တရုတ်သံအမတ်နှင့် စစ်ကောင်စီတို့ အွန်လိုင်းငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေး ဆွေးနွေး
SHAN -
မြန်မာ-တရုတ်နယ်စပ် တလျှောက် အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို စဉ်ဆက်မပြတ် တိုက်ဖျက်ရေးလုပ်ဆောင်ရန် တရုတ်သံအမတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ရှိ တရုတ်သံရုံးက အောက်တိုဘာလ ၂၄ ရက်တွင် သတင်းထုတ်ပြန်လာသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်းဟိုင် သည် အောက်တိုဘာလ ၂၃၊ ၂၄ ရက်တို့တွင် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး...
ကလောမြို့နယ် ကားနှင့်ဆိုင်ကယ် တိုက်မိ၊ ဆိုင်ကယ်ယာဉ်မောင်း ၁ ဦးသေဆုံး
သျှမ်းပြည် ကလောမြို့နယ် မြင်းမထိရွာနှင့် နန်းတိုင်းရွာကြား ကားလမ်းမပေါ်တွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီး တိုက်မိကြရာ ဆိုင်ကယ်ယာဉ်မောင်း ၁ ဦးသေဆုံးသွားခဲ့ကြောင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယနေ့ (အောက်တိုဘာလ ၂၅) ရက် ၁၁ နာရီခွဲတွင် ကလောမြို့နယ် မြင်းမထိရွာနှင့် နန်းတိုင်းရွာကြား ကားလမ်းမပေါ် အကွေ့တစ်နေရာ၌ ကားတစ်စီးနှင့်...
လားရှိုး ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ဆိုင်ကယ်များကို စစ်တိုင်းရုံးမှတဆင့် နေပြည်တော်ပို့နေ
SHAN -
သျှမ်းပြည် လားရှိုးမြို့တွင် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ဖမ်းဆီးလာသည့် လိုင်စင်မဲ့ ဆိုင်ကယ်များကို အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှတဆင့် နေပြည်တော်သို့ ပို့ဆောင်နေကြောင်း စုံစမ်းသိရသည်။ “ ဆိုင်ကယ်လိုင်စင်ရှိရင်တော့ ဒဏ်ကြေး ၃ သောင်း တောင်းပြီး ပြန်ပေးတယ်။ လိုင်စင်မရှိရင်တော့ သိမ်းသွားတာ။ အဲ့ဆိုင်ကယ်တွေကို လားရှိုးမှာ စစ်တိုင်းရုံးထဲ ယူသွားတာ။...
ကျိုင်းတုံမြို့ လယ်စောင့်တဲတွင် သွားအိပ်စောင့်သည့် အမျိုးသား ဓားခုတ်ခံရပြီး သေဆုံး
SHAN -
သျှမ်းပြည် ကျိုင်းတုံမြို့နယ် မိုင်းခွန်အုပ်စု ဝမ်လင်ကျေးရွာရှိ လယ်စောင့်တဲတွင် သွားအိပ်စောင့်သည့် အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်(၁၀)နာရီ အချိန်ခန့်တွင် ကျိုင်းတုံမြို့နယ် မိုင်းခွန်အုပ်စု ဝမ်လင်ရွာနေ အမျိုးသားတစ်ဦး လယ်စောင့်တဲသို့ သွားအိပ်စောင့်ရင်း ဓားခုတ်ခံရပြီး သေဆုံးနေသည်ကို ဒေသခံများက...
ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက်ငွေလိမ်လည်မှု ပြုလုပ်နေ
သျှမ်းပြည် လင်းခေးမြို့တွင် ယခုရက်ပိုင်း ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် ငွေလိမ်လည်မှု ပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ယခုရက်ပိုင်းအတွင်း လင်းခေးမြို့တွင် ကံစမ်းမဲပေါက်သည်ဟုဆိုပြီး ဒေသခံများထံ ဖုန်းဆက် အကြောင်းကြားလာရာ ငွေလိမ်လည်မှုပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ကျနော်ကို ဖုန်းဆက်လာပြီး ကံစမ်းမဲပေါက်တယ် ဘာညာပြောတယ်။ သူတို့ကုမ္ပဏီက...
အွန်လိုင်းဂိမ်း မက်လုံး ဖြားယောင်းမှုအောက် လူငယ်များသားကောင်ဖြစ်နေရ
SHAN -
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု မြင့်မားပြီး အလုပ်အကိုင် ရှားပါးလာသည်နှင့်အမျှ လွယ်လွယ်နဲ့ ပိုက်ဆံရမယ့် အလုပ်မျိုးကို လူအများစု စိတ်ဝင်စားလာကြသည်။ ထိုအထဲတွင် ဖေ့စ်ဘွတ်ခ်၊ တယ်လီဂရမ် စသည့် လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ကြော်ငြာများထည့်သွင်းလာသည့် အွန်လိုင်းဂိမ်းများက ပြည်သူလူထုအပေါ် သက်ရောက်မှုကြီးမားသည်။ အွန်လိုင်းဂိမ်းများ၏ ရိုက်ခတ်မှုကို ခံရသူများထဲတွင် သီပေါမြို့မှ အသက် ၁၉နှစ်အရွယ်...
တရုတ်နယ်စပ်ဒေသ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ခံရ
SHAN -
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ် လွယ်အင်ကျေးရွာမှ အထည်ဆိုင်ရှင် သားအဖနှစ်ဦးအပါအဝင် အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီး အလောင်းကို စာလာအိတ်ထဲထည့်ကာ အမှိုက်ပုံသို့ စွန့်ပစ်ထားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့နယ် ကျင့်စန်ကျော့ သွားသည့်လမ်းရှိ...
ပခုက္ကူ-မန္တလေး-ပြင်ဦးလွင် ခရီးသည်တင်ယာဥ် ချောက်ထဲထိုးကျ ၉ဦးဒဏ်ရာရ။
SHAN -
မန္တလေး-ပြင်ဦးလွင်လမ်းပိုင်းတွင် ခရီးသည်တင် အန်စာတုံးအမျိုးအစားယာဉ်တစ်စီးသည် ယနေ့ (အောက်တိုဘာ ၂၂)ရက် နံနက် အစောပိုင်းတွင် ချောက်ထဲထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၂၂) ရက် နံနက်အစောပိုင်း ၂နာရီဝန်းကျင် တွင် မန္တလေး-ပြင်ဦးလွင်လမ်းပေါ် မိုင်တိုင်အမှတ်(၁၈/၁) အနီး၌ ပခုက္ကူ-မန္တလေး-ပြင်ဦးလွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် အန်စာတုံးအမျိုးအစား...
ဗန်းမော်မြို့ အောင်သီရိ ရွှေဆိုင် ဓားပြတိုက်ခံရ
SHAN -
ကချင်ပြည် ဗန်းမော်မြို့ အရှေ့ညောင်ပင်ရပ်ကွက်ရှိ အောင်သီရိ ရွှေဆိုင်အား ဆိုင်ကယ်နှင့်လာသည့် အမျိုးသား ၆ ဦးမှ ဓားပြတိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက် နံနက် ၉နာရီဝန်းကျင်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ထားသော အမျိုးသား ၆ဦးသည် အောင်သီရိ စိန်ရွှေရတနာရောင်းဝယ်ရေး ဆိုင်တွင်းသို့...
ကျောက်မဲ နာမည်ကြီး “နတ်ဆေးရည်” သွားချိုး အမျိုးသမီးတစ်ဦး ချော်လဲသေဆုံး
SHAN -
သျှမ်းပြည် ကျောက်မဲ-မိုင်းငေါ့ကားလမ်းဘေးရှိ နမ့်မန်းရွာတွင် နာမည်ကြီးနေသည့် " နတ်ဆေးရည်" တောင်ကျချောင်းရေ ကို သွားရောက်ချိုးစဥ် အမျိုးသမီး တစ်ဦးချော်လဲပြီး သေဆုံးသွားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ကျောက်မဲ နာမည်ကြီး "နတ်ဆေးရည်" သွားချိုး အမျိုးသမီးတစ်ဦး ချော်လဲသေဆုံး အောက်တိုဘာ ၁၇ ရက်တွင် နမ့်ဆန်မြို့နယ် မြို့သစ်ရွာနေ အသက်(၄၀)ကျော်အရွယ်...






