ဖယ်ခုံမြို့နယ်ရောက် စစ်ရှောင်များ ရာသီအကူးအပြောင်း ဖျားနာမှုဖြစ် ဆေးကုသရန်ခက်ခဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိ ကျေးရွာဖက်ရှိ ဘန်ကောက်စစ်ရှောင်စခန်းတွင် စစ်ရှောင်အများစု အအေးမိခြင်းကြောင်း ဖျားနာမှုရှိနေကြောင်း စစ်ရှောင်ကူညီနေသူ ထံမှ သိရသည်။ လက်ရှိအချိန်သည် ရာသီအကူးပြောင်းကာလဖြစ်သဖြင့် အအေးမိဖျားနာခြင်း၊ ငှက်ဖျားရောဂါနှင့် အရေပြားရောဂါများ အဖြစ်များနေပြီး စစ်ကောင်စီဘက်မှ ဆေးဝါးများနှင့် စားသောက်ကုန် တင်သွင်းခွင့် ပိတ်ထားတာကြောင့် ဆေးကုသရန်ခက်ခဲနေကြောင်း စစ်ရှောင် ကူညီနေသည့်...
အင်းလေးတွင် သောက်ရေသုံးရေ မသန့်ရှင်း၊ ကလေးငယ်များ အရေပြားယားယံဖြစ်ပွား
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်တွင် ရေဘေးရှောင်ပြည်သူများ သောက်ရေသုံးရေ မသန့်ရှင်းမှုကြောင့် ကလေး၊လူငယ်များ အရေပြားယားယံခြင်းတွေ ဖြစ်ပွားနေသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်မှစပြီး အင်းလေးဒေသဘက်တွင် စံချိန်တင် ရေမြင့်တက်လာပြီး ကျေးရွာအများပြား ရေနစ်မြုပ်ကာ ဒေသခံပြည်သူအများပြား ရေဘေးသင့်နေကြသည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေများပြတ်လတ်ကာ မိုးရေခံထားသည့်ရေ၊အင်းကန်ကရေများကို သောက်သုံးရေအတွက်...
မိုင်းတုံမြို့ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများ သေဆုံးသူရှိလာ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပြီးနောက်ပိုင်း သွေးလွန်တုပ်ကွေး ကူးစက်ခံရသူများပြီး သေဆုံးသည့်အထိရှိကြောင်း စုံစမ်းသိရသည်။ မိုင်းတုံမြို့တွင် လူကြီး၊လူငယ်မရွေး သွေးလွန်တုပ်ကွေး အဖြစ်များနေသည့်အတွက် ဆေးရုံ/ ဆေးခန်း များတွင် လူနာများပြည့်နေကာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခက်အခဲ ရှိနေကြောင်း သိရသည်။ (စက်တင်ဘာလ တတိယ)ပတ်တွင် ယာဉ်မောင်းသူ အမျိုးသားတစ်ဦးသည် သွေး...
မျောက်ကျောက်ရောဂါ ထိုင်းနိုင်ငံအထိ ကူးစက်ပျံ့နှံ့လာ
SHAN -
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြည်သူ့ကျန်းမာရေး ကမ္ဘာ့အရေးပေါ် အခြေအနေ ကြေညာထားသည့် မျောက်ကျောက်ရောဂါ (Monkey Pox) ဖြစ်ပွားမှုသည် ထိုင်းနိုင်ငံအထိ ကူးစက်ပျံ့နှံ့လာသည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက (ဩဂုတ်လ ၂၁ ရက်)တွင် ထုတ်ပြန်ကြေညာထားသည်။ အာဖရိကတိုက် ကွန်ကိုနိုင်ငံက ပြန်လာသည့် အသက် (၆၀)နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးတွင် Mpox ရောဂါ...
ပင်လောင်းစစ်ရှောင် တွေ ဝမ်းပျက်ဝမ်းလျော ဖြစ်ပြီး သေဆုံးမှုများရှိနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်းရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ဝမ်းပျက်ဝမ်းလျောဖြစ်ပြီး အသက်သေဆုံးမှုရှိနေသော်လည်း ငှက်ပျောအူ ဆန်ပြုတ်ဖြင့် ဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ ဇူလိုင် လလယ်မှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပင်လောင်းမြို့နယ် ဆောင်းပြောင်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျောရောဂါကို စတင်ကြုံလာရပြီး စစ်ဘေးရှောင် (၆)ဦး အသက်ဆုံးရှုံးသည့်အထိ ဖြစ်နေကြောင်း စစ်ရှောင်ကူညီနေသူ...
နွေရာသီ အပူဒဏ်ကို ဆောင်ရန်၊ ရှောင်ရန်
အခုရက်ပိုင်း အပူချိန်မြင့်တက်လာတာနဲ့အမျှ ရောဂါလက္ခဏာဖြစ်တဲ့ စိတ်တိုစိတ်ဆက်တာ၊ အားနည်းတာ၊ နုံးတာ၊ မျက်စိမှုန်တာ၊ မျက်စီနာတာ၊ ခေါင်းမူးတာ၊ မောပန်းနွမ်းနယ်တာ၊ အပူလွန်ကဲတာ စတဲ့နာမကျန်းမှုတွေ ခံစားနေရပါတယ်။ ဒါဟာ ပုံမှန်ထက်ပိုပူတဲ့အခြေအနေကို ထိတွေ့နေရတာကြောင့် အပူချိန်လျင်မြန်စွာ တက်လာပြီး လူ့ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းသိမ်းမှုလုပ်ငန်းစဉ်ကို ယိုယွင်းစေတာကြောင့် အခုလိုနာမကျန်းမှုတွေ ခံစားနေရတာပါ။ အာရှဒေသအတွင်းမှာ ကြာမြင့်စွာပူပြင်းခြောက်သွေ့မှုနဲ့ မိုင်းခေါင်ရေရှားမှုတွေကြောင့်...
အထူးဒေသ (၁) ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း ဖွင့်လှစ်ခွင့်မပြု MNDAA ထုတ်ပြန်
သျှမ်ပြည် အထူးဒေသ( ၁) ပြန်လည် ထူထောင်ရေလုပ်ငန်းစဉ်တွင် ပုဂ္ဂလိက ဆေးရုံ နှင့် ဆေးခန်းအသစ် ဖွင့်လှစ်ရန် ခွင့်မပြုကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ယမန်နေ့ (ဧပြီ ၂၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အထူးဒေသ (၁)တွင် ကျန်းမာရေးဆိုင်ရာလုပ်ငန်း၏ စီမံခန့်ခွဲမှုကို ပိုမိုစနစ်တကျဖြစ်စေရန် နှင့်...
မူဆယ်မြို့ ဆရာဝန်တစ်ဦး လူနာဆေးကုပေးနေစဉ် ပြန်ပေးဆွဲခံရ
သျှမ်းပြည် မူဆယ်မြို့ ဆေးခန်းတစ်ခုမှ ဆရာဝန်သည် လူနာများကို ဆေးကုသမှု ပေးနေစဉ် အမည်မသိ အဖွဲ့တစ်ခုမှ ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၉ ရက်) ညနေ ၅ နာရီကျော်တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်ရှိ Best House ဟိုတယ်အနီး ဖွင့်လှစ်ထားသည့်...
ပင်လောင်းစစ်ရှောင်များအတွက် အလှူရှင်မရှိ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များအတွက် အလှူရှင်များမရှိသဖြင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရကြောင်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှာင်များအတွက် အလှူရှင်များမရှိသည့် အတွက်ကြောင့် စားဝတ်နေရေး၊စောင့်နှင့် ဆေးဝါများ အရေးပေါ်လိုအပ်နေကြောင်းစစ်ဘေးရှောင် ကူညီသူတစ်ဦးက သျှမ်းသံတောင်ဆင့်ကိုပြောသည်။ “ခုကနောက်ပိုင်း အလှူရှင်တွေက မရှိသလောက်ရှားတယ်ဆိုတာထပ်လုံးဝ ရှိကိုမရှိတော့တာ။ တော်တော်လေး လည်း ဖျားနေကြတာ။သူတို့အတွက်ကလည်း ဘာမှမရှိတော့ဘူး။ ဆေးဝါးတွေလည်း သယ်ရတာ...
ဒီးမော့ဆို အနောက်ခြမ်း စစ်ရှောင်စခန်းအများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများဖြစ်ပွားနေ
SHAN -
ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်း အများစုတွင် ရေရှားပါးမှုကြောင့် အရေပြားရောဂါများ ဖြစ်ပွားနေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးပြောပြချက်အရသိရသည်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆို့ အနောက်ဖက်ခြမ်းရှိစစ်ရှောင် စခန်းအများစုသည် ဝေးလံခေါင်ဖျားပြီး တောတောင်ထူထပ်သည့် နေရာအများစုတွင် တည်ရှိပြီး ရေရှားပါးမှုပြသာနာကို ရင်ဆိုင်နေကြရကာ သောက်သုံးရေကို အဝီစီတွင်း တူးပြီး သုံးစွဲနေကြရသည်။ သဘာဝ ချောင်းရေများလည်း ခမ်းခြောက်ကုန်ပြီး မသန့်ရှင်းသည့်ရေကို...






