Thursday, January 29, 2026

သီပေါဆေးရုံ ကိုဗစ် – ၁၉ လူနာများ ကျန်းမာရေး စောင့်ရှောက်ကုသမှုမရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ ပြည်သူ့ဆေးရုံတွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ လူနာများကို တာဝန်ကျသည့် ကျန်းမာရေးဝန်ထမ်းများက စောင့်ရှောက် ဆေးကုသမှုများ မရှိသည့်အပြင် တံခါးသော့ပိတ်ပြီး အမှောင်ခန်းတွင်ထားထားကြောင်း စုံစမ်းသိရှိရသည်။

သီပေါမြို့နယ် အတွင်းရှိ ကိုဗစ် -၁၉ ပိုးတွေ့အတည်ပြုလူနာများကို ပရဟိတများအသင်းမှ သယ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ပြီးသည့် နောက်ပိုင်းတွင် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများက လူနာများအား လေဝင် လေထွက် နှင့် အလင်းရောင် မရှိရသည့် အခန်းဆောင်ထဲတွင် နေရာပေးကာ အပြင်မှ သော့ခတ်လိုက် ကြောင်း သိရသည်။

“ကျမတို့ဆေးရုံကိုရောက်တော့ ဆရာမလေးတွေက ကျမတို့ကို ဒီအခန်းထဲနေရမယ်ဆိုပြီး လိုက်ပြပေးတယ်၊ အခုကျမတို့နေနေရတဲ့ အခန်းက လေဝင်လေထွက်လည်းမရှိဘူး၊ အလင်းရောင်လည်း မီးအလင်းရောင်ပဲ ရှိတယ်၊” ဟု ကိုယ်တိုင်ကြုံတေ့နေရသည့် ကိုဗစ်လူနာ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကိုဗစ်-၁၉ လူနာများကို လေဝင်လေထွက်မရှိသည့်အခန်းတွင် ပိုးတွေ့လူနာ အယေက် (၂၀) စုပြုံနေထိုင်ခဲ့ရပြီး အိမ်သာများကိုအတူူပေါင်းသုံးနေရသည် ဟု ကိုဗစ်လူနာအမျိုးသမီးက ပြောပြသည်။

ကိုဗစ် – ၁၉ ပိုးတွေ့ရှိသည့် လူနာများကို ကျန်းမာရေးအရ နေပူစာထွက်လုံခြင်း၊ လေဝင်လေထွက်ကောင်း သည့် သန့်ရှင်းသည့်နေရာများတွင်နေရာပေးခြင်းများ မရှိသည့် အပြင် ကိုယ်လက်လှုပ်ရှားမှုအတွက် လမ်းလျှောက်ခွင့်လည်း ပိတ်ပင်ထားကြောင်းသိရသည်။

“ကျမတို့ဆေးရုံကို ၁၃ ရက်နေ့က ရောက်လာတယ်၊ အဲ့နေ့ကတည်း ဒီအခန်းထဲကလွှဲပြီး ဘယ်ကိုမှမသွားရ ဘူး၊ သူတို့ပြောတဲ့ ကျန်းမာရေးအတွက်ဆိုတာနဲ့ ညီညွတ်တဲ့အချက်ဆိုတာလည်း ဘာမှမလုပ်ပေးဘူး၊ သောက်ဆေးလည်း မပေးဘူး၊ ဆေးထိုးပေးတာတွေလည်းမရှိပါဘူး၊ ကျမတို့ထဲအတူရှိနေတဲ့ အုပ်စုက ပိုးတွေ့ပေမယ့် မစိုးရိမ်ဘူးလို့တော့ သူတို့ပြောတယ်” ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့အပြင် ကိုဗစ်-၁၉ လူနာများနေရသည့် အခန်းကို အပြင်ဘက် မှ သော့ခတ်တံခါးပိတ်သည့် အပြင် ပြတင်းပေါက်ငယ်များကိုလည်း အပြင်မှ သစ်သားပြားနှင့် အသေပိတ်ထားကြောင်း သိရသည်။

“ကျမတို့ စားသောက်ရေးအတွက် ကွာရန်တင်း မဝင်ရတဲ့ အမျိုးတွေက တာဝန်ယူပြီး ပို့ဆောင်ပေးနေလို့ အဲ့ဘက်ပိုင်းတော့ သိပ်မပူရပါဘူး၊ ပြီးတော့ အပြင်ကနေ ပစ္စည်းတစ်ခုခု လိုအပ်ပြီဆိုရင်လည်း နယ်စည်း မခြားပရဟိတက ကူညီပေးလို့ သူတို့ကိုလည်းကျေးဇူးတင်ပါတယ်၊ အခုတော့ ဆရာ/ဆရာမတွေကို ကျမတို့ကို စောင့်ရှောက်ကုသမှုပေးဖို့ တောင်းဆို လိုပါတယ်” ဟူ၍လည်း အဆိုပါ အမျိုးသမီးကပြောသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး သီပေါမြို့တွင်းကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့မှ အသင်းဝင် တစ်ဦးက ကျန်းမာရေးဝန်ထမ်း အင်အား မလုံလောက်မှုကြောင့် ဖြစ်ရကြောင်း သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျနော်တို့မှာ စေတနာ့ဝန်ထမ်းအားနဲ့ ရှိတဲ့ဆရာဝန်လေး တစ်ယောက်နှစ်ယောက်နဲ့ ကြိုးစားပြီးလုပ်တယ်၊ ဆရာဝန်တွေကလည်း OPT လုပ်နေရင် လူနာတွေဘက်မလှည့်နိုင်တော့ဘူး၊ ပြီးတော့ ရှိတဲ့ နပ့်စ်လေးတွေက လည်း အင်အားမလုံလောက်လို့ပါ၊ ရှင်းရှင်းပြောရရင် ပြည်သူတွေကတော့ နွေးထွေးမှုနဲ့ ဂရုစိုက်မှု အပြည့်အဝ လိုချင်တာပေါ့၊ ဒါပေမယ့် ကျနော်တို့ဘက်ကလည်း မတတ်နိုင်လို့ စိတ်မကောင်းပါဘူး” ဟုသီပေါမြို့မှ ပရဟိတအသင်းဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သီပေါမြို့နယ် အတွင်း ကိုဗစ် – ၁၉ ကူးစက်ရောဂါပိုး ပျံနှံ့မှု တတိယလှိုင်းမှ အတည်ပြု ပိုးတွေ့ လူနာ စုစုပေါင်း ၃၀၀ ကျော်ရှိနေပြီး၊ ဆေးဆိုင် မှ အပ တခြားဆိုင်းများ ပိတ်ထားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...