CATEGORY

အထွေထွေ

မိုင်းရှူးရှိကျေးလက်ကျန်းမာရေးဝန်ဆောင်မှု လိုအပ်နေသေး မိုင်းရှူးပြည်နယ်ကိုယ်စားလှယ် လွှတ်တော်တွင်ဆွေးနွေး

မိုင်းရှူးမြို့နယ်၊ မိုင်းစံဒေသအတွက် ထိရောက်သောကျန်းမာရေး ဝန်ဆောင်မှုများလိုအပ်ကြောင်း မိုင်းရှုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်အမတ် စိုင်းလင်းမြတ်က သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးခဲ့သည်။ သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပြန်လည်စတင်သော စက်တင်ဘာ ၁၇ နေ့ တွင်ထိုသို့မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မိုင်းစံမှာ တိုက်နယ်ဆေးရုံရှိတယ်။ အဲ့ဆေးရုံက စဆောက်ကတည်းက ပိတ်ထားတယ်...

မိုင်းကိုင်မြို့နယ်အတွင်းလိုအပ်နေတဲ့ ကျန်းမာရေးကြီးကြပ်ရေး ၂၀၁၈ ကုန်အထိ အစိုးရမခန့်ပေးနိုင်

သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို နယ် အတွင်း လိုအပ်နေသည့် ကျန်းမာရေး ကြီးကြပ်ရေး (၂) ကို ယခု နှစ် ကုန်ပိုင်းအထိ မခန့်နိုင်သေးဘဲ လာမည့် ၂၀၁၉ ခုနှစ်တွင် ဦးစားပေး ခန့်ထားပေးသွားမည် ဟု ယမန်နေ့ ကျန်းမာရေး နှင့် အားကစား...

သုံးနှစ်အတွင်းမူးယစ်ဆေးဝါးအပြီးရှင်းလင်းဖို့တရုတ် ယူနန်အစိုးရမှ ၀ ကိုစာပို့

တရုတ်နိုင်ငံယူနန်ပြည်နယ် ဗဟိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနကနေ သုံးနှစ်အတွင်းမူးယစ်ဆေးဝါးပျောက် ကင်းဖို့ UWSA ဌာနချုပ်ပန်ဆန်းကို စာရေးသားပေးပို့လာတဲ့နောက်ပိုင်း ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေဆက်တိုက်ပြုလုပ်လာနေပါတယ်။ စက်တင်ဘာလ ပထမ ပတ်ကစပြီးကနေ့ထိ မိုင်းမော၊ မိုင်းပေါက်၊ မိုင်းဖျန် ဟိုတောင်း ပန်ဆန်း စတဲ့ တရုတ် နယ်စပ်မြို့ မြောက်ပိုင်း ၀ ထိန်းချုပ်နယ်မြေအပါအဝင်...

အစိုးရခွင့်မပြုလျှင် CSSU အစည်းဝေးကျင်းပမည်မဟုတ်ဟု အလှည့်ကျသဘာပတိပြော

အစိုးရခွင့်မပြုလျှင် ပြသနာဖြစ်လာနိုင်သည့်အတွက် ကျင်းပမည့် CSSU အစည်းအဝေးများ ကျင်းပ တော့မည် မဟုတ်ဟု အလှည့်ကျ သဘာပတိ ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုင်ပေါင်း က သျှမ်းသံတော်ဆင့်သို့ပြောသည်။ ၂၀၁၈ စက်တင်ဘာလဆန်းပိုင်းအတွင်း ကျင်းပရန်ပြင်ဆင်ထားသည့် CSSU အစည်းအဝေးအား အစိုးရက ကျင်းပခွင့်မပေးသည့်အတွက် မကျင်းပခဲ့ကြောင်း၊ အစိုးရခွင့်မပြုလျှင် နောက်နောင်တွင်လည်း...

လူထုကန့်ကွက်သည့်ကြားမှ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဆက်လက်တည်ဆောက်သွားမည်ဟု ပြည်ထောင်စု ဒု-၀န်ကြီးပြော

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်တူမြစ် (ဒုဌ၀တီမြစ် ခေါ် မြစ်ငယ်မြစ်) ပေါ်တွင် ဒေသခံပြည် သူ လူထုမှ ဆန့်ကျင်ကန့်ကွက်နေသည့်ကြားမှ ရေအားလျှပ်စစ်စီမံကိန်းအတွက် ဆက်လက် လုပ်ဆောင် သွားမည်ဟု ပြည်ထောင်စုဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင် ကပြောဆိုလိုက်သည်။ ဆည်ရေကြောင့် ဒေသခံလူထု နစ်နာဆုံးရှုံးရမည်ဖြစ်သည့်အဆိုပါစီမံကိန်း ရပ်ဆိုင်းနိုင်ရေးအတွက် ဒေသခံလူထု ဆန့်ကျင်ကန့်ကွက်မှု...

ဂုတ်တွင်းလမ်းနှင့်မြို့ရှောင်လမ်းတည်ဆောက်ရေးစီမံကိန်းမှလူထုနစ်နာမှုအား နေပြည်တော်လွှတ်တော်တွင် SNLD အမတ်ဆွေးနွေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်း ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်းစီမံကိန်းအခြေအနေ လူထုနစ်နာမှုအခြေအနေများအား SNLD အမျိုးသားလွှတ်တော် အမတ်က အစိုးရအားတိုက်ရိုက်မေးမြန်းခဲ့သည်။ မဲဆန္ဒနယ်အမှတ် ၄ မှ SNLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုန်းကျော်က - နောင်ချိုမြို့ရှောင်လမ်းဆောက်မယ်လို့ ၂၀၁၆ ခုနှစ်ကတည်းက အစိုးရစီမံကိန်းထဲမှာ ပါတယ်လို့ကြားရတယ်လေ။ ၂၀၁၇ ခုနှစ်တုန်းကလည်း ဂုတ်တွင်းရှောင်တဲ့...

လမ်းပန်းဆက်သွယ်ရေးခက်ခဲသော မိုင်းကျက်ဒေသတွင် အမျိုးသမီးတဦး ကြိုးဆွဲချသေဆုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အရှေ့ဘက်မိုင် ၆၀ ခန့်အကွာရှိမိုင်းကျက်ကျေးရွာအုပ်စုအတွင်း မိုင်းလုံကျေးလက်ဒေသခံ အသက် ၃၀ ကျော် ရွာသူတဦး  ကြိုးဆွဲချ မိမိကိုယ်ကိုအဆုံးစီရင် လိုက် ကြောင်းသိရသည်။ ဩဂုတ်လ ၂၇ ရက်မနက်ပိုင်း ဘုန်းကြီးကျောင်းတွင်သီလဆောက်တည်ပြီး အိမ်ပြန်လာသော မိခင် ဖြစ်သူက ၎င်း၏ သမီးဖြစ်သူ နန်းလောဝ်ခမ်းအား မီးဖိုချောင်အတွင်းလည်ပင်းတွင် ကြိုးကွင်းစွပ်...

ကျောက်မဲ ခရိုင်အတွင်း တပ်နှင့် ဒေသခံ တောင်သူ အငြင်းပွားမှုဆက်လက်ဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲကြီး ကျေးရွာ အတွင်းတပ်နှင့် တောင်သူများ အငြင်းပွားမှု ဖြစ်ပွားနေသည့် နေရာတွင် သြဂုတ်လ ၂၆ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်တွင် တပ်မှ သေနတ်ပစ်ဖောက်ကာ ဒေသခံ တောင်သူများကို ခြိမ်းခြောက်မှု များပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ သြဂုတ်...

သီပေါမြို့တွင် သီတဂူ စက္ခဒါန မှ မျက်စိအခမဲ့စမ့်သပ်ကုသပေးမည်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် သီတဂူ စက္ခုဒါန ဆေးရုံတော်မှ ဒေသခံများအား အခမဲ့ မျက်စိစမ်းသပ်ကုသပေးမည်ဖြစ်ကြောင်းသိရသည်။ သီတဂူ စက္ခုဒါနဆေးရုံကြီးမှ စက်တင်ဘာလ ၁၁ မှ ၁၅ ရက်နေ့အထိ ၅  ရက်ကြာ  သီပေါဒေသခံများအား သီပေါမြို့နယ် မဟာမြတ်မုနိ ဝိဟာရကျောင်း၌  အခမဲ့ မျက်လုံးစမ်းသပ်စစ်ဆေး ကုသပေးမည်ဖြစ်ကြောင်း သီပေါမြို့နယ်...

စစ်ရေးပဋိပက္ခပူးပေါင်းအဖြေရှာရန် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ၂ ဦးထံ ဗဟိုသျှမ်းစာ/ယဉ် မှ စာပို့

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ၂၁၁၃ ခု သျှမ်းနှစ်သစ် ကြိုဆိုသည့်ပွဲတော် ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုသျှမ်းစာပေယဉ်ကျေးမှု အဖွဲ့ နှင့် မြို့နယ်အသီးသီးမှသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံဆွေးနွေးရာ ဒေသခံများ တင်ပြချက်အရ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများရပ်တန့်ရန်အတွက် ပူးပေါင်းအဖြေရှာကြရန် သျှမ်းပြည်တပ်မတော် ခေါင်းဆောင်နှစ်ဦးထံ တိုက်တွန်းစာပေးပို့လိုက်ကြောင်းသိရသည်။ ၂၁၁၃ ခု သျှမ်းနှစ်သစ်ကူးပွဲ စုပေါင်းကျင်းပနိုင်ရေးအတွက် သြဂုတ်လ...

Latest news