မူဆယ်-တောင်ကြီး ကားသမားများအပေါ် ကားဂိတ်အချို့က အမြတ်ထုတ်မှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှ တောင်ကြီးမြို့သို့ ပြေးဆွဲနေသော ခရီးသည်တင်ကားငယ်များအပေါ် ကားဂိတ်အချို့က ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများရှိကြောင်း စုံစမ်းသိရသည်။

လက်ရှိတွင် မူဆယ်-တောင်ကြီးကားခသည် သုံးသိန်းခွဲဝန်းကျင်ပေါက်ဈေးရှိနေပြီး အချို့ကားဂိတ်များမှ ကားသမားများအား ငွေအပြည့်ပေးချေမှုမရှိခြင်းဘဲ ငွေကျပ် ၂ သိန်းခန့် သာပြန်လည်ပေးချေသောကြောင့် ကားသမားများနှင့် ခရီးသည်များနစ်နာမှုများရှိလာကြောင်း မူဆယ်မြို့မှ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ခုအခြေအနေအရ ကားခ ၃ သိန်းခွဲကတော့ ပုံမှန်ပဲ၊ ခုံတစ်ခုံကို ၃ သိန်းခွဲရောင်းပြီး ၃ သိန်းက ကားဆရာကို ရှင်းပေးရတာပုံမှန်ပဲ၊ ဒါမယ့်တချို့ဂိတ်တွေက ကားဆရာကို ၂ သိန်းပဲရှင်းပေးပြီးတော့ ခရီးသည်ဆီကို ၃ သိန်းခွဲအပြည့်ကောက်လာတာမျိုးတွေရှိလာတယ်” ဟု ၎င်းကပြောသည်။

ကားဂိတ်များမှ ခရီးသည်များထံ ငွေအပြည့်ကောက်ခံသော်လည်း ကားသမားများအား ဈေးလျော့၍ပြန်လည်ပေးချေခြင်းကြောင့် ယခင် ၈ ဦးခန့်ဖြင့် ကားထွက်သော်လည်း လက်ရှိတွင် ခုံများဖြုတ်၍ ခရီးသည် ၁၀ ဦးမှ ၁၅ ဦးအထိ လိုအပ်သည်ထက်ပိုမိုတင်ဆောင်နေရပြီး ခရီးသည်များမှာလည်း ငွေအပြည့်ပေးရသော်လည်း အဆင်မပြေစွာ သွားလာနေရကြောင်းသိရသည်။

“ကားဆရာကလည်း သူ့အသက်၊ ကား၊ ဆီ ဒါတွေရင်းပြီးမှ ၂ သိန်းလောက်ပဲရပြီး ကြားထဲက လူက ၁သိန်းခွဲအေးဆေးဖြတ်ယူတာဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ၊ ခရီးသည်ဖက်ကလည်း ခုံတစ်ခုံစာ အပြည့်ပေးရပြီး ခုံနဲ့မထိုင်ရပဲ သက်တောင့်သက်သာမစီးရတော့ဘူး” ဟု၎င်းက ဆက်ပြောသည်။

ယခုအချိန်တွင် မူဆယ်မှ တောင်ကြီးသို့ သွားသည့် နမ့်လန်-ရပ်စောက်လမ်းမှာ ပိတ်ထားသည့်အတွက် ယခင်က ၁ ညအိပ် ၂ ရက်ခရီးကြာမြင့်သော်လည်း လက်ရှိအခြေအနေများအရ လားရှိုးဘက်မှ သွားလာနေရပြီး လမ်းတွင် ၂ ညအိပ် ၃ ရက်အထိကြာမြင့်နိုင်သောကြောင့် ခရီးသည်ပိုမိုတင်ဆောင်ထားရသည့်အခါ အခက်အခဲများကြုံတွေ့နိုင်ကြောင်းသိရသည်။

ထို့အပြင် အချို့နေရာများတွင် ကားဂိတ်မှ ကားမဟုတ်ဘဲ ပြင်ပမှ ကားများသည် ခရီးသည်များအား ကြားဖြတ်တင်ဆောင်ပြီး လမ်းခရီးတွင် ခရီးသည်များအား ထားခဲ့ကာထွက်ပြေးမှုများလည်း ရှိနေကြောင်းသိရသည်။

လက်ရှိတွင် တောင်ကြီးမှ မူဆယ် သို့သွားရာတွင် (၁၃) မျဉ်းစောင်းမှတ်ပုံတင်ကိုင်ဆောင်သူများမှာ ကားခ ၄ သိန်းဝန်းကျင်သာကျသင့်ပြီး (၁၃) မျဉ်းစောင်းမဟုတ်သူများမှာ အနည်းဆုံး ကားခ ၆ သိန်းခွဲဝန်းကျင်ကျသင့်နေကြောင်း ကားသမားများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ အမျိုးသမီးတဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ် တစ်အိမ်အတွင်း ဝင်ရောက်ကာ အိမ်ရှင်အမျိုးသမီးတစ်ဦးကို ရိုက်နှက်ကာ ဓားပြတိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ စွန်စော်ရပ်ကွက်တွင် အမည်မသိ လက်နက်ကိုင်အမျိုးသားနှစ်ဦးက နေအိမ်တစ်အိမ်အတွင်း ဝင်ရောက်ကာ...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...