Tuesday, January 27, 2026

“ဝ”တပ်ဖွဲ့ UWSA မှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦး ကို မိုင်းရှူး အထိ လာရောက်ရှာဖွေ

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် တရုတ်က အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSAမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းရှူးမြို့နယ်တွင် တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့က ကား ၅ စီးဖြင့် တရုတ်အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSA ၏ ဆောက်လုပ်ရေးဌာနမှ ပေါက်အိုက်ပန်း (Chen Yanban) နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့ (Sheng Yankui) တို့ကို လာရောက်ရှာဖွေခဲ့ကြောင်း မိုင်းရှူးဒေသခံများက ပြောသည်။

“တရုတ်စစ်သားလား၊ ‘ဝ’စစ်သားလား သေချာမသိရဘူး။ ကား ၅ စီးလောက်နဲ့ လာပြီး ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ယောက်ကို လာရှာတယ်လို့ပြောတယ်။ သူတို့ လာရှာတာ ဟိုင်းပါရေတံခွန်ဘက်အထိ ရောက်တယ်၊ ဖမ်းမိလား မဖမ်းမိလားတော့ မသိဘူး”ဟု မိုင်းရှူးမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရှူးမြို့နယ်အထိ လာရောက်ရှာဖွေခံရသည့် “ဝ”တပ်ဖွဲ့ UWSAမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်နိုင်ငံမှ ၂၀၂၃ အောက်တိုဘာလ ၁၂ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဖမ်းမိပါက တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်း အထိ ဆုကြေးပေးမည်ဟုလည်း ကြေညာထားသည်။

“ဝ”တပ်ဖွဲ့ UWSA ကလည်း တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်ထားသည့် ၎င်းတို့၏ အရာရှိ ၂ ဦးကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရာထူးက ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့ပြီး စစ်ကောင်စီဘက်မှလည်း ၎င်းတို့နှစ်ဦးကို အောက်တိုဘာ ၁၈ရက် တွင် ထပ်မံဖမ်းဝရမ်းထုတ်ခဲ့သည်။

စစ်ကောင်စီက ကိုးကန့်ဒေသမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် (၁၀) ဦးကို တရုတ်နိုင်ငံသို့ ဇန်နဝါရီလ ၃၁ ရက်က လွှဲပြောင်းပေးခဲ့ပြီးနောက် “ဝ”တပ်ဖွဲ့ကလည်း ၎င်းတို့၏ အရာရှိဟောင်း ၂ ဦးကို ဖမ်းဝရမ်း ကြေညာကာ မြန်မာ-တရုတ် နယ်စပ်တလျှောက်တွင် ကြော်ငြာကပ်ထားကြောင်း ဒေသခံများက ပြောသည်။

သျှမ်းတပ် (၂)တပ်ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မ‌တော် (SSPP/SSA) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကလည်း နှစ်ချုပ်အစည်းအဝေး ကျင်းပပြီးနောက် အွန်လိုင်းငွေလိမ်သည့် ကျားဖြန့်လုပ်ငန်းများကို နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က အသီးသီး ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူများ ဘာကြောင့် ကန့်သတ်ခံနေရလဲ

0
ယခုလ ဒီဇင်ဘာအစောပိုင်းမှ စတင်ပြီး ၁၃ မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သည့် သျှမ်းပြည်သားများကို စစ်ကော်မရှင်ဘက်မှ ခရီးသွားလာခွင့်၊ ဟိုတယ်၊ တည်းခိုခန်းတို့တွင် တည်းခိုခွင့် ကန့်သတ်ချက်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း ၁၃ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား မည်သည့်ကိစ္စကြောင့် ကန့်သတ်ကြောင်းကို သေသေချာချာ ဂဃနဏ မသိရှိရဘဲ ထင်မြင်ချက်...

ကျားဖြန့်ကိစ္စကြောင့် မြန်မာပုဂ္ဂလိကဘဏ် အကောင့်လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ

0
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ် အသုံးပြုသူများ၏ အကောင့်လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ယခု ၂၀၂၅ နှစ်လယ်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံအတွင်းမှ ပြည်ပသို့ ငွေလဲလှယ်ခြင်း၊ ငွေလွှဲ လုပ်ငန်း လုပ်ကိုင်နေသူများသည် ကျားဖြန့် အွန်လိုင်း ငွေလိမ်လည်မှုကိစ္စများကြောင့် အလုပ်လုပ်ကိုင်နေသည့်...

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...