ကျောက်မဲမြို့နယ် ဆီဘောက်ဆာကား ဓားပြတိုက်ခံရ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ အနီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၂၁)ရက် ညပိုင်းက ဆီဘောက်ဆာကားတစ်ဆီး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။

ကျောက်မဲအနီး ဆီဘောက်ဆာကား ဓားပြတိုက်ခံရ

ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ ရဲရွာရေအားလျှစ်စစ်ဓါတ်အားပေးစက်ရုံလမ်းခွဲအနီးတွင် စက်တင်ဘာ (၂၁)ရက် ည (၁၁)နာရီဝန်းကျင်က မန္တလေး မှ သိန္နီမြို့သို့ ပြေးဆွဲနေသည့် ဆီဘောက်ဆာကားတစ်စီး ဓားပြတိုက်ခံရတာဖြစ်ကြောင်း သိရသည်။

“ဓါးပြက (၅)ယောက်လောက်ရှိတယ်၊ ပါလာတဲ့ပိုက်ဆံနဲ့ ဖုန်းကို ယူသွားတယ်၊ နောက်ပြီး အုံနာဆီ ဖုန်းဆက်ခိုင်းပြီး ဖုန်းထဲကို Wave Money နဲ့ (၁၀)သိန်း လွှဲခိုင်းသေးတယ်၊ မလွှဲပေးရင် ကားကို မီးရှို့မယ်ဆိုပြီး ဓားထောက်ခြိမ်းခြောက်တာ” ဟု သီပေါမြို့နေ ဓားပြတိုက်ခံရသည့် ကားဆရာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓါပြတိုက်ခံရမှုကြောင့် ပိုက်ဆံ (၁၂)သိန်းဝန်းကျင်နှင့် ဖုန်း (၂)လုံး ယူဆောင်သွားခဲ့ကြောင်း သိရသည်။

မန္တလေး − လားရှိုး − မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ထိုနေရာသည် ယခင်နှစ်များတွင်လည်း နွားကားများ မကြာခဏအပစ်ခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...