Tuesday, January 27, 2026

တိုက်ပွဲများလုံးဝ ရပ်တန့်စေနိုင်ရေး သျှမ်းတပ် ၂ ဖွဲ့ တပ်ဆုတ်ကြပြီဖြစ်ကြောင်း SSA ၅၅ နှစ်မြောက်အခမ်းအနားတွင် SSPP ပြော

SSA သျှမ်းပြည်တပ်မတော်တည်ထောင်ခြင်း ၅၅ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားတွင် တိုက်ပွဲများရပ်တန့်စေနိုင်ရေး သျှမ်းတပ် ၂ ဖက် တပ်ဆုတ်ထားပြီဖြစ်ကြောင် း သံဃာတော်နှင့်လူထုတို့နှင့်တွေ့ဆုံစဉ် SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။

Photo by SHAN- SSA သျှမ်းပြည်တပ်မတော်တည်ထောင်ခြင်း ၅၅ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနား

ဧပြီလ ၂၄ ရက်နေ့တွင်ကျရောက်သော သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အခမ်းအနားကို SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင် မနက်ပိုင်းကျင်းပခဲ့ပြီး ညနေပိုင်းတွင်မူ SSPP/SSA မှသံဃာနှင့်လူထု တို့နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

“မနက်ပိုင်းအခမ်းအနားက တက်ရောက်သူ ၂၅၀၀ ကျော်ရှိတယ်။ သျှမ်းတွေလေးစားရတဲ့ ဂီတပညာရှင် အနုပညာရှင်တွေတက်ရောက်တယ်။ SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်က SSA ဖြစ်ပေါ်လာပုံအကြောင်းမိန့်ခွန်းပြောတယ်။ ဧည့်သည်တော်တွေက တိုက်ပွဲတွေရပ်တန့်နိုင်ရေး စည်းလုံးညီညွတ်ရေးအတွက်ပြောကြတယ်။ စစ်သင်တန်းကျောင်းက တပ်သားတွေ စစ်ရေးပြအခမ်းအနားရှိတယ်။” – ဟုအခမ်းအနားတက်ရောက်သူ စိုင်းမိဏ်း ကပြောသည်။

Photo by SHAN- SSA ၅၅ နှစ်မြောက်အခမ်းအနားတွင် SSPP/SSA မှသံဃာနှင့်လူထု တို့နှင့်တွေ့ဆုံ

မနက်ပိုင်းအခမ်းအနားတွင် SSPP/SSA အတွင်း လုပ်သက် ၂၅ နှစ်ကျော်သည့် ကေဒါ တပ်သားများအား ဂုဏ်ပြုလွှာနှင့် ဆုချီးမြင့်ခဲ့ ကြောင်းလည်းသိရသည်။

ညနေပိုင်းအခမ်းအနားတွင် သံဃာနှင့်လူထု တွေ့ဆုံပွဲတွင်မူ တက်ရောက်သူ ၃၀၀ ကျော်ရှိပြီး ဖွဲ့စည်းပုံမူဝါဒနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ၊ တိုက်ပွဲများလုံးဝရပ်တန့်နိုင်ရေး ပဋိပက္ခနယ်မြေမှ ၂ ဖက်တပ်များ တပ်ဆုတ်နေပြီဖြစ်ကြောင်း SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုကပြောသည်။

“သီပေါမြို့နယ် နားမခေါ်အုပ်စုမှာ ၄-၅ လအကြာ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေ လုံးဝရပ်တန့်နိုင်ရေးအတွက် SSPP အနေနဲ့ ဧပြီလ ၁၉ ရက်နေ့ကတည်း တပ်ဆုတ်ခွါခဲ့ကြပြီ။ RCSS တပ်တွေကလည်း ဧပြီလ ၂၄ ရက်နေ့အထိ တပ်ဆုတ်ခွါနေဆဲဖြစ်တယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကပြောကြောင်းသိရသည်။

ယခုနှစ်ဆန်းပိုင်းက သီပေါမြို့နယ် အတွင်း RCSS နှင့် SSPP တို့ တိုက်ပွဲများဖြစ်ပွါးမှုကြောင့်ဒေသခံလူထု ထောင်နှင့်ချီ နေရပ်မှစွန့်ခွါထွက်ပြေးခဲ့ရသည်။

SSPP နှင့် သံဃာတော်၊ လူထုတွေ့ဆုံပွဲတွင် နိုင်ငံရေး မူဝါဒ စစ်ရေးမူဝါဒနှင့် တပ်သားသစ်ကောက်ယူမှုမူ ၀ါဒများနှင့်ပတ်သက်ပြီး သံဃာတော်များကမေးမြန်းရာ SSPP က ၄င်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ မူဝါဒတွင် ကဏ္ဍ ၄ ခုရှိကြောင်း၊ သာသနာပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ စသည်တို့ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လူထုအား SSPP ၏ မူဝါဒစာအုပ်ပေးဝေခဲ့ကြောင်းလည်းသိရသည်။

ညပိုင်းတွင်မူ နာမည်ကြီးသျှမ်းအဆိုတော်များ တေးသံရှင်များက တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေပွဲရှိ ကြောင်းလည်းသိရပါသည်။

RCSS နှင့် SSPP တို့ ၂ ဖွဲ့ကြား တိုက်ပွဲများရပ်တန့်နိုင်ရေးအတွက် မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ (ခူးဝါးဝန်းစုမ့်)အား အမှူးပြုသည့် ဆရာတော် သံဃာတော်များက ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် မတ်လနှောင်းပိုင်းကတည်းက ပစ်ခတ်မှုများ ရပ်စဲသွားကြပြီး တိုက်ပွဲတွေလုံးဝ ရပ်စဲနိုင်ရေးအတွက် လက်ရှိတွင်လည်း တပ်များ တပ်ဆုတ်နေကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

စစ်ကော်မရှင် ဖမ်းမိသည့် ကျပ် ၂၅၇ ဘီလီယံကျော်တန် မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုမရှိဟု SSPP ထုတ်ပြန်

0
စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ရဲတပ်ဖွဲ့မှ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အဖွဲ့ဝင် အရာရှိများအပေါ် မူးယစ်ဆေးဝါးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်ခြင်းသည် မဟုတ်မမှန်ကြောင်း SSPP ဘက်မှ ပယ်ချလိုက်သည်။ ပြီးခဲ့သည့် သြဂုတ် ၅ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် မလေးရှား ရေပိုင်နက်သို့...