သျှမ်းပြည်တွင် Stay at home (၃)မြို့နယ် ထပ်တိုး
SHAN -
ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမြင့်မားနေသည့် သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ် (၃)မြို့နယ်ကို Stay at home အဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင် ၁၂ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ဇူလိုင် (၁၃)ရက်နေ့ စတင်ပြီး Stay at home...
စစ်ကောင်စီ ကိုဗစ်-၁၉ ဘယ်လို ထိန်းချုပ်နေလဲ။
SHAN -
စစ်ကောင်စီ တက်လာပြီး (၄) လကျော် ဇွန်လပိုင်းက စတင်ကာ မြန်မာတဝှမ်း ကိုဗစ်-၁၉ တတိယလှိုင်းဒဏ် ကို အများအပြားခံစားရပြီး၊ ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရပါတယ်။ သျှမ်းပြည်တဝှမ်းမှာ ကိုဗစ်-၁၉ ကို ဇွန်လ မှာ စတင်ဖြစ်ပွားလာပြီး ဒေသလူမှုအဖွဲ့အစည်း ကောက်ခံထား တဲ့စာရင်း အရ ဇူလိုင်...
RDT Test Kit ရလဒ် ရာနှုန်းပြည့်မမှန်ကန်
SHAN -
သျှမ်းပြည်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာနှင့် ထိတွေ့မိသူများ၊ ကိုဗစ်လက္ခဏာပြသည့် သံသယလူနာများ၊ ခရီးသွားရာဇဝင်ရှိသူများကို လတ်တလောတွင် RDT test kit ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ RDT test kit ဖြင့် စစ်ဆေးရာတွင် ရလဒ်အား (၁၀၀%) အမှန်သတ်မှတ်လို့မရနိုင်သည့်အတွက် ပြည်သူများ အနေဖြင့်...
သျှမ်းပြည် တစ်ချို့မြို့နယ်များ ဆေးဝါးနှင့် ကိုဗစ် ကာကွယ်ရေးသုံးပစ္စည်းများ ဈေးတက်လာ
SHAN -
ကိုဗစ်ကူးစက်မှု မြင့်မားနေသည့် သျှမ်းပြည်တွင် ကိုဗစ်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Mask ၊ Hand Gel နှင့် ဆေးဝါးများ ဈေးတက်လာကြောင်း စုံစမ်းသိရှိရသည်။ ယခုလ အတွင်း သျှမ်းပြည်အတွင်း ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာပြီး ကိုဗစ်ကာကွယ်ရေး ပစ္စည်းများလည်း ရောင်းအားကောင်းလာကာ ဈေးတက်မှုများကို ကြုံတွေ့နေရကြောင်း သိရသည်။ “မြို့မှာဆို ကိုဗစ်ပိုး ကူးတာများနေပြီ၊...
မူဆယ်မြို့မ ရဲစခန်း အကျဉ်းသား ၁၁ ဦးကိုဗစ်ပိုး ကူးစက်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ်မြို့ မူဆယ်မြို့ မြို့မ ရဲစခန်းတွင် ယမန်နေ့ (ဇူလိုင် ၉ )ရက်တွင် အချုပ်ကျနေသည့် အကျဉ်းသား( ၁၁) ဦး ကိုဗစ် - ၁၉ ကူးစက်ခံနေရကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါပိုးတွေ့သည့် အကျဉ်းသားများသည် မူဆယ်မြို့ မြို့မရဲစခန်းမှ လားရှိုး...
မူဆယ်မြို့တွင် စစ်ကောင်စီ ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များ ကိုဗစ်ပိုးကူးစက်ခံရ
SHAN -
သျှမ်းပြည် မြောက်ပိုင်း မြန်မာ - တရုတ် နယ်စပ်မြို့ ဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီ လက်အောက်ခံ နယ်စပ်ကုန်သွယ်ရေးညွှန်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးနှင့် ၎င်းတို့၏မိသားစုဝင်များ အပါအဝင် ကိုဗစ် - ၁၉ ရောဂါ ပိုးကူးစက်ခံရကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့တွင်...
စစ်ကောင်စီ လက်ထက် တောင်ကြီးမြို့သန်းရှင်းရေးအပိုင်း ဆိုးရွားလာ
SHAN -
သျှမ်းပြည်၏ မြို့တော် ဖြစ်သည့်အပြင် အလှပဆုံး နှင့် အသန့်ရှင်းဆုံးဆုများ ရရှိထားသည့်တောင်ကြီး မြို့တွင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် မြို့သန့်ရှင်းရေးအပိုင်း လုပ်ဆောင်မှုများ ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီလက်ထက် မြို့သာယာလှပရေးအတွက် တာဝန်ယူထားသည့် သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ထိရောက်သောာ စီမံခန့်ခွဲမှုများ...
သျှမ်းပြည် ကိုဗစ်-၁၉ ဆောင်ရွက်နေသည့် လူမှုကူညီရေးအသင်းများ အခက်ခဲကြုံနေ
SHAN -
ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်နေသည့် လက်ရှိကာလတွင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ မလုံးလောက်သည့်အတွက် ပရဟိတသမားများ ယခင်ကထက် ပိုမိုကူညီဆောင်ရွက်နေရပြီး အခက်ခဲများစွာနှင့်လည်း ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သီပေါမြို့ရှိ ပရဟိတအသင်းတစ်သင်းတွင် အဖွဲ့ဝင်တစ်ဦး ကိုဗစ်ပိုး ကူးစက်ခံထားရပြီး သံသယလူနာများလည်း ရှိနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ကိုဗစ်ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပူးပေါင်းပါဝင်ကြရန် ပရဟိတဆောင်ရွက်နေသူများမှ လိုလားလျက်ရှိသည်။ “ခုချိန်မှာ...
ကျေးသီးမြို့ ကိုဗစ် -၁၉ လူနာ(၂)ဦး စတွေ့ စစ်ရှောင်များအတွက် စိုးရိမ်နေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့တွင် ယမန့် ( ဇူလိုင် ၈) ရက် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး စတင်တွေ့ ရှိလာသဖြင့် စစ်ရှောင်များအတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ထို ကိုဗစ် -၁၉ အတည်ပြုလူနာ ၂ ဦးသည် ကျေးသီးမြို့ စစ်ကောင်စီ ၏...
မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်စီရင်စုဂိတ်များ ကိုဗစ်-၁၉ ကြောင့် ပိတ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်- တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် ဝမ်တိန်စီရင်စု (ကျင်ဆန်ကျော့ နှင့် ပန်ဆိုင်း)ဂိတ်များကို ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ယနေ့ (ဇူလိုင် ၈)ရက်မှ စတင်ပြီး ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ “ ဒီနေ့က ပိတ်လိုက်တာပါ။ ၂ ဂိတ်လုံးကိုပိတ်လိုက်တယ်။ ကိုဗစ် ၁၉ ရောဂါပြန့်ပွားလာလို့ပိတ်လိုက်တာပါ။ ရက်အကန့်သတ်ပိတ်လိုက်တာပါ” ဟု...





