မူဆယ်မြို့ တွင် ဗုံး ၂ လုံးပေါက်ကွဲ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် စွမ်စော်ရပ်ကွက်တွင် ယနေ့နေ့လည် ၁နာရီကျော်က ဗုံး ၂ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည့် စွမ်စော်ရပ်ကွက် (၁) နှင့် (၂) လမ်းကြားတွင် ဖြစ်ပွားခဲ့ပြီး၊ ထို ပေါက်ကွဲမှုသည် မည်သူ့လက်ချက်ကြောင့် ဖြစ်ပွားသည်ကို မသိရှိရကြောင်း မူဆယ် ဒေသခံများပြောပြချက်...
မူဆယ်မန့်ဝိန်းဂိတ်တွင် ဖောက်ခွဲရေးသုံးပစ္စည်းများ သိမ်းဆည်းရမိ
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း နယ်စပ်ဂိတ်တွင် ဖောက်ခွဲရေးအတွက်အသုံးပြုသည့် Shock Tube Detonator ပစ္စည်း များ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ မူဆယ်နယ်စပ်ဂိတ် ဖြစ်သည့် မန့်ဝိန်းဂိတ် အနီးတွင် ယမန်နေ့ မေ ၂၅ ရက်မနက် ၁၀နာရီကျော် က တရုတ်နံပတ်တပ်ဆင်ထားသည့် ISUZU အမျိုးအစား...
အဂတိလိုက်စားသည့် တနင်္သာရီဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ်နှစ် ၃၀ချခံရ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရ လက်ထက်တွင် အဂတိလိုက်စားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို အမှု ၄ခုအတွက် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် နှစ် ၃၀ အမိန့်ချလိုက်သည်။ တနှစ်ကျော်ကြာ အဂတိလိုက်စားမှုနှင့် တရားရင်ဆိုင်နေရသည့် ဒေါက်တာလဲ့လဲ့မော်ကို ယနေ့ (မေ၂၂)ရက်တွင် တိုင်းတရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။
အဆိုပါ...
RCSS/SSAအဖွဲ့ဝင် ၄ဦး၊ မြန်မာ့တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွား
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အတွင်း RCSS တပ်ဖွဲ့ဝင် ၄ ဦးကို ဆက်ကြေးကောက် သံသယရှိသည်ဟု စွပ်စွဲကာ အစိုးရ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု စုံစမ်းသိရှိရသည်။ အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်ဖွဲ့မှာ ကျိုင်းတုံအခြေစိုက် ရွှေတြိဂံတိုင်း စစ်ဌာနချုပ် တပ်ရင်း ၂၄၅ နှင့် စစ်ဘက်ရေးရာ လုံခြုံရေး...
ကျောက်မဲမြို့နယ်ရှိ လက်ဖက်ခြံထဲတွင် အမျိုးသမီး၂ ဦး သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဟောင်ဟိုင်( ချောင်းချောက် ) ကျေးရွာ အုပ်စု ဖာလိန်ရွာ တွင် အမျိုးသမီး ၂ ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ မေလ ၁၈ ရက် ယမန်နေ့ မနက် ၈နာရီ အချိန်တွင် ကျောက်မဲမြို့နယ်အရှေ့ဘက်ရှိ ဟောင်ဟိုင်ကျေးရွာအုပ်စု ( )...
မူဆယ်မြို့ တွင် မူးယစ်ဆေးနှင့် လက်နက်များ ဆက်တိုက် သိမ်းဆည်းရမိ
သျှမ်းပြည် မြောက်ပိုင်းမူဆယ်မြို့တွင် ကျပ်သိန်းပေါင်းထောင်ချီတန်ဖိုးရှိ မူးယစ်ဆေး၀ါးများ သိမ်းဆည်းရမိကြောင်းသိရသည်။ မေ ၁၇ ရက် ယမန်နေ့ မနက်ပိုင်းက မူစယ်မြို့ ရထိုက်လမ်းဆုံ နေရာတွင် စိုးလှိုင် ဆိုသူမောင်းနှင်ပြီး မင်းထက်ကျော်လင်း လိုက်ပါစီးလာသည့် ဆိုင်ကယ်ကို အာဏာပိုင်များ တားဆီးစစ်ဆေးရာ သယ်ဆောင်လာသည့် အဝါရောင် ပီနံအိတ် အတွင်း ၌...
လားရှိုးတွင် အသက် ၁၈ နှစ်အရွယ် အမျိုးသားတဦး ဓားခုတ်ဒဏ်ရာဖြင့်သေဆုံး
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ဓားခုတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အသက်၁၈နှစ် အရွယ် အမျိုးသား တဦး အလောင်းကို တွေ့ရှိကြောင်း သတင်းရရှိသည်။ မေလ ၁၇ ရက် ယမန်နေ့ ညနေပိုင်းက လားရှိုးမြို့ ဟူးမွန်ဆည်နှင့် ကောက်ကွေးဆည်ကြားရှိ ချုံထဲတွင် အသက် ၁၈ နှစ်...
တာချီလိတ်တွင် ပိုင်ရှင်မဲ့ လက်နက်နှင့် မူးယစ်ဆေးများ သိမ်းဆည်းရမိ
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် အတွင်း ပိုင်ရှင်မဲ့ လက်နက်နှင့် မူးယစ်ဆေး ကျပ်သိန်း ၁၃၀၀ ကျော် သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ မေလ ၁၇ ရက် မနက် ၇ နာရီ ခွဲခန့်က တာချီလိတ်မြို့ မိုင်းဖုန်း(က) အုပ်စု၊ လွန်းကျိုင်း ကျေးရွာရှိ စိုင်းလှရွှေ နေအိမ်အား...
“ဝ” ဒေသ တွင် ရွှေဆိုင် ဓားပြတိုက်၊ လူသတ်မှု ကျူးလွန်သည့် တရုတ်နိုင်ငံသား ၃ဦး သေဒဏ်စီရင်ခံရ
“ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ရှိ ရွှေဆိုင် ဓားပြတိုက်ပြီး လူသတ်မှု ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား ၃ဦး ကို သေဒဏ်စီရင်ခဲ့ကြောင်း သတင်း ရရှိသည်။ သေဒဏ်စီရင်ခံရသည့် တရုတ်နိုင်ငံသား ၃ဦးသည် မေ ၃ရက် တွင် “ ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ...
မူဆယ် တွင် တရားမဝင် တရုတ်နိုင်ငံသားများ နှင့်အတူ မူးယစ်ဆေး ၁၈၀၀၀ ကျော် သိမ်းဆည်းမိ
သျှမ်းပြည် မြောက်ပိုင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများထံ ငွေကျပ်သိန်း ၁၈၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ စွမ်စော်ရပ်ကွက် တွင် မေ ၁၅ ရက် မနက်၁နာရီ ဝန်းကျင်က လိတီချန်း ပိုင်ဆိုင်သည့် နေအိမ် အတွင်း...






