ ကားဝပ်ရှော့ဆိုင်တစ်ခုသို့ ကားလာပြင် သည့် မူဆယ်မြို့ ၄၂၁ ခြေလျင် တပ်ရင်း တပ်ရင်းမှူး ဒု – ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်ကို အမည်မသိ လက်နက်ကိုင် လူနှစ်ဦး က သေနတ်ဖြင့် ၈ ချက်ထက်မနည်း လာရောက် ပစ်သတ်ခဲ့ပြီးနောက် စစ်ဆေးမှု တင်းကြပ်လာခြင်းဖြစ်ကြောင်း မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

စစ်ကောင်စီမှ စစ်ဆေးမှု ပြုလုပ်စဥ်

ယခုလ အောက်တိုဘာလအတွင်း မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းမှူးများကို အခြားဒေသသို့ ပြောင်းရွှေ့ခြင်း ရှိသည့်အပြင် မူဆယ်မြို့သို့ ပြောင်းရွှေ့လာသည့် တပ်ရင်းမှူးက မူဆယ်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်အင်အား နှင့် လက်နက်စာရင်းများကို တောင်းယူထားကြောင်း သိရသည်။

“မူဆယ်မြို့ကို ပြောင်းလာတဲ့ တပ်ရင်းမှူး အသစ်က ပိုကြမ်းလောက်တယ်၊ အခုဆို မြို့ထဲက ဘဏ်တွေ ဆေးရုံ တွေမှာ လုံခြုံရေး အင်အားရော စစ်ဆေးမှုရော တိုးချဲ့ ချထားတယ်၊ မူဆယ်မြို့ထဲက ပြည်သူ့စစ် အင်အား နဲ့ လက်နက်လည်း သူ့ဆီ အစီရင်ခံဖို့ ပြောထားတယ်၊ ညမထွက်ရ အမိန့်ကိုလည်း ထပ်ကြေညာထားတယ်” ဟု ၁၀၅ မိုင်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း နေထိုင်သည့် ပြည်သူများကို ည ၈ နာရီ မှ မနက် ၄ နာရီအထိ ညမထွက်ရ ကာဖျူးအမိန့်ကို ယမန်နေ့ အောက်တိုဘာ (၁၉) ရက် ညအချိန်တွင် ထပ်မံကြေညာလိုက်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ထို့အပြင် မူဆယ်မြို့ရှိ ပြည်သူ့ဆေးရုံ နှင့် ကမ္ဘောဇဘဏ်တို့တွင်လည်း ကားလမ်းများ ပိတ်ရသည်အထိ စစ်ဆေးမှုများ တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း သိရသည်။

မူဆယ်မြို့နယ် ၁၀၅ မိုင် စီးပွားရေးဇုံနယ်မြေတွင် စစ်ကောင်စီ ၏ တပ်မ (၉၉) လက်အောက် ခမရ (၄၂၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ပြည့်ဖြိုးအောင်နှင့်အတူ အရာရှိ တစ်ဦးအား ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ က တိုက်ခိုက်ခဲ့ကြောင်း ယမန်နေ့ (အောက်တိုဘာ ၁၉) ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စကစ တပ်ဖွဲ့၊ ပသစ တပ်ဖွဲ့များနှင့် N-CDM ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ဆက်လက်တိုက်ခိုက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် N-CDM ဌာနဆိုင်ရာ ဝန်ထမ်းများက ပြည်သူ့ အကျိုးပြု လုပ်ငန်းမှလွဲ၍ ကျန်ဌာနဆိုင်ရာမှ ဌာနလုပ်ငန်း ရပ်ဆိုင်းနုတ်ထွက်ကြရန် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ က ထပ်မံသတိပေး ထုတ်ပြန်လိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...