သီပေါမြို့ မြစ်ကမ်းနံဘေးတွင် သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ရှိ သုဓ္ဒဝတီ မြစ်ကမ်းနံဘေးရှိ စန်းမာလာ ဥယာဥ် အနောက်ဘက်တွင် အအေးပတ်ပြီး သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိခဲ့ကြောင်း သတင်းသိရသည်၊၊ ယမန်နေ့ ( နိုဝင်ဘာ ၇) ရက် ည ၈ နာရီဝန်းကျင်တွင် သီပေါမြို့ စန်းမာလာဥယျာဥ် အနောက်ဘက်၌ အမျိုးသား...
အောင်ပန်းမြို့ ကိုဗစ်ကူးစက်ခံထားရသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်း တွေ့ရှိ
သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ ပြည်သာယာစျေးအနီးရှိ လွယ်မယ်အတက်လမ်းဘေးတွင် လဲကျပြီး သေဆုံးနေသည့် ပိုင်ရှင်မဲ့ အလောင်းမှ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁) ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ပြည်တော်သာဈေးအနီး လဲကျသေဆုံးနေသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိရကြောင်း ဒေသခံများ ဖုန်းဆက်လာသဖြင့်...
ရွှေလီမြို့နယ် ပြည်သူများ ကိုဗစ်-၁၉ စစ်ဆေးမှုကို လက်မခံ
မြန်မာ - တရုတ် နယ်စပ် ရွှေလီမြို့နယ် နောင်တောင်းကျေးရွာအုပ်စု၊ စယ်ဆိုင်ကျေးရွာအုပ်စု ဒေသခံများ နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက တရုတ်အစိုးရ ကျန်းမာရေးဌာနမှ ကိုဗစ် - ၁၉ လာရောက်စစ်ဆေးပေးခြင်းကို လက်မခံကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ထိုကျေးရွာအုပ်စုထဲတွင် တရုတ်အစိုးရ ကျန်းမာရေးဌာနက ကိုဗစ် -...
မိုင်းကိုင်မြို့ ကိုဗစ် – ၁၉ ပိုးတွေ့လူနာ တစ်ဦးသေဆုံး
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာမှ ဒေသခံ အမျိုးသား တစ်ဦး ကိုဗစ်-၁၉ ဖြင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အမျိုးသားသည် အောက်တိုဘာ (၂၄) ရက်နေ့ ည အချိန်တွင် သေဆုံးသွားကြောင်း သိရှိရသည်။ “ သူက ပန်ကေတု ကနေလာတာ။ နေမကောင်းလို့...
လင်းခေးမြို့နယ် ရာသီတုပ်ကွေး ဖြစ်သူများပြားနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်အတွင်း ဒေသခံ ပြည်သူများ ရာသီတုပ်ကွေး ဖြစ်ပွားမှု များပြားနေကြောင်း သတင်းသိရသည်။ အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ လင်းခေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက ရာသီတုပ်ကွေးဖြစ်ပြီး နှာစေး၊ ချောင်းဆိုး၊ အဖျားတက်သူ များပြားသဖြင့် ဆေးရုံ နှင့် ဆေးပေးခန်းများ၌ လူနာများ နေ့တိုင်းပြည့်နေကြောင်း ဒေသခံအမျိုးသား တစ်ဦးက...
တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ချို့ ကိုဗစ်လူနာ လက်ခံကုသပေးခြင်းမရှိ
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါတစ်ကြော့ ပြန်လည်များလာပြီး ပိုးတွေ့လူနာများကို တစ်ချို့ ပုဂ္ဂလိက ဆေးရုံများက လက်ခံကုသပေးခြင်းမရှိတော့ကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် သံဃာတော်တစ်ပါး တောင်ကြီးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဆေးလာကုသရာမှ ကိုဗစ်-၁၉ ပိုးတွေ့ရှိသောကြောင့် ဆေးလက်ခံ...
ကျန်းမာရေး အကြောင်းပြ နေအိမ်များ လူတစ်စု ဆေးလိုက်လံဖြန်းနေ
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်းရှိ ပြည်သူနေအိမ်များကို ကျန်းမာရေးအရ ဟု အကြောင်းပြကာ နေအိမ်များထဲ ပိုးသတ်ဈေးဖြန်းခြင်း၊ နေအိမ်ကို ဆေးသုတ်ပေးခြင်းများ ပြုလုပ်လာနေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ် တို့တွင် ကျန်းမာရေးအရ ဟုဆိုပြီး နေအိမ်များထဲ ပိုးသတ်ဆေး လိုက်လံဖြန်းပေးနေကြောင်း သိရသည်။ “...
ကွတ်ခိုင်မြို့နယ် ပန်ယန်းခါးစစ်ရှောင်စခန်း ကလေးငယ်များဖျားနာ၊ အစာအာဟာရ ပြတ်လပ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ပန်ယန်းခါး စစ်ရှောင်စခန်းတွင် ယခုကာလတွင်း ရာသီဉတု ပြောင်းလဲမှုကြောင့် ကလေးငယ်များ ဖျားနာနေကြပြီး စားနပ်ရိက္ခာအတွက် အစာအာဟာရပြတ်လပ် နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စခန်းရှိ စစ်ရှောင်ဦးရေမှာ (၂၅၃) ဦးရှိပြီး အသက် ၁၀ နှစ် အောက်ကလေးငယ် တချို့သည်...
ရွှေလီမြို့ ကိုဗစ် – ၁၉ ကူးစက်မှု မြင့်တက်လာသဖြင့် Lockdown ပြန်လည်ချထား
မြန်မာ - တရုတ်နယ်စပ် တရုတ်ပြည် ရွှေလီမြို့အတွင်း ကိုဗစ် - ၁၉ ကူးစက်မှု ပြန်လည်မြင့်တက်လာသဖြင့် ရွှေလီမြို့ တမြို့လုံးကို Lockdown ပြန်လည်ချထားလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ ၁၂ ရက် မနက် (၁) နာရီ မှ စတင်ပြီး...
နမ္မတူမြို့နယ် COVID-19 ကူးစက်ခံရသူ တစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံတွင် COVID - 19 ကုသခံယူနေသူ အမျိုးသားတစ်ဦးက ယမန်နေ့ အောက်တိုဘာ ၃ ရက်တွင် သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၃ ရက် မနက်ပိုင်း ၁ နာရီ ဝန်းကျင်တွင် ပြည်သူ့ဆေးရုံမှ COVID -...






