Wednesday, January 28, 2026

အောက်ဆီဂျင်ခက်ခဲမှုကြောင့် သီပေါတွင် စက်ရုံတည်ဆောက်ရန်ကြိုးစားနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် ကိုဗစ် – ၁၉ ကူးစက်လူနာ နေ့စဉ်တိုးမြှင့်ကာ အောက်ဆီဂျင် ခက်ခဲမှုရှိနေသည့် အတွက် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း စုံစမ်းသိရသည်.

ကိုဗစ်-၁၉ လူနာ တနေ့ထက် တနေ့တိုးလာကာ အောက်ဆီဂျင်ရရှိမှု ခက်ခဲနေသည့်အတွက် စက်ရုံတည်ဆောက်ရန်ပြင်ဆင်နေရခြင်းဖြစ်ကြောင်း၊ လက်ရှိမှာ စေတနာရှင် များက ဝိုင်းလှူဒါန်းနေသည်ဟုလည်း သီပေါဒေသခံများပြောပြချက် အရသိရသည်။

“ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်က အရမ်းကို ခက်ခဲနေပြီဖြစ်လို့ စက်ရုံဆောက်ဖို့ ပြင်ဆင်နေကြတာပါ။ လောလောဆယ် ငွေစုနေတယ်၊ စေတနာရှင်တွေကလည်း ဝိုင်းပြီးလှူဒါန်းကြတော့ မှန်းထားတဲ့ငွေပမာဏ ပြည့်တော့မှာပါ၊ စက်ကိုလည်း ကြည့်ထားပြီးပြီ၊ အမြန်ဆုံးဝယ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်” ဟု သီပေါမှ အောက်ဆီဂျင်စက်ဝယ်ယူရေး ပါဝင်လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

ယခု ဝယ်ယူရန်ပြင်ဆင်နေသည့် အောက်ဆီဂျင်စက်သည် တစ်နေ့လျင် အောက်ဆီဂျင်ဗူးကြီး (၄၀)ခန့် ရရှိရန် မှန်းထားပြီး စက်တန်ဖိုး သိန်း(၁၃၀၀)ခန့်ရှိကြောင်း သိရသည်။

အောက်ဆီဂျင်စက် ထားရှိမည့် မြေနေရာအလှူရှင်လည်း ရှိထားပြီဖြစ်ကြောင်း၊ သို့သော် စက်ဝယ်ယူရန် ထပ်မံဆွေးနွေးတိုင်ပင်ကြမည်ဖြစ်သည့်အတွက် ဝယ်ယူမည့်စက် အပြောင်းအလဲဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“ခု ပြည်သူတွေ အောက်ဆီဂျင်ပြတ်လပ်မှုဖြစ်နေတာဟာ အဓိက က အကြမ်းဖက်စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတာပေါ့။ ကိုဗစ်ပိုးက သာမန်တုပ်ကွေးရောဂါလိုမဟုတ်ဘူးလေ၊ ပိုဆိုးတာက အဆုတ်ကို ထိခိုက်စေတာပဲ၊ အောက်ဆီဂျင်က လူတိုင်းအတွက် အရေးကြီးတယ်၊ ခုက ကိုဗစ်လူနာအတွက် ပိုပြီး အရေးကြီးတာပေါ့” ဟု ညောင်ရွှေမြို့ မှ ဆရာဝန်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောက်ဆီဂျင်မလုံလောက်သဖြင့် လက်ရှိမှာ ကိုဗစ်-၁၉ လူနာ သေဆုံးမှု များနေပြီ၊ ရုတ်တရက် သေဆုံးမှုလည်း ရှိကာ ရေရှည်အတွက် အရမ်းကို စိတ်ပူစရာနေရကြောင်း အထက်ပါ ဆရာဝန်က ဆိုသည်။

အောက်ဆီဂျင်ပြတ်လပ်မှုမဖြစ်စေရန် ကြိုတင်ရှာဖွေချိတ်ဆက်ထားမှုများ ကြိုးစားဆောင်ရွက်နေပေမယ့် အောက်ဆီဂျင်ပြန်လည်ဖြည့်တင်းမှု များပြားခြင်းကြောင့် လူနာများအတွက် စိုးရိမ်ရကြောင်း ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။

“အောက်ဆီဂျင်ဗူးက ကျနော်တို့အသင်းမှာ နည်းနည်းပဲရှိတယ်။ ရှိတာလေးကို မပြတ်သွားအောင် နေ့တိုင်း ကြိုးစားရှာနေတယ်။ ဗူးအလွတ်တွေကို နောင်ချိုဖက်ထိ ပို့ပြီးဖြည့်ရတာရှိတယ်။ အဲ့ကစက်ရုံနဲ့ ချိတ်ထားရတာပေါ့” ဟု ကျောက်မဲမြို့ နောင်ပိန်ကျေးရွာ မှ ပရဟိအသင်းဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့တွင် အောက်ဆီဂျင် စက်ရုံမရှိသည့်အတွက် တခြားမြို့ ကို သွားရောက်ဖြည့်ရ သယ်ရကြောင်း၊ တချို့ ရက်များတွင် အောက်ဆီဂျင်မရခဲ့သဖြင့် လူနာအတွက် စိုးရိမ်ရကြောင်း၊ လက်ရှိမှာလည်း ကိုဗစ်လူနာ နေ့စဉ်တိုးလာသဖြင့် ပိုပြီးစိတ်ပူနေရသည် ဟု ၎င်းက ထပ်လောင်းပြောသည်။

ယခုတွင် သီပေါမြို့အပြင် လားရှိုး၊ သိန္နီ နှင့် အခြားမြို့နယ်တချို့လည်း အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းမြောက်တွင် လောက်ကိုင်၊ မူဆယ်၊ လားရှိုး၊ သီပေါနှင့် နောင်ချိုမြို့နယ်တို့ကို Stay at home မြို့နယ်များအဖြစ် သတ်မှတ်ထားပြီး သျှမ်းရှေ့ တာချီလိတ်မြို့လည်း အပါအဝင်ဖြစ်သည်။

သျှမ်းပြည်တွင် ဇူလိုင် ၁၄ ရက် (ယနေ့)မနက်ပိုင်းအထိ ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသည့် လူနာ (၄၃၀၀)ကျော်ဝန်းကျင်နှင့် သေဆုံးသူ (၈၀)ဦးခန့်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသည့် သီပေါမြို့နေအိမ်များ လူမှုကူညီရေးအဖွဲ့ ကူညီမည်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး”ကြောင့် ပျက်စီးသွားသော နေအိမ်များကို လူမှုကူညီရေးအဖွဲ့များက ကူညီထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိသည်။ လက်ရှိတွင် သီပေါမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်ထားပြီး “၁၀၂၇ စစ်ဆင်ရေး”အတွင်း မြို့သိမ်းတိုက်ပွဲများကြောင့် ပြည်သူနေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ “တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့...

TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံး၊ အမျိုးသမီးတစ်ဉီး ဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် မိုင်းနင်းမိပြီး အမျိုးသား တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၆ရက်) ညနေပိုင်းတွင် သီပေါမြို့ မီးရထားရပ်ကွက်နေ မြရွှေဂူဘုန်းကြီးကျောင်းအနီးတွင် စစ်လက်နက်ကျန် ပစ္စည်းကို ကောက်ယူရာ ပေါက်ကွဲမှုဖြစ်ပွားပြီး လက်နှစ်ဖက်ပြတ်ထွက်သွားပြီး ၁...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...

သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်...

သီပေါမြို့ပေါ် စစ်ကောင်စီတပ် အပြင်းအထန် လေကြောင်းဗုံးကြဲ၊ စာသင်ကျောင်းထဲ အရပ်သားနှစ်ဦး သေဆုံး

0
သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လူအိပ်မောကျနေသည့် ညအချိန် လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းတွင် နေထိုင်သည့် အရပ်သားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နံနက် ၁ နာရီခန့်မှ စတင်၍ သီပေါမြို့ပေါ် ရပ်ကွက်များသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနှင့်...