Tuesday, January 27, 2026

 သျှမ်း-ထိုင်းနယ်စပ်နေ သျှမ်းတော်လှန်ရေးသမားဟောင်း တဦး ကွယ်လွန်

သျှမ်းပြည်တပ်မတော် နွံစစ်ဟန်စတင်ကတည်းက ပါဝင်လာခဲ့သော သက်တမ်းရင့် တော်လှန်ရေး သမားဟောင်း စဝ်လျန်းမိဏ်းသည် သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

Photo by Tangma mkn/ ကွယ်လွန်သူ စဝ်လျန်းမိဏ်း၏ဈာပန ပိန်းလုံမြို့ရှိနေအိမ်တွင်ပြုလုပ်

နမ္မတူမြို့နယ် (သိန္နီစော်ဘွားလက်အောက်ခံ) မိုင်းရင် မြို့စား၏ သားဖြစ်သူ စဝ်လျန်းမိဏ်း အသက် ၇၆ နှစ်သည် အောက်တိုဘာလ ၈ ရက် နေ့ က သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာလ ၉ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

“ဘာရောဂါမှကြီးကြီးမားမားမရှိပါဘူး။ ပြီးခဲ့တဲ့လကတော့ ခြေထောက်နာလို့ လမ်းမလျှောက်နိုင်ဘူး အဲလောက်ဘဲ။ ခုတော့ ဆုံးသွားတာမြန်လွန်းတယ် ”- ဟု ယောက်ဖ တော်စပ်သည့် ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာ ဦးခွန်စိုင်းကပြောသည်။

စဝ်လျန်းမိဏ်းသည် ၁၉၆၄ ခုနှစ်ကတည်းက  SSA တော်လှန်ရေးတပ်ဖွဲ့အတွင်းဝင်ရောက်ခဲ့ပြီး စဝ်ကွဏ်းဇိဏ်း ဦးဆောင်သော SURA အဖွဲ့တွင် ခေါင်းဆောင်ကြီးနှင့်အတူ လိုက်ပါ အလုပ်လုပ်ခဲ့ရသူဖြစ်ပြီး၊ ၁၉၆၆ ခုနှစ်က SSA နှင့် SNIA ပူးပေါင်းရေး၊ ရလလဖ နှင့်ပူးပေါင်းရေးအတွက်တာဝန်ပေးအပ်ခြင်းခံရသူဖြစ်သည်။   ထိုနောက်ပိုင်း SURA ဌာနချုပ်တွင် စိုက်ပျိုးရေးနှင့် သစ်တောတွင် တာဝန်ထမ်းဆောင်ကာ  ၁၉၉၆ လုပ်ငန်းတာဝန်မှရပ်နားသည်အထိ ဖြစ်သည်။   လက်ရှိတွင် စဝ်လျန်းမိဏ်း၏ ကျန်ရစ်သူမိသားစုမှာ ထိုင်းနိုင်ငံချင်းမိုင်ခရိုင် ဝိန်းဟိုင်မြို့ ပိန်းလုံအုပ်စု တွင် နေထိုင်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခွန်ဆာ၏ နောက်ဆုံးနေ့ရက်များ

0
၁၉၉၆ခုနှစ် နှစ်ဦးပိုင်းတွင် လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခဲ့သည့် “စဝ်ခွန်ဆာ”သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာသည်။ နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးထားသည့် ရေကြည်အိုင်ထောက်လှမ်းရေးဝင်းအတွင်းရှိ အိမ်‌ဂေဟာ တွင် နေထိုင်နေရသည့် “စဝ်ခွန်ဆာ”ကို ကျနော်သွားမတွေ့ဖြစ်ပါ။ လုံခြုံရေးတင်းကြပ်ထားပြီး တွေ့ဆုံခွင့်ရရန် ခက်ခဲသည့်အပြင် သွားရောက် တွေ့ဆုံလျှင်လည်း ဆရာတပည့်နှစ်‌ယောက် စိတ်မကောင်းရုံသာ၊ စိတ်ဒဏ်ရာ မပေးချင် တော့ပါ။ စဝ်ခွန်ဆာ၏...

NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ကွယ်လွန်

0
NLD ပါတီ နာယက၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး သည် ရန်ကုန် ဆေးရုံကြီးတွင် တက်ရောက် ကုသနေစဥ် ယနေ့ (ဂျွန်လ ၁ ရက်) တွင် ကွယ်လွန် သွားသည်ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သူရဦးတင်ဦး သည်...

သျှမ်းတော်လှန်ရေးတပ်ဖွဲ့ SSA တပ်ဖွဲ့ဝင်ဟောင်း ပေါ်ထောက်ညို လို့ လူသိများတဲ့ စိုင်းညို ကွယ်လွန်

0
သျှမ်းတော်လှန်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သော သျှမ်းပြည် တပ်မတော် SSA တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည့် စိုင်းညိုသည် အသက် ၈၆ နှစ်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားကြောင်း သိရသည်။ ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင် အချိန်တွင် စိုင်းညို အသက်...

သျှမ်းလူထုရင်ထဲမှာအမြဲရှင်သန်နေတဲ့ “ စဝ်ဆုစန္ဒီ” နတ်ရွာစံ

0
သျှမ်းပြည် သီပေါ စော်ဘွား စဝ်ကြာဆိုင် ရဲ့ မဟာဒေဝီ စဝ်ဆုစန္ဒီ (ခေါ်) အင်ဂါဆာဂျင့် (Inge Sargent) ဟာ ဒီကနေ့ ( ဖေဖော်ဝါရီ ၆) ရက် မနက်ပိုင်းမှာ အမေရိကန်နိုင်ငံရှိ နေအိမ်မှာ နတ်ရွာစံကွယ်လွန်သွားခဲ့ပါတယ်။ အသက် ၉၁ နှစ်အရွယ်ရှိ မဟာဒေဝီ...

“အာဏာရှင်ကို တိုက်ဖျက်ရင်း အာဏာရှင်မဆန်ဖို့” သျှမ်းစစ်သမီးဟောင်း ပြော

0
သျှမ်းတော်လှန်ရေးမှာ ပထမဆုံး ဝင်ရောက်လာခဲ့တဲ့ သျှမ်းအမျိုးသမီးစစ်သည်တော် နန်းဟန်နွန်း ကို သျှမ်းသံတော်ဆင့် သတင်းဌာန က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ဆရာမ နန်းဟန်နွန်း ဟာ ကျောင်းဆရာမ ဘဝ ကနေပြီးတော့ ညီညွတ်သော သျှမ်းပြည်တော်လှန်ရေး တပ်မတော် (SURA) ရဲ့ ပထမဆုံး သျှမ်းအမျိုးသမီး တော်လှန်ရေး...