တာချီလိတ်မြို့တွင်း လုယက်ခိုးယူမှု ပိုမိုများပြားလာ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင်းတွင် စစ်ကောင်စီလုံခြုံရေး တိုးမြှင့်ချ ထားသော်လည်း လုယက်ခိုးယူမှု တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူခံရမှုဖြစ်ပွားလေ့ရှိပြီး လက်ရှိတွင် ဓါးဖြင့်ထောက်ပြီး ပိုက်ဆံနှင့် ဆိုင်ကယ် လုယုများသည်လည်း ပြည်သူများ မကြာခဏ ဖြစ်ပွားကြောင်း တာချီလိတ် မယ်ခေါင်ရပ်ကွက် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆို သူခိုးတွေက ပစ္စည်းတွေကိုခိုးတာပဲမဟုတ်ဘူး၊ လုပါလုလာတယ်၊ ခြောက်လက်မဓါးနဲ့ ဈေးထဲရပ်ကွက် ထဲပါလာလုတယ်၊ ဟို မနေ့ကဆို ဆိုင်မှာခေါက်ဆွဲစားနေတဲ့ အမျိုးသမီး လည်မြိုကို ဓါးထောက်ပြီးတော့ ပိုက်ဆံ အိတ်လုယူသွားတယ်၊ ဒါက နေ့ခင်းကြီးပဲနော်၊ သူခိုးတွေက ဓါးပြလိုဖြစ်လာပြီ၊ ဘာအကြောက်အရွံ့မှ မရှိတော့ ဘူး” ဟု မယ်ခေါင်ရပ်ကွက် အမျိုးသားတစ်ဦး က ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင်းတွင် လုံခြုံရေး အများအပြားချထားသော် လည်း ဆိုင်ကယ်ခိုးယူမှုကို ဖမ်းဆီးရမိသည့် သတင်းများလည်း မကြားရသည့်အပြင် နေ့ခင်းပိုင်း အချိန်များတွင်ပါ ခိုးမှုများ ရှိလာသည့်အတွက် ဒေသခံပြည်သူများ၏ အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရသည့် အဆင့်ထိ ရောက်ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ရဲတွေ၊ စစ်သားတွေက မြို့ထဲရပ်ကွက်ထဲမှာ လုံခြုံရေးချထားတာပဲ၊ ဒါပေမဲ့ သူတို့က သူတို့ဖမ်းချင်တဲ့သူကိုပဲ သူတို့ဖမ်းတာ၊ သူခိုး ဓါးပြတွေ ဒီလောက်သောင်းကျန်းနေတာ သူတို့က ဘာမှမလုပ်ပေးဘူး၊ လူငယ်တွေကိုကျ တော့ ဖမ်းကြတယ်၊ ရပ်ကွက်လုံခြုံရေး မြို့ရွာလုံခြုံရေးအတွက်လုပ်ဆောင်ပေးမယ်ဆိုတာ မရှိဘူး” ဟု ပါဆတ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင်းရှိ စစ်သားနှင့် ရဲသားတို့သည် လုံခြုံရေးများနေသော်လည်း ဆိုင်ကယ်ခိုးမှုများနှင့် ပြည်သူ့ အသက်အန္တရာယ်ပြုသည်အထိ လုပ်ဆောင်နေကြသော တရားခံများကို စုံစမ်းဖမ်းဆီးခြင်းများ မရှိသော်လည်း အာဏာသိမ်းမှုကိုဆန့်ကျင်သူဟု သံသယရှိသူများအား ရှာဖွေဖမ်းဆီးခြင်းကိုမူ တစိုက်မတ်မတ် ဆောင်ရွက်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...

UWSA ဒေသ သတ္တုတူးဖော်ရာတွင် ဖောက်ခွဲရေး၊ ဓာတုပစ္စည်း အလွန်အကျွံမသုံးရ ဟု အသိပေး

0
ရွှေ၊သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် ‘ဝ’တပ် (UWSA) ထိန်းချုပ်သည့် ဒေသအတွက် ထိခိုက်နစ်နာမှု မရှိစေရန် နှင့် ပြဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံ အသိပေးလိုက်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့်ထိုင်းကို ဖြတ်သန်းစီးဆင်းနေသော...

ကြက်မွေးမြူရေးသုံး ကုန်စျေးနှုန်းမြင့်တက်လာမှုကြောင့် ကြက်ဉ တလုံး ၈၀၀ကျပ်ရှိ

0
သျှမ်းပြည်တောင်ပိုင်းတွင် နေ့စဉ်စားသုံးမှုများသည့် အခြေခံအစားအစားတမျိုးဖြစ်သော ကြက်ဉစျေးနှုန်းသည် တလုံးလျှင် ကျပ်ငွေ ၈၀၀ ထိမြင့်တက်လာကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်သည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့်ကုန်ပစ္စည်းများကို ပိတ်ပင်လိုက်ပြီး ထိုထဲတွင် တိရိစ္ဆာန်မွေးမြူရေးသုံးပစ္စည်းများလည်း အပါအဝင်ဖြစ်သည်။ ထို့ကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသည့် အစာခြောက်များ၊ ကြက်ကာကွယ်ဆေးများ ရှားပါးလာပြီး တင်သွင်းလာသည့်...

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...