CATEGORY
ရွှေ့ပြောင်းအလုပ်သမား
Migration
ဘန်ကောက် ဆောက်လက်စ မိုးမျှော်တိုက် ပြိုကျသည့်အပျက်အစီးထဲ လူ ၈၁ဉီး ပျောက်ဆုံးပြီး၊ ၃ဉီးသေဆုံး
SHAN -
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ ဆောက်လက်စတိုက်သစ် သည် ယနေ့ (မတ် ၂၈)ရက် ထိုင်းစံတော်ချိန် ၁နာရီခွဲတွင် အင်အားပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့ပြီး၊ ၎င်းအဆောက်အဉီ၏ အပျက်အစီးများအောက်တွင် ပျောက်ဆုံးသူ ၈၁ဉီးရှိပြီး သေဆုံးသူ ၃ဦး ရှိကြောင်း ထိုင်းနိုင်ငံ သတင်းဌာနများဖော်ပြချက်အရသိရသည်။ ပြိုကျသွားသည့် အဆောက်အဉီ၏...
ချင်းမိုင်တွင် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၃ ဦးနှင့် ထိုင်းအလုပ်ရှင်ပါ ဖမ်းဆီးခံရ
SHAN -
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးနှင့်အတူ ထိုင်းအလုပ်ရှင်အား ဖမ်းဆီးရမိကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (မတ်လ ၂၇ ရက်)တွင် ချင်းမိုင်ခရိုင် Fa Ham တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများရှိနေကြောင်း သတင်းပို့ပေးချက် ရရှိသဖြင့်...
ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များမှ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များက ယခုရက်ပိုင်း ရှောင်တခင် စစ်ဆေးမှု ပြန်လည်ပြုလုပ်နေပြီး၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောဆိုလိုက်သည်။ ယနေ့ (မတ် ၂၆ ရက်) နေ့လယ်ပိုင်းတွင် ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုကို ထိုင်းအာဏာပိုင်များက ရှောင်တခင်...
ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမား လူငယ်၂ ဦး ရိုက်နှက်ခံရ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား လူငယ် ၂ ဦး ကို အမည်မသိ ထိုင်းနိုင်ငံသားလူငယ်အုပ်စုက ဝိုင်းရိုက်သဖြင့် ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက် ညသန်းခေါင်ချိန်တွင် အဆိုပါရွှေ့ပြောင်းအလုပ်သမား အသက် (၂၀) ဝန်းကျင် လူငယ် ၂ ဦးသည်...
ထိုင်းရောက် အလုပ်လုပ်ကိုင်ခွင့် (Work Permit)ရှိ ရွှေ့ပြောင်းအလုပ်သမားများ သက်တမ်းတိုးနိုင်တော့မည်
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် Work permit သက်တမ်းတိုးရန် စောင့်ဆိုင်းနေသော ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် နှစ်နိုင်ငံသဘောတူညီမှု MOU စနစ်ဖြင့် သက်တမ်းတိုးစရာမလိုတော့ဘဲ ပုံမှန်လုပ်ရိုး လုပ်စဉ်အတိုင်း ထိုင်းနိုင်ငံဘက်မှ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကိစ္စနှင့် ပတ်သက်၍ မတ်လ ၁၁ ရက်က ထိုင်းနိုင်ငံအစိုးရ အလုပ်သမား ဝန်းကြီးဌာနနှင့် စစ်ကောင်စီ၏...
ချင်းမိုင်တွင် လူငယ်အကြည့်ချင်းဆုံရာမှ ဓားထိုးမှုဖြစ်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူငယ်ဂိုဏ်းတစ်ခုမှ ထိုင်းလူငယ် အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း Chiang Mai News ကဖော်ပြသည်။ ယနေ့ (မတ်လ ၄ ရက်) နံနက် ၄ နာရီဝန်းကျင်တွင် ချင်းမိုင်မြို့ရှိ ဖက်တူ ချင်းမိုင် (ด้านหลังตลาดประตูเชียงใหม่) အနောက်ဘက်စျေးတွင် အသက် ၁၈...
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားအမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများအား ထိုင်းရဲတပ်ဖွဲ့များမှ ဆက်တိုက်ဖမ်းဆီးနေကြောင်း ထိုင်းရောက်ရွှေ့ပြောင်းသမားအရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလမှစ၍ ထိုင်းနိုင်ငံ နေရာဒေသအသီးသီးရှိ နိုင်ငံခြားသားများ၏ ဥပဒေနှင့်မညီသော လှုပ်ရှားမှုကို စောင့်ကြည့်အရေးယူရန် ထိုင်းရဲချုပ် Kitrat Panphet က အမိန့်ထုတ်ပြန်ပြီးနောက် တရားမဝင်သော လုပ်ငန်းများ၊ နေထိုင်သူများ၊ ဝင်ရောက်လာသူများ၊...
ချင်းမိုင်တွင် တရားမဝင်အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းအလုပ်ရှင်ပါ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းအလုပ်ရှင်ကို ဖမ်းဆီးရမိကြောင်း Chiangmai Immigration က သတင်းထုတ်ပြန်သည်။ ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်ပြီး ချင်းမိုင်ခရိုင်အတွင်း စီးပွားရေးလုပ်ငန်းများအား စစ်ဆေးခဲ့ကြောင်း...
ထိုင်းနိုင်ငံတွင် တစ်ပတ်အတွင်း မြန်မာ ၄,၈၀၀ ကျော်ဖမ်းဆီးခံရ
ထိုင်းနိုင်ငံတွင် တစ်ပတ်အတွင်း မြန်မာ ၄,၈၀၀ ကျော်ဖမ်းဆီးခံရကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ ထိုင်းနယ်စပ်တစ်လျှောက်နှင့် ခရိုင်အသီးသီးတွင် တရားမဝင် ဝင်ရောက်လာသူများ၊ တရားမဝင် နေထိုင်သူများ၊ ရာဇဝတ်မှုကျူးလွန်သူများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်သူများကို ထိုင်းရဲတပ်ဖွဲ့က...
ထိုင်းနိုင်ငံ အများပြည်သူပိုင် နေရာ ဆေးခြောက်သောက်သူများ ရဲတပ်ဖွဲ့က ဖမ်းဆီးဒဏ်ရိုက်
SHAN -
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် Pai မြို့တွင် နိုင်ငံခြားသား ၇ ဦးကို စည်းကမ်းဖောက်ဖျက်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးဒဏ်ရိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၄ ရက် ညနေပိုင်းအချိန်တွင် Pai ရဲစခန်းမှ ကွပ်ကဲရေးမှူး ဒုတိယရဲမှူးကြီးနှင့် စစ်ဆေးရေးအရာရှိများက ဒေသအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ အများပြည်သူပိုင် လမ်းမပေါ်မှာ...





