မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...
မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာရှိ ပြည်သူတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် SSPP တပ်ရင်းမှူးဆိုသူကို အပြစ်ပေး အရေးယူရန် ဒေသခံများက တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ (၁၈) ရက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာသို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...
မူဆယ်မြို့ စစ်ကောင်စီက ကျားဖြန့်လုပ်သူများကို ဖမ်းဆီးမှု ပြန်လုပ်လာ
သျှမ်းပြည် မူဆယ်မြို့တွင် ယခုရက်ပိုင်း အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားအပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ တရုတ်ဖိအားမှုကြောင့် မူဆယ်မြို့ကို စစ်ကောင်စီတပ်သားများက ယခုရက်တစ်ပတ်အတွင်း စွမ်းစော်ရပ်ကွက်၊ ကောင်းမှုတုံ ရပ်ကွက်၊ ၄၅ ကုန်း ရပ်ကွက် စသည့်ရပ်ကွက်ထဲရှိ အွန်လိုင်းကျားဖြန့် လုပ်ကိုင်နေသည့်နေအိမ်များကို ဝင်ရောက်စီးနင်းခဲ့သည်။ ထို့ကြောင့် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အပါအဝင် မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်...
မူဆယ်မြို့တွင် လူယုံအချင်းချင်းကြား ငွေကျပ်သိန်းသုံးထောင်ကျော် လိမ်လည်မှုဖြစ်ပွား
သျှမ်းပြည် မူဆယ်မြို့ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် အသိမိတ်ဆွေများထံ ငွေကျပ်သိန်းပေါင်း သုံးထောင်ကျော် လိမ်လည်ပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ တောင်ရပ်ကွက်ရှိ ဝမ်းပိန်းမုန့်တိုက်၏ မိသားစုဝင်တစ်ဦးသည် မူဆယ်မြို့ရှိ လုပ်ငန်းရှင်များနှင့် ဒေသခံ အသိမိတ်ဆွေများထံ အကြောင်းအမျိုးမျိုးပြပြီး ကျပ်ငွေသိန်းပေါင်း ၃၀၀၀ ကျော် လိမ်လည်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သူက...
တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...
UWSA ထိန်းချုပ်နယ်မြေတွင် ကျားဖြန့် တရုတ်နိုင်ငံသား ၅၀ ဦး ဖမ်းဆီးရမိ
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၅၀) ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၅၀) ဦးကို ဇူလိုင်လ ၁၂ ရက်တွင် ‘ဝ’ထိန်းချုပ် တရုတ်-မြန်မာနယ်စပ်ရှိ Yonghe ဆိပ်ကမ်းမှတဆင့်...
ပျောက်ဆုံးနေသည့် ရွာငံဘုန်းကြီးတစ်ပါး ယနေ့ထိ မတွေ့သေး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ အုပ်စု တပင်ပျော်ကျေးရွာတွင် ကျောင်းထိုင်သည့် ဘုန်းကြီးတစ်ပါး ပျောက်ဆုံးနေပြီး ယနေ့ အချိန်ထိ အစ အန ရှာမရသေးကြောင်း သတင်းရရှိသည်။ အဆိုပါ ပျောက်ဆုံးနေသော ဘုန်းကြီးသည် အသက် (၆၀) ဝန်းကျင် ရှိ၍ စစ်သားဟောင်း တစ်ဉီးဖြစ်ပြီး တပင်ပျော်ကျေးရွာတွင် ဘုန်းကြီးဝတ်ဖြင့်...
မောက်မယ်မြို့နယ် USDP ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် နှမ်းခင်းထဲ ပစ်သတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သည် နှမ်းခင်းသွားနေစဉ် အမည်မသိ လက်နက်ကိုင်၏ ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက် ၈ နာရီခွဲ အချိန်တွင် မောက်မယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု ပြည်သူ့လွှတ်တော်...
ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ပစ်သတ်ခံရ
ကချင်ပြည် ဖားကန့်မြို့နယ်တွင် အချဉ်ပေါင်းရောင်းနေသည့် အမျိုးသားတစ်ဦး အမည်မသိ လက်နက်ကိုင်၏ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) နေ့လယ် ၁ နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စု မှော်စီစာကျေးရွာ Sky ဟိုတည်ရှေ့တွင် အချဉ်ပေါင်း ရောင်းနေသည့် ဈေးသည်အမျိုးသားတစ်ဦးကို...





