တာချီလိတ် ကလေးအပါအဝင် (၅) ဦး ချောကလက်စားပြီး ဆေးရုံတင်ဆောင်ထားရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရန်အောင်မြေ ပါလျှံ (၁) ရပ်ကွက် အလိုတော်ပြည့် ဘုန်းကြီး ကျောင်းအနီး၌ အိမ်ဌားနေသူများ ချောကလက်စားပြီး ဦးခေါင်းမူးဝေလာကာ ဆေးရုံသို့ တင်ဆောင်ထား ရကြောင်း သိရသည်။

ချောကလက်စားပြီး ဦးခေါင်းမူးဝေလာကာ ဆေးရုံသို့ တင်ပို့ဆောင်စဥ်

ယနေ့ (ဒီဇင်ဘာလ ၇) ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ကလေးငယ် ၂ ဦး၊ အမျိုးသားတစ်ဦး နှင့်အမျိုးသမီး ၂ ဦးတို့သည် သက်တမ်းကုန်ဆုံးသော ချောကလက်လုံးများကို စားမိကာ ဦးခေါင်းမူးဝေဖြစ်ပြီး တာချီလိတ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း တာချီလိတ် ဦးလှမိုး လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ သက်တမ်းကုန်တဲ့ ချောကလက်ကို စားမိတာနဲ့တူတယ်။ ချောကလက်က အပေါက်အဖာတွေနဲ့ စားပြီးတော့ ဦးခေါင်းမူးဝေပြီး အော့အန်တာ။ သူတို့ကို တာချီလိတ် ဆေးရုံကြီးကို ပို့ထားတယ်။ သေလောက်တဲ့အထိတော့ မဖြစ်ဘူးလို့ ဆရာဝန်ကတော့ပြောတယ်။ လူကြီးတွေတော့ ဘာမှတော့ မဖြစ်တော့ဘူး၊ ကလေးတွေကတော့ မှိန်းနေသေးတယ် “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ချောကလက်လုံးများကို သက်ဆိုင်ရာ ဆရာဝန်များက ဓာတုပစ္စည်းပါဝင်မှု ရှိ၊ မရှိ စစ်ဆေးနေကြောင်း သိရသည်။

ချောကလက်လုံးစားပြီး ဦးခေါင်းမူးဝေပြီး ဆေးရုံကြီးသို့ တင်ဆောင်ခံထားရသူမှာ အသက် ၂ နှစ် မောင်ထူးမြတ်ဝေ၊ အသက် ၁ နှစ်အရွယ် နန်းသဇင်မိုး၊ အသက် ၂၉ နှစ် မသီတာသိမ့်၊ အသက် ၂၁ နှစ် မယမင်း နှင့် အသက် ၁၇ နှစ် မောင်အောင်ကျော်လင်းတို့ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်တွင် တာချီလိတ်မြို့ ကျောက်တောင်ရပ် နတ်မောက် ရွှေသူဌေးကုန်းကျောင်း တိုက်တွင် ဆရာတော်တစ်ပါး နှင့် ဒကာ ၄ ဦးတို့သည် တရုတ်စာတမ်းပါ (Coffee SHQ) ကော်ဖီကို သောက်မိပြီးနောက် သတိလစ်မေ့သွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...