CATEGORY

စီးပွားရေး

မူဆယ်မြို့ ၁၀၅ မိုင်တွင် ဖရဲသီးများ စွန့်ပစ်ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅)မိုင်တွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးတင်ကားများသည် လမ်းတွင် အချိန်ကြန့်ကြာနေသဖြင့် ဖရဲသီးများ စွန့်ပစ်လိုက်ရကြောင်း သတင်းရရှိသည်။ မန္တလေးမြို့ ဘက်မှ တက်လာသည့် ဖရဲသီးတင်ဆောင်လာသည့် ကားများသည် တရုတ်နိုင်ငံသို့ ပို့ဆောင်ရန်အတွက် စစ်ဆေးမှုကြန့်ကြာနေသဖြင့် ဖရဲသီးများပုပ်သိုးကာ စွန့်ပစ်လိုက်ရတာဖြစ်ကြောင်း ကုန်တင်ကားဆရာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တရုတ်ထဲကို...

စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ မောက်မယ်ဒေသခံများ

စွတ်ကျယ်အင်္ကျီနဲ့ ဟောင်းနွမ်းနေတဲ့ ပုဆိုးကို ဝတ်ဆင်ပြီး ခန္ဓာကိုယ်မှာလည်း အဖြူမှုန့်တွေ ပေကျံနေသူတစ်ဦးက ဆာလာအိတ်ကို အခင်းလုပ်ထိုင်ကာ ကျောက်တုံးငယ်တစ်တုံးကို အာရုံစိုက်ပြီး ထုဆစ်နေပါတယ်။ အဲဒီလူရဲ့ ဘေးပတ်ပတ်လည်မှာ ဂေါ်ဒန်ကျောက်တုံးတွေ၊ ဘုရားဆင်းတုတော်တွေ၊ နောက်ပြီး ပုံတူ ရုပ်ထုတွေလည်း ရှိနေပါတယ်။ သူကတော့ ပန်းဆယ်မျိုးထဲက တစ်မျိုးဖြစ်တဲ့ ပန်းတမော့ ပညာရှင် ဦးစိုးမောင်...

ကျောက်မဲစျေးများ ပုံမှန်ပြန်လည်ဖွင့်လှစ်

သျှမ်းမြောက် ကျောက်မဲမြို့အတွင်းရှိ ဗဟိုစျေး၊ မင်္ဂလာစျေး၊ ညနေစျေးတို့အား ယမန်နေ့ (ဒီဇင်ဘာ ၂၂ ရက်) မှစပြီး ပုံမှန် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းသိရသည်။ ကျောက်မဲ ဗဟိုစျေးကို ယခင်က စျေးတောင်ဘက်နှင့် မြောက်ဘက်ကို အလှည့်ကျ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယနေ့မှ ပုံမှန်ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ကြောင်း သိရသည်။ “စျေးတွေကို ပုံမှန် ပြန်ဖွင့်ပေးတော့...

ပျောက်ကွယ်လုနီး လင်းခေး ရိုးရာ ပင်နီချည်ထည်လုပ်ငန်း

“တောပြုန်းတီးလာလို့ ချည်ထည်တွေကို အရောင်ဆိုးဖို့ လိုတဲ့ သဘာ၀ဆေးပင်တွေ ရှားလာတယ်။ ကျမတို့ ရွာမှာ လုပ်တဲ့သူ (၃) အိမ်လောက်ပဲရှိတော့တယ်။ အဲ့ဒီ (၃) အိမ်လဲ အသက်ကြီးပိုင်းတွေပဲ လုပ်တော့တာ” လို့ နားကုန်းရွာ ဒေသခံ ပါဆွယ် က ပြောပါတယ်။ နားကုန်းကျေးရွာဟာ ဗိုင်းငင်လုပ်ငန်း ချည်ထည်လုပ်ငန်းတွေကို...

လားရှိုး ဟိုနားကျေးရွာ တရွာလုံး အစားအသောက် ခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနားကျေးရွာတွင် ကိုဗစ် ၁၉ ကာလနှင့် နိုင်ငံရေးအခြေအနေတွေကြောင့် တရွာလုံးနီးပါး စားဝတ်နေရေး ခက်ခဲလာပြီး ထမင်းနပ်မှန် မစားရကြောင်း စုံစမ်းသိရှိရသည်။ ဟိုနားကျေးရွာတွင် အိမ်ခြေ ၁၀၀ နီးပါးရှိပြီး ဝါးဖြင့် ဖျာယက်လုပ်ငန်းကို အဓိက လုပ်ကိုင်ကြတာဖြစ်ပြီး ဝယ်ယူသူနည်းပါးလာသောကြောင့် စားဝတ်နေရေးအတွက် အလှူရှင်များကို အားကိုးလာရကြောင်း...

အင်းလေး ရေပေါ်စျေး ပြန်ဖွင့်မည်

သျှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ ရေပေါ်စျေးအား ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကိုဗစ်စည်းကမ်းနှင့်အညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမရှိ ရေပေါ်စျေး ပြန်လည်ဖွင့်လှစ်ပါက ဒေသခံများတွက် အကျိုးရှိသော်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်လာမှာကိုတော့ စိုးရိမ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဒေသခံတွေအတွက်က အကျိုးရှိပါတယ်၊ ဒါပေမယ့် ရေပေါ်စျေးက ဒေသခံတွေပဲ...

မိုဘိုင်းဒေတာ စျေးနှုန်း ၂ ဆ တိုးမြှင့်ကောက်

မြန်မာနိုင်ငံတွင် မိုဘိုင်းဒေတာ အင်တာနက်ဈေးနှုန်း ယခင်ထက် ၂ ဆ ဈေးကြီးခြင်းသည် စစ်ကောင်စီမှ အင်တာနက်လိုင်းပေါ် သတင်းရှာဖတ်ရာတွင် ခက်ခဲအောင် ပြုလုပ်နေသည်ဟု သျှမ်းပြည်လူထုများက ပြောဆိုလိုက်သည်။ ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှ စပြီး အင်တာနက် မိုဘိုင်းဒေတာများသည် ယခင်ထက် ဈေးပိုကြီးလာပြီး ပြည်သူများတချို့ အင်တာနက်ပေါ်တွင်...

တရုတ်နိုင်ငံ ပို့မည့် ဖရဲသီးများ အရှုံးပေါ် နေ

တရုတ်ပြည်ဘက် တင်ပို့ရောင်းချမည့် ဖရဲသီးများသည် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် (၁၀၅)မိုင်တွင် ရက်ကြာ စောင့်ဆိုင်းနေရသဖြင့် ဖရဲသီးများ ပုတ်သိုးပြီး အရှုံးပေါ်နေကြောင်း စုံစမ်းသိရှိရသည်။ တရုတ်နိုင်ငံဘက်မှ မူဝါဒ အမျိုးမျိုး ပြောင်းခြင်း၊ ဖရဲသီးဈေးကွက်ကို မသိရသေးသောကြောင့် လမ်းတွင် ကြာပြီး အသီးများ ပုတ်သိုးပျက်စီးသဖြင့် လွှင့်ပစ်နေရကြောင်း ကားသမား အမျိုးသားတစ်ဦးက...

မောက်မယ်က ပန်းတမော့လက်မှုလုပ်ကိုင်သူ စီးပွားရေးခက်ခဲလာ

သျှမ်းတောင် မောက်မယ်မြို့နယ်အတွင်း ရှိ ဘုရားဆင်းတုတော်များ ထုဆစ်သည့် ပန်းတမော့ လက်မှုလုပ်ကိုင်သူများ စီးပွားရေးခက်ခဲလာကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ ပန်းတမော့လုပ်ငန်းသည် ကိုဗစ်နှင့်စစ်အာဏာသိမ်းမှုကြောင့် ဘုးရားဆင်းတုတော်၊ ပုံတူရုပ်ထု ရောင်းဝယ်ရေးခက်ခဲကာ စားဝတ်နေရေးအတွက်ပင် ရုန်းကန်နေရကြောင်း ထိုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ရောင်းဝယ်ရေး အဆင်မပြေတာပါ။ အရင်နှစ်က မှာတဲ့ဟာတွေ လုပ်ပြီးပြီ၊ ပို့လို့မရတာ။...

၄ လခန့်ကြာ ပိတ်ထားတဲ့ နောင်ချိုစျေး ခုရက်ပိုင်း ပြန်ဖွင့်မည်

သျှမ်းမြောက် နောင်ချိုမြို့နယ်အတွင်းရှိ စျေးများ လာမည့် ဒီဇင်ဘာလ (၃)ရက်တွင် ပြန်လည် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းသိရသည်။ ၄လ ကြာပိတ်ထားသည့် နောင်ချို့မြို့နယ် အတွင်းရှိ စျေးများ ပြန်ဖွင့်မှာ ဖြစ်ပြီး၊ ပြန်ဖွင့်ချိန်တွင် လာရောက်ရောင်းချမည့် စျေးသည်များအနေဖြင့် သတ်မှတ်ထားသည့် စည်းကမ်းအတိုင်းသာ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ “စျေးရောင်းမယ့်သူတွေက ကိုဗစ်...

Latest news