Wednesday, January 28, 2026

ကိုဗစ် – ၁၉ စစ်သည့် Test Kits ကုန်နေ တာကော်ဘက် သွားမည့် ကားသမားများ စောင့်ဆိုင်းနေရ

သျှမ်းပြည် တောင်ပိုင်း ခိုလမ်ဆေးရုံတွင် ကိုဗစ် – ၁၉ ကို စစ်ဆေးပေးသည် Test Kit ကုန်သွားနေသဖြင့် ရောဂါကို စစ်ဆေးပေးမှုများ မပြုလုပ်နိုင်သည့်အတွက် တာကော်ဘက်သွားမည့်ကားသမား စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။

ပုံစာ- ခိုလမ်းမြို့က ကိုဗစ် ပိုးသတ်ဆေးဖြန်းပေးနေသည့် မြင်ကွင်း

ဇူလိုင်လ (၁၂) ရက်တွင် တာကော်တံတားကိုဖြတ်ပြီး သျှမ်းပြည် အရှေ့ပိုင်းသို့ သွားမည့် ကားသမားများ ခိုလမ်ဆေးရုံမှ ကိုဗစ် – ၁၉ ဆေးစစ်ချက် ယူရန် ညွှန်ကြားထားသော်လည်း ခိုလမ်ဆေးရုံတွင် Test Kit ကုန်နေသဖြင့် စစ်မပေးနိုင်ကြောင်း သိရသည်။

“တာကော်ဂိတ်မှာ ကားသမားတွေကို ခိုလမ်မြို့က ကိုဗစ် -၁၉ ဆေးစစ်ချက်ပါမှ ဖြတ်သန်းခွင့်ပေးတယ်၊ ဒါပေမယ့် ခိုလမ်ဆေးရုံမှာလည်း စစ်ပေးတဲ့ Test Kit ကမနေ့ကတည်းက ကုန်နေပြီ၊ ကာကွယ်ဆေးထိုး ပြီးတဲ့ လက်မှတ်ပါရင်လည်း ဖြတ်သန်းခွင့်မရဘူး” ဟု ခိုလမ်မြို့နေ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

သျှမ်းပြည်တောင်ပိုင်းမှ တာကော်ဂိတ်ကို ဖြတ်ပြီး သျှမ်းပြည်အရှေ့ပိုင်းသို့ သွားမည့် ယာဉ်များ ကိုဗစ် – ၁၉ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးထားသူများအပါအဝင် အားလုံး RDT test kit စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုမည်ဟု စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားသည်။

သို့သော် တာကော်တံတားတွင် ကိုဗစ် -၁၉ စစ်ဆေးပေးရန် test kit မရှိကြောင်းသိရသည်။

“စစ်ကောင်စီက တာကော်ကိုဖြတ်ပြီး သျှမ်းအရှေ့ကို လာမယ်ဆိုရင် RDT Test Kit နဲ့ စစ်ပြီးမှ သွားခွင့် ပြုဖို့ ညွှန်ကြားထားပေမယ့် တာကော်စစ်ဆေးရေးဂိတ်မှာ Test Kit က မရှိလို့ ခိုလမ်ဆေးရုံကို လာစစ် ခိုင်းတာ၊ ဒါပေမယ့် ခိုလမ်ဆေးရုံမှလည်း test kit မလုံလောက်ဘူး၊ ကုန်သွားပါပြီ” ဟု ခိုလမ်မြို့နေ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ခိုလမ်မြို့နယ် အတွင်း ကိုဗစ် -၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၂၈ ယောက်ရှိနေပြီး ၉ ယောက်သည် ကားမောင်းသမားများနှင့် ယာဉ်နောက်လိုက် များဖြစ်ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လူသုံးကုန်ပစ္စည်း တင်ဆောင်ခွင့်ပိတ်ပြီးနောက် ကားသမားများ အလုပ်အကိုင် ကြပ်တည်းလား

0
စစ်ကော်မရှင်တပ်မှ လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် လက်ဆက် ပိတ်ပင်ထားခြင်းကြောင့် သျှမ်းပြည် အ‌ရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ သွားလာနေသည့် ကားသမားများ အလုပ်အကိုင် ကြပ်တည်းမှု ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊...

ကျေးသီးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ် တောင်းခံနေကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၈၆) စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ကားသမားနှင့် ခရီးသွား ပြည်သူများကို စစ်ဆေးမှု တင်းကြပ်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို...

မူဆယ်-တောင်ကြီး ကားသမားများအပေါ် ကားဂိတ်အချို့က အမြတ်ထုတ်မှုရှိနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှ တောင်ကြီးမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင်ကားငယ်များအပေါ် ကားဂိတ်အချို့က ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် မူဆယ်-တောင်ကြီးကားခသည် သုံးသိန်းခွဲဝန်းကျင်ပေါက်ဈေးရှိနေပြီး အချို့ကားဂိတ်များမှ ကားသမားများအား ငွေအပြည့်ပေးချေမှုမရှိခြင်းဘဲ ငွေကျပ် ၂ သိန်းခန့် သာပြန်လည်ပေးချေသောကြောင့် ကားသမားများနှင့် ခရီးသည်များနစ်နာမှုများရှိလာကြောင်း မူဆယ်မြို့မှ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ခုအခြေအနေအရ ကားခ...

မူဆယ် – လားရှိုး တောတွင်း ရှောင်ကွင်းလမ်းကြမ်းတမ်း ကားသမားများအခက်ကြုံနေ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ် - လားရှိုးသို့ သွားသည့် တောတွင်း ရှောင်ကွင်းလမ်းတွင် မိုးရွာသွန်းမှုကြောင့် လမ်းများကြမ်းတမ်းနေပြီး၊ ဂိတ်ကြေးများအဆမတန်ကောက်ယူမှုကြောင့် ကားသမားများ အခက်ကြုံ နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း မိုးဦးရာသီမှ စ၍ မူဆယ် - လားရှိုးသို့ သွားသည့် တောလမ်းတွင် မိုးရွာတွင်းမှုကြောင့်...

မုံးကိုးမြို့ပေါ် ကြံတင်ကားသမားများထံ ငွေကြေး အဆမတန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့နယ်မှ ကြံတင်ကားသမားများထံ ဒေသခံပြည်သူ့စစ်နှင့် စစ်ကောင်စီ တပ်ဖွဲ့က ငွေကြေး အဆမတန် ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ မုံးကိုးမြို့ ၀င်ဂိတ်ကို ကျော်ဖို့အတွက် တစ်စီးလျှင် တရုတ်ယွမ် ၃၀၀ (မြန်မာပေါက်ငွေ ၈၁၆၃၀ ကျပ်)ပေးဆောင်ရကာ တချို့ကားသမားများက မပေးဆောင်နိုင်သဖြင့် လမ်းခရီးကြန့်ကြာမှုများရှိနေကြောင်း အမည်မဖော်လိုသည့် ကားသမားတစ်ဦး...