မြန်မာပြည်မှ တင်ပို့သည့် သစ်သီးများ ကိုဗစ်ပိုးတွေ့ရှိပါက အကုန်မီးရှို့ပစ်မည်ဟု တရုတ်ခြိမ်းခြောက်

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် တရုတ်ဘက်မှ ပြုလုပ်နေသည့် ကိုဗစ် စစ်ဆေးမှုများရှိနေရာ မြန်မာပြည်မှ တရုတ်ဘက်သို့ တင်ပို့သည့် သစ်သီးများတွင် ကိုဗစ်ပိုးတွေ့ရှိပါက မီးရှို့ဖျက်ဆီးပစ်မည်ဟု တရုတ်ဘက်မှ ခြိမ်းခြောက်ပြောဆိုထားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းမှ စတင်ကာ တရုတ်တို့သည် မြန်မာပြည်၊ သျှမ်းပြည် နှင့် မြန်မာပြည် ထုတ်ကုန်နှင့် သစ်သီးများကို စတင်လက်ခံခဲ့ပြီး စစ်ဆေးမှုများလည်း ပြင်းထန်စွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသို့ တင်ပို့မည့် သရက်သီးများ

ထိုကိစ္စများနှင့် ပတ်သက်ပြီး တရုတ်ဘက်မှ ပြုလုပ်သည့် ကိုဗစ် စစ်ဆေးမှုများတွင် မြန်မာပြည်ဘက်မှ ကားသမား ဆေးစစ်ခ ၃၂၀ ယွမ်ပေးဆောင်ရကြောင်း မူဆယ်နှင့် တရုတ်ဘက်သို့ ကုန်ကား မောင်းနေသည့် သျှမ်းအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တရုတ်ဘက်က ကျနော်တို့ဆီ သစ်သီးတွေ မယူခင် ဆေးစစ် ဆေးဖျန်းပါတယ်၊ အခုကတော့ သရက်သီးတွေ ပေါ့၊ သူတို့က အဲ့သရက်သီးတွေမှာ ဆေးတွေဖျန်းလိုက်လို့ အသီးတွေက မဲပြာသွားတယ်၊ အဲ့ဆေးဖိုးအတွက် လည်း ကျနော်တို့ ကားသမားတွေက ၃၂၀ ယွမ် ပေးဆောင်ရတယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

ဆေးဖျန်းပြီးနောက် ကိုဗစ်ပိုးရှိ/မရှိလည်း ထပ်မံစစ်ဆေးပြီး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိပါက ကားတစ်စီးနှင့် အပြည့်တင်ထားသည့် သရက်သီးများလည်း မီးရှို့ဖျက်ဆီးခံရမည်ဟု တရုတ်ဘက်က ပြောဆိုထားကြောင်း မြန်မာပြည်မှ သရက်သီးကုန်သည်တစ်ဦးက ပြောသည်။

“သရက်သီးတွေကတော့ မြန်မာပြည် အလယ်ပိုင်းနဲ့ သျှမ်းပြည်က လာတယ်၊ အရင်တုန်းက ၁၆ ကီလိုရှိတဲ့ သရက်သေတ္တာကို ၁၄၀ ယွမ်၊ သေချာထုပ်ပိုးထားတဲ့ သရက်သီးဆိုရင် ၁၆၀ ယွမ်အထိ ဈေးရတယ်၊ ဒါပေမဲ့ လမ်းမှာ ကိုဗစ် စစ်ဆေးပြုလုပ် ရတဲ့အခါမှာတော့ တကယ်စိန်ခေါ်မှုပဲ၊သရက်သီး တစ်လုံးမှာ ပိုးတွေ့တာနဲ့ တစ်ကားလုံးက အသီးတွေလည်း မီးရှို့ခံရမယ်လေ” ဟု ကားသမားက ပြောသည်။

လက်ရှိအချိန်တွင် သရက်သီးဈေးနှုန်း/ဈေးကွက် ကောင်းနေသော်လည်း မိုးဦးကာလအတွင်းကျလာသည့် လေပြင်းမုန်တိုင်းနှင့် မိုးသီးများကြောင့် သရက်သီးများ ကြွေကျပျက်စီးရကြောင်းလည်း သျှမ်းပြည်ထဲမှ သရက်သီး ခြံလုပ်ငန်းရှင်များက ညည်းတွားပြောဆိုနေကြသည်။

ယခင် နိုင်ငံရေးကောင်းစဥ်ကာလတွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ မြန်မာပြည်မှ သရက်သီးများကို တရုတ်ကုန်သည်များက တရက်လျှင် ၁၀၀ တန်ထက် မနည်း ဝယ်ယူခဲ့ကြသော်လည်း လက်ရှိမှာတော့ တရက်လျှင် ၅၀ တန်ဝန်းကျင်ခန့်သာ ဝယ်ယူနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

မူဆယ်မြို့နယ် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် MNDAA ထိန်းချုပ်ထားစဉ် မြန်မာအလံပြန်လွှင့်ထူ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၅ ဧပြီလ ၃၀ ရက် သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားစဉ် မြန်မာနိုင်ငံအလံကို ပြန်လည် လွှင့်ထူထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၈ ရက် ညနေ ၅ နာရီခန့်တွင်...

စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်များ မူဆယ် စစ်ကောင်စီက နယ်စပ်ဖြတ်သန်းခွင့်မပြုတော့

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် လဝကများက နယ်စပ်ဖြတ်သန်းခွင့် မပြုတော့ကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၂) ရက်မှ စတင်ပြီး မူဆယ်မြို့ရှိ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် (၁၈)...