Wednesday, January 28, 2026

လားရှိုးမြို့ Stay at Home ကာလ ခရီးသွားများထောက်ခံစာဖြင့် ဝင်၊ထွက်ခွင့်မပြု

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် Stay At Home ကာလအတွင်း ခရီးသွားများမည်သည့် ထောက်ခံစာဖြင့် ဝင၊်ထွက် သွားလာခွင့်မပြုကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်တက်နေသည့် (၆)မြို့နယ် ကို Stay at Home အဖြစ်ကြေညာခဲ့ပြီး ထိုထဲတွင် လားရှိုးမြို့ အပါအဝင်ဖြစ်ပြီး၊ Stay at Home ကာလအတွင်းမည်သည့် ထောက်ခံစာဖြင့် ဝင်၊ထွက် သွားလာခွင့်မပြုကြောင်း သတင်းရရှိသည်။

“လားရှိုးမြို့ကို Stay At Home မှာ အကျုံးဝင်တယ်လို့ ကြေညာချက်ထုတ်ထားလို့ အခုဆို လားရှိုးမြို့တွင်း ကနေ မြို့ပြင်ကိုထွက်သွားပြီးရင် ဘယ်ထောက်ခံစာတွေပဲ ပါပါ ပြန်ဝင်လာဖို့ လက်မခံတော့ဘူး၊ လားရှိုးမြို့ ပြင်က လူတွေကိုလည်း မြို့ထဲဝင်ဖို့ ဘယ်လိုထောက်ခံစာနဲ့မှ လက်မခံတော့ပါဘူး” ဟုလားရှိုးမြို့နေ ဦးသောင်းလွင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်ပြီး ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များ အားလုံးသည် လားရှိုးမြို့သို့ လာရောက်မည်ဆိုပါက ကိုဗစ် – ၁၉ ကူးစက်ကာကွယ်ဆေး နှစ်ကြိမ်ထောက်ခံစာ ( သို့မဟုတ်) နောင်ချို့မြို့နယ် ခြေမြစ်ပင် စစ်ဆေးရေးဂိတ်မှ RDT စစ်ဆေးပြီး ကိုဗစ် – ၁၉ ကင်းစင်ကြောင်း ထောက်ခံ ချက် စာရွက်ပါမှသာ ဝင်ရောက်ခွင့်ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

“ကုန်စည်တင်ပို့တဲ့ ယာဉ်တွေကိုတော့ လားရှိုးမြို့တွင်း နေထိုင်ကြောင်း နဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်က ထုတ်ပေးတဲ့ ထောက်ခံချက်ရှိတဲ့ ယာဉ်မောင်းတွေနဲ့ အချိန်းအပြောင်းလုပ်ပြီး ဝင်ထွက်မောင်းနှင်ဖို့ ခွင့်ပြုထားတယ် လို့သိရပါတယ်၊ အဓိက ခရီးသွားတွေတော့မရဘူး” ဟု ဦးသောင်းလွင်က ပြောသည်။

လက်ရှိတွင် လားရှိုးမြို့တွင်း၌ ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ အတည်ပြု လူနာ ၈၀၀ နီးပါးရှိနေခဲ့ပြီး ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ကူးစက်မှုများပြားသည့် လားရှိုးမြို့ကဲ့သို့သော လောက်ကိုင်မြို့နယ် နှင့် နောင်ချိုမြို့နယ်၊ မူဆယ်မြို့နယ်၊ သီပေါမြို့နယ်တို့ အပါအဝင် Stay at home သတ်မှတ်ခံရသည့် မြို့နယ်များ သျှမ်းပြည် တွင် (၆) မြို့နယ်အထိရှိလာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...