“ဝ”တပ်ဖွဲ့ UWSA မှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦး ကို မိုင်းရှူး အထိ လာရောက်ရှာဖွေ

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် တရုတ်က အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSAမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းရှူးမြို့နယ်တွင် တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့က ကား ၅ စီးဖြင့် တရုတ်အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSA ၏ ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban) နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို လာရောက်ရှာဖွေခဲ့ကြောင်း မိုင်းရှူးဒေသခံများက ပြောသည်။

“တရုတ်စစ်သားလား၊ ‘ဝ’စစ်သားလား သေချာမသိရဘူး။ ကား ၅ စီးလောက်နဲ့ လာပြီး ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ယောက်ကို လာရှာတယ်လို့ပြောတယ်။ သူတို့ လာရှာတာ ဟိုင်းပါရေတံခွန်ဘက်အထိ ရောက်တယ်၊ ဖမ်းမိလား မဖမ်းမိလားတော့ မသိဘူး”ဟု မိုင်းရှူးမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရှူးမြို့နယ်အထိ လာရောက်ရှာဖွေခံရသည့် “ဝ”တပ်ဖွဲ့ UWSAမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်နိုင်ငံမှ ၂၀၂၃ အောက်တိုဘာလ ၁၂ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖမ်းမိပါက တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်း အထိ ဆုကြေးပေးမည်ဟုလည်း ကြေညာထားသည်။

“ဝ”တပ်ဖွဲ့ UWSA ကလည်း တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ၎င်းတို့၏ အရာရှိ ၂ ဦးကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရာထူးက ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ၎င်းတို့နှစ်ဦးကို အောက်တိုဘာ ၁၈ရက် တွင် ထပ်မံဖမ်းဝရမ်းထုတ်ခဲ့သည်။

စစ်ကောင်စီက ကိုးကန့်ဒေသမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် (၁၀) ဦးကို တရုတ်နိုင်ငံသို့ ဇန်နဝါရီလ ၃၁ ရက်က လွှဲပြောင်းပေးခဲ့ပြီးနောက် “ဝ”တပ်ဖွဲ့ကလည်း ၎င်းတို့၏ အရာရှိဟောင်း ၂ ဦးကို ဖမ်းဝရမ်း ကြေညာကာ မြန်မာ-တရုတ် နယ်စပ်တလျှောက်တွင် ကြော်ငြာကပ်ထားကြောင်း ဒေသခံများက ပြောသည်။

သျှမ်းတပ် (၂)တပ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မ‌တော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကလည်း နှစ်ချုပ်အစည်းအဝေး ကျင်းပပြီးနောက် အွန်လိုင်းငွေလိမ်သည့် ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

မိုးနဲတွင် ကျားဖြန့်လုပ်ကိုင်သူဟုယူဆရသည့် တရုတ်နိုင်ငံသားများရောက်ရှိလာ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း ကျားဖြန့် (အွန်လိုင်းလောင်းကစား)လုပ်ကိုင်နေသူများဟု ယူဆရသည့် တရုတ်နိုင်ငံသားများ ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။  ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး မိုးနဲမြို့မစျေးကြီးထဲသို့ တရုတ်ဘာသာစကားကိုသာအသုံးပြု ပြောဆိုနေကြသည့် တရုတ်နိုင်ငံသားများသည် စားနိပ်ရိက္ခာများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများကို လာရောက်ဝယ်ယူနေကြောင်း ကုန်စုံဆိုင်ရောင်းချနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။  “ အရင်လက စားသောက်ကုန်တွေလောက်ပဲလာဝယ်တာ။...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...