Tuesday, January 27, 2026

ပန်ဆိုင်းမြို့နယ် ဆိုင်ကယ်ဖြင့် ရွာလှည့်တံမြက်စည်းရောင်းသူ သေနတ်ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ပန်ဆိုင်းမြို့နယ် မန်မိုင်ကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၂၂)ရက်မနက်ပိုင်း တွင် ဆိုင်ကယ်ဖြင့် ရွာလှည့်ပြီး တံမြက်စည်း ရောင်းသူတစ်ဦး သေနတ် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

ယနေ့ (စက်တင်ဘာလ ၂၂) ရက် မနက် ၉ နာရီကျော်တွင် ပန်ဆိုင်းမြို့နယ် မန်မိုင်ကျေးရွာတွင် ဆိုင်ကယ်ဖြင့် တံမြက်စည်းရောင်းသူကို အမည်မသိလက်နက်ကိုင် လူ(၂)ဦးက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ၎င်းကို သေနတ် ၃ချက်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့ ၉ နာရီကျော် ၁၀ မိနစ် လောက်က ဖြစ်တယ်၊ ရွာထဲကို ဆိုင်ကယ်နဲ့ တံမြက်စည်းတင်ပြီး ဝင်လာတဲ့သူကို အရပ်ဝတ်နဲ့ လက်နက်ကိုင် လူနှစ်ယောက်က သေနတ်သုံးချက်နဲ့ ပစ်သွာတာ၊ သူကတော့ အဲ့နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦး က ဆိုသည်။

အဆိုပါ သေဆုံးသွားသူသည် ဗမာလူမျိုးဖြစ်ပြီး ၎င်း၏ နေရပ်လိပ်စာနှင့် အမည်များကို မသိရှိရကြောင်း ၎င်းကို လာရောက်ပစ်ခတ်သွားသူကိုလည်း ဘယ်အဖွဲ့အစည်းမှ ဖြစ်ကြောင်းလည်း အတည်ပြု ပြောဆိုခြင်းများလည်း မသိရကြောင်း ၎င်းက ပြောသည်။

“သေသွားတဲ့သူက ဗမာလူမျိုးလိုပဲ သိရတယ်၊ ကျန်တာတော့ မသိရသေးဘူး၊ သူ့ကို လာပစ်တဲ့သူတွေက လည်း ဘယ်သူဘယ်ဝါမှန်းမသိရဘူး၊ သူသေဆုံးပြီး မကြာဘူး ရွာထဲကို ဌာနဆိုင်ရာတွေ စစ်တပ် ကလူတွေ လာကြည့်ကြတာ များတယ်၊ ၁၁ နာရီလောက်မှာတော့ မီးသတ်တွေ ရဲတွေက သူ့ Dead Body က လာသယ်သွားကြတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့်နှစ်တွင်လည်း ပန်ဆိုင်းမြို့နယ်အတွင်းသို့ ဆိုင်ကယ်ဖြင့် ကုန်စိမ်းလာရောင်းသော ဈေးသည် အယောင်ဆောင် စစ်တပ်ဖက်မှ သူလျှိုတစ်ဦးကိုလည်း အမည်မသိ လက်နက်ကိုင် တစ်ဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း လည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

ကျိုင်းတုံမြို့နယ် ဆယ်အိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ

0
သျှမ်းပြည် ကျိုင်းတုံမြို့နယ်မှ ဆယ်အိမ်မှူး တစ်ဦးသည် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကျိုင်းတုံမြို့၊ ပန်ယောင်းကျေးရွာမှ အသက် (၃၅) နှစ် ဆယ်အိမ်မှူး တစ်ဦးသည် အမျိုးသမီးဖြစ်သူ နှင့်...

လဲချားမြို့နယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

0
သျှမ်းပြည် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ၎င်းနေအိမ်အနီးသို့ လာရောက်ပစ်ခတ်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်) ညပိုင်း ၇ နာရီဝန်းကျင်တွင် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား ဆိုင်ကယ်တစ်စီးနှင့်...

မိုးနဲမြို့  အိမ်ဝန်းထဲ အမျိုးသားတစ်ဦး  သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ လွယ်မြေရပ်ကွက် တွင်နေထိုင်သည်  အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးက အိမ်ဝန်းထဲအထိလာရောက်ပြီး သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာပြီး  အသက် ၄၀ အရွယ်ရှိ စိုင်းအိုက်ခြုံကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ “သူ့တို့အိမ်ကလည်းဆေးရုံဝန်းထဲမှာဆိုတော့...