နန်းမိုဟွမ် သေဆုံးမှုမဟုတ်မှန်ကြောင်း TNLA ပြော

ယခုရက်ပိုင်း လူမှု ကွန်ရက် စာမျက်နှာပေါ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် နမ့်ခမ်းသူ နန်းမိုဟွမ် ၏ ကျန်းမာရေး အခြေအနေ ထိခိုက်ဒဏ်ရာ ရရှိထားသည့် သတင်းနှင့် ဓါတ်ပုံများ၊ သေဆုံးမှုမှာသတင်းများ – မဟုတ်မမှန်ကြောင်း ဖမ်းဆီးသွားသည့် TNLA ဘက်ကပြော သည်။

Photo from Facebook/ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့်နန်းမိုဟွမ်သေဆုံးကြောင်း ကောလာဟာလ သတင်းနှင့်အချက်အလက်တချို့

အဆိုပါ ဓာတ်ပုံ နှင့် ပတ်သတ်ပြီး TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် က “ လူမှု ကွန်ရက် ဖေ့ဘုတ်တွေ၊ ဝီချက်တွေ မှာ ပြန့်နေတဲ့ နန်းမိုဟွမ်ပုံတွေက အတုပါ။ သူ့ကို ကျနော်တို့ ရုံးထုတ်တာ ၃ ကြိမ်လောက်ရှိပြီ။ မကြာခင် ကျနော်တို့ စီရင်ချက်ချတော့မယ်” ဟု ဆိုသည်။

နန်းမိုဟွမ်နှင့် ပတ်သတ်ပြီး မိသားစုဝင်များထံ ပြောဆိုချင်သည့် ရုပ်သံ ကို ယခုလ တွင် သူမ ၏ မိသားစုဝင်များထံ ပို့ထားကြောင်း၊ လက်ရှိမှာ နန်းမိုဟွမ်၏ ကျန်းမာရေး ကောင်းမွန်ကြောင်း နှင့် အဆိုပါ မဟုတ်မှန်၏ သတင်း တုများဖြန့်ဝေခြင်းကို မယုံကြည်ရန် ဗိုလ်မှူး မိုင်းအိုက်ကျော် ကပြောဆိုသည်။

နန်းမိုဟွမ်သည် သြဂုတ် ၁၇ ရက် နေ့ မနက် ၈နာရီကျော်တွင် TNLA လက်နက်ကိုင် အဖွဲ့မှ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်။

လက်ရှိ အချိန်တွင် နန်းမိုဟွမ်နှင့် ပတ်သတ်ပြီး မည်သည့် သတင်း အစ အနမှ မကြားရသေးကြောင်း၊ TNLA အနေဖြင့် လည်း လက်ရှိ နန်းမိုဟွမ် ၏ အခြေအနေ ကို မိသားစုဝင်သို့ တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်း နန်းမိုဟွမ် ၏ အမဖြစ်သူ နန်းမိုခမ်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ TNLA က ဘာမှ အကြောင်းမကြားဘူး။ TNLA ကပို့လိုက်တဲ့ ညီမရဲ့ ရုပ်သံဆိုတာလည်း မရှိဘူး။ သူနဲ့ပတ်သက်တဲ့သတင်းဘာမှမကြားရသေးဘူး။ ဖေ့ဘုတ်ပေါ်၊ ဝီချက် (wechat) ပေါ်တွေ နန်းမိုဟွမ် ပုံတွေ ဖြန့်နေတာတော့တွေ့တယ်။ ဒီပုံက အစစ်မဟုတ်ဘူး။ အတုပါ။ ဆက်မရှဲကြဖို့ တိုက်တွန်းချင်ပါတယ်။ ” ဟု နန်းမိုခမ်း က ဆိုသည်။

နန်းမိုဟွမ် ကို အမြန်လွှတ်စေချင်ကြောင်း၊ ညီမဖြစ်သူ၏ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်းလည်း သူမ က ထပ်မံပြောသည်။

“ ကလေးတွေလည်း နေ့တိုင်း သူတို့ ရဲ့ အမေကို ရှာနေတယ်။ နောက် အခု အေးတဲ့ရာသီထဲရောက်လာတော့ သူ့ ကျန်းမာရေးကို စိုးရိမ်တယ်။ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရပြီး ကြောက်နေမှာကိုလည်း စိုးရိမ် တယ်” လို့ နန်းမိုခမ်း က ထပ်လောင်းပြောသည်။

တဖက်တွင်လည်း မဟုတ်မမှန်သတင်းများ ဆက်လက်ဖြန့်ဝေ နေပါက မဖြစ်အပ်သော ပြသနာများ ပိုမိုကြီးထွားလာနိုင်ကြောင်းလည်း နမ့်ခမ်းလူငယ်တဦးကပြောသည်။

နန်းမိုဟွမ် သည် TNLA အကောက်ခွန်ဦးစီးဌာန မှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်း တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးသည့်အထိ တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့သည့်အတွက် နန်းမိုဟွမ်ကို ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ ဖြင့် TNLA ဗဟို တရားရုံးမှ အမှုဖွင့်အရေးယူထားကြောင်း စက်တင်ဘာ ၃ရက်နေ့ ရက်စွဲဖြင့် TNLA မှ ထုတ်ပြန်ကြေညာခဲ့သည်။

TNLA အနေဖြင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးစားအားထုတ်နေသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် TNLA ၏ ကြိုးစားဆောင်ရွက်နေမှုများကို နန်းမိုဟွမ်အား အမြန်ဆုံးပြန်လည်လွှတ်ပေးခြင်းအားဖြင့် သက်သေပြနိုင်ရန် အလေးအနက် တိုက်တွန်း လိုက်ကြောင်း နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယမန်နေ့ ( စက်တင်ဘာ ၂၇) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

နေအိမ်တွင် ရပ်ရွာအုပ်ချုပ်ရေးမှုး၊ ရပ်ရွာလူကြီးများအား အသိမပေးပဲ လက်နက်ဖြင့် ခြိမ်းခြောက်၍ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ လူ့အခွင့်အရေးရှုထောင့်မှလည်းကောင်း၊ တရားဥပဒေစိုးမိုးရေး ရှုထောင့်မှလည်း ကောင်း မည်သို့မျှ လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်သည် ဟု AAPP ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မည်သည့်အဖွဲ့အစည်း မဆို ထိုသို့ လက်နက်ဖြင့် ခြိမ်းခြောက်ပြီး တိတ်တဆိတ် ဖမ်းဆီးခြင်းအား လျှစ်လျူရှုနေမည် ဆိုလျှင် ပြည်သူတို့၏ ဘဝလုံခြုံရေးမှာ အထူးစိုးရိမ်ရသည့် အခြေအနေသို့ ဆိုက်ရောက်သွားမည် ဟုလည်း အဆိုပါ ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

နန်းမိုဟွမ် ဖမ်းဆီးခံရသည့် တလပြည့်တွင်လည်း နမ့်ခမ်း ဒေသခံပြည်သူ သောင်းချီ က နန်းမိုဟွမ် အမြန်ပြန်လွှတ် ပေးရန် ဆန္ဒထုတ်ဖော်ကြသည်။

နန်းမိုဟွမ်တို့အိမ်ဆိုင်သို့ ၂၀၁၆ တွင် ကျပ်ငွေ ၃ သိန်း၊ ၂၀၁၇ တွင် ကျပ်ငွေ ၁၁ သိန်း အား TNLA မှ ကောက်ခံခဲ့ ကြောင်း၊ ၂၀၁၇ ခု နှစ်အတွင်း အခွန်ကောက်ခံပြီးအပြန် TNLA တပ်သား ၂ ဦးသည် အစိုးရတပ်၏ ချောင်းမြောင်း ပစ်ခတ်ခံရကာ တဦးသေ တဦးအရှင်ဖမ်းခံရသဖြင့် နန်းမိုဟွမ်မှ သတင်းပေးမှုကြောင့်ဟု ဖုန်းဆက်ပြောဆိုကြောင်း၊ နန်းမိုဟွမ်က အကြောင်းကြားခြင်းမပြုရကြောင်း၊ ငွေကြေး ၁၁ သိန်းထက် မိမိတို့မိသားစု၏ အသက်မှာပိုမိုတန်ဖိုး ရှိကြောင်းပြန်ဖြေကြားခဲ့သော်လည်း သြဂုတ်လ ၁၇ ရက်နေ့က TNLA မှ ၀င်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...