Tuesday, January 27, 2026

သျှမ်းတော်လှန်ရေးတပ်ဖွဲ့ SSA တပ်ဖွဲ့ဝင်ဟောင်း ပေါ်ထောက်ညို လို့ လူသိများတဲ့ စိုင်းညို ကွယ်လွန်

သျှမ်းတော်လှန်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သော သျှမ်းပြည် တပ်မတော် SSA တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သည့် စိုင်းညိုသည် အသက် ၈၆ နှစ်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားကြောင်း သိရသည်။

ပေါ်ထောက်ညို ခေါ် စိုင်းညို

ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင် အချိန်တွင် စိုင်းညို အသက် ၈၆ နှစ်သည် ၎င်း၏ နေအိမ် တည်ရှိရာ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ စံကဖန်းမြို့နယ်၌ ကွယ်လွန်သွားကြောင်း စိုင်းညို၏ ဇနီးဖြစ်သူ ပါ့အောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေမကောင်း ဖြစ်တာတော့ ၃ နှစ်ရှိနေပါပြီ၊ ဖျားနာတာမျိုးတွေတော့ မဟုတ်ပါဘူး၊ လူကြီးရောဂါ အလျောက် ထမရ ၊ လှုပ်မနိုင် အားတွေနည်းနေလို့ အိပ်ရာထဲ လှဲနေရတာမျိုးပေါ့။ မနေ့က သူသွားခါနီးမှာလည်း ဘာမှ မဖြစ်ဘူး။ ဘုရားရှိခိုးနေတဲ့အချိန် အသက်ပြင်းပြင်း ရှုလာရင်းကနေ အဲ့လိုထွက်သွားတာပဲ” ဟု စိုင်းညို၏ ဇနီးဖြစ်သူ ပါ့အောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကွယ်လွန်သူ စိုင်းညို၏ ရုပ်အလောင်းကို (วัดสีมาราม) ဘုန်းကြီးကျောင်းတိုက်သို့ ပို့ဆောင်ထားကြောင်း နှင့် ဇွန်လ ၁၃ ရက်နေ့တွင် သဂြိုလ်မည် ဖြစ်ကြောင်းလည်း သိရသည်။

စိုင်းညို သည် ကိုးကန့်တပ်ဖွဲ့ ဦးဆောင်သည့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးအဖြစ်မှ ၁၉၆၄ ခုနှစ်အရောက်တွင် သျှမ်းပြည်လွတ်လပ်ရေး တပ်မတော် SSIA တပ်ဖွဲ့ နှင့် SNUF တပ်ဖွဲ့ တို့မှ ဖွဲ့စည်းတည်ထောင်လိုက်သည့် SSA တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်လာကြောင်း လေ့လာသိရသည်။

စိုင်းညို၏ ဇာတိသည် သျှမ်းပြည် လားရှိုးခရိုင် ကွန်လုံမြို့တွင်ဖြစ်ပြီး ထိုင်းနိုင်ငံ ၊ ချင်းမိုင်ခရိုင်အတွင်း ပြောင်းရွှေ့နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၄၀ ကျော်ပြီ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ကွယ်လွန်ချိန်တွင် သား/သမီး ၂ ယောက် နှင့် ဇနီး မယ်ထောက်အောင်တို့ ကျန်ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လူထုမျှော်မှန်းသည့်အတိုင်း သျှမ်းတပ် ၂ ဖွဲ့ ညီညွတ်ရေးအတူတကွလုပ်ဆောင်သွားမည်ဟု SSA ၅၅ နှစ်ပြည့်တွင် RCSS သဝဏ်လွှာပေးပို့

0
SSA သျှမ်းပြည်တပ်မတော် တည်ထောင်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သဝဏ်လွှာတွင် သံဃာတော်နှင့် ပြည်သူလူထုတို့ မျှော်မှန်းထားသည့်အတိုင်း တပ်ဖွဲ့ ၂ ဖွဲ့ကြားက ညီညွတ်ရေးကို အတူတကွ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပါရှိသည်။ အဆိုပါ...

တိုက်ပွဲများလုံးဝ ရပ်တန့်စေနိုင်ရေး သျှမ်းတပ် ၂ ဖွဲ့ တပ်ဆုတ်ကြပြီဖြစ်ကြောင်း SSA ၅၅ နှစ်မြောက်အခမ်းအနားတွင် SSPP ပြော

0
SSA သျှမ်းပြည်တပ်မတော်တည်ထောင်ခြင်း ၅၅ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားတွင် တိုက်ပွဲများရပ်တန့်စေနိုင်ရေး သျှမ်းတပ် ၂ ဖက် တပ်ဆုတ်ထားပြီဖြစ်ကြောင် း သံဃာတော်နှင့်လူထုတို့နှင့်တွေ့ဆုံစဉ် SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။ ဧပြီလ ၂၄ ရက်နေ့တွင်ကျရောက်သော သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အခမ်းအနားကို SSPP/SSA...

 သျှမ်း-ထိုင်းနယ်စပ်နေ သျှမ်းတော်လှန်ရေးသမားဟောင်း တဦး ကွယ်လွန်

0
သျှမ်းပြည်တပ်မတော် နွံစစ်ဟန်စတင်ကတည်းက ပါဝင်လာခဲ့သော သက်တမ်းရင့် တော်လှန်ရေး သမားဟောင်း စဝ်လျန်းမိဏ်းသည် သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ နမ္မတူမြို့နယ် (သိန္နီစော်ဘွားလက်အောက်ခံ) မိုင်းရင် မြို့စား၏ သားဖြစ်သူ စဝ်လျန်းမိဏ်း အသက် ၇၆ နှစ်သည် အောက်တိုဘာလ ၈ ရက် နေ့ က သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး...