တိုက်ပွဲများလုံးဝ ရပ်တန့်စေနိုင်ရေး သျှမ်းတပ် ၂ ဖွဲ့ တပ်ဆုတ်ကြပြီဖြစ်ကြောင်း SSA ၅၅ နှစ်မြောက်အခမ်းအနားတွင် SSPP ပြော

SSA သျှမ်းပြည်တပ်မတော်တည်ထောင်ခြင်း ၅၅ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားတွင် တိုက်ပွဲများရပ်တန့်စေနိုင်ရေး သျှမ်းတပ် ၂ ဖက် တပ်ဆုတ်ထားပြီဖြစ်ကြောင် း သံဃာတော်နှင့်လူထုတို့နှင့်တွေ့ဆုံစဉ် SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကပြောသည်။

Photo by SHAN- SSA သျှမ်းပြည်တပ်မတော်တည်ထောင်ခြင်း ၅၅ နှစ်မြောက်အထိမ်းအမှတ်အခမ်းအနား

ဧပြီလ ၂၄ ရက်နေ့တွင်ကျရောက်သော သျှမ်းပြည်တပ်မတော် SSA တည်ထောင်ခြင်း ၅၅ နှစ်ပြည့်အခမ်းအနားကို SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင် မနက်ပိုင်းကျင်းပခဲ့ပြီး ညနေပိုင်းတွင်မူ SSPP/SSA မှသံဃာနှင့်လူထု တို့နှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

“မနက်ပိုင်းအခမ်းအနားက တက်ရောက်သူ ၂၅၀၀ ကျော်ရှိတယ်။ သျှမ်းတွေလေးစားရတဲ့ ဂီတပညာရှင် အနုပညာရှင်တွေတက်ရောက်တယ်။ SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထင်က SSA ဖြစ်ပေါ်လာပုံအကြောင်းမိန့်ခွန်းပြောတယ်။ ဧည့်သည်တော်တွေက တိုက်ပွဲတွေရပ်တန့်နိုင်ရေး စည်းလုံးညီညွတ်ရေးအတွက်ပြောကြတယ်။ စစ်သင်တန်းကျောင်းက တပ်သားတွေ စစ်ရေးပြအခမ်းအနားရှိတယ်။” – ဟုအခမ်းအနားတက်ရောက်သူ စိုင်းမိဏ်း ကပြောသည်။

Photo by SHAN- SSA ၅၅ နှစ်မြောက်အခမ်းအနားတွင် SSPP/SSA မှသံဃာနှင့်လူထု တို့နှင့်တွေ့ဆုံ

မနက်ပိုင်းအခမ်းအနားတွင် SSPP/SSA အတွင်း လုပ်သက် ၂၅ နှစ်ကျော်သည့် ကေဒါ တပ်သားများအား ဂုဏ်ပြုလွှာနှင့် ဆုချီးမြင့်ခဲ့ ကြောင်းလည်းသိရသည်။

ညနေပိုင်းအခမ်းအနားတွင် သံဃာနှင့်လူထု တွေ့ဆုံပွဲတွင်မူ တက်ရောက်သူ ၃၀၀ ကျော်ရှိပြီး ဖွဲ့စည်းပုံမူဝါဒနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ၊ တိုက်ပွဲများလုံးဝရပ်တန့်နိုင်ရေး ပဋိပက္ခနယ်မြေမှ ၂ ဖက်တပ်များ တပ်ဆုတ်နေပြီဖြစ်ကြောင်း SSPP ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုကပြောသည်။

“သီပေါမြို့နယ် နားမခေါ်အုပ်စုမှာ ၄-၅ လအကြာ ဖြစ်ပွါးခဲ့တဲ့တိုက်ပွဲတွေ လုံးဝရပ်တန့်နိုင်ရေးအတွက် SSPP အနေနဲ့ ဧပြီလ ၁၉ ရက်နေ့ကတည်း တပ်ဆုတ်ခွါခဲ့ကြပြီ။ RCSS တပ်တွေကလည်း ဧပြီလ ၂၄ ရက်နေ့အထိ တပ်ဆုတ်ခွါနေဆဲဖြစ်တယ်” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းဆု ကပြောကြောင်းသိရသည်။

ယခုနှစ်ဆန်းပိုင်းက သီပေါမြို့နယ် အတွင်း RCSS နှင့် SSPP တို့ တိုက်ပွဲများဖြစ်ပွါးမှုကြောင့်ဒေသခံလူထု ထောင်နှင့်ချီ နေရပ်မှစွန့်ခွါထွက်ပြေးခဲ့ရသည်။

SSPP နှင့် သံဃာတော်၊ လူထုတွေ့ဆုံပွဲတွင် နိုင်ငံရေး မူဝါဒ စစ်ရေးမူဝါဒနှင့် တပ်သားသစ်ကောက်ယူမှုမူ ၀ါဒများနှင့်ပတ်သက်ပြီး သံဃာတော်များကမေးမြန်းရာ SSPP က ၄င်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံ မူဝါဒတွင် ကဏ္ဍ ၄ ခုရှိကြောင်း၊ သာသနာပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လယ်ယာစိုက်ပျိုးရေးနှင့် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ စသည်တို့ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လူထုအား SSPP ၏ မူဝါဒစာအုပ်ပေးဝေခဲ့ကြောင်းလည်းသိရသည်။

ညပိုင်းတွင်မူ နာမည်ကြီးသျှမ်းအဆိုတော်များ တေးသံရှင်များက တေးသီချင်းများဖြင့်သီဆိုဖျော်ဖြေပွဲရှိ ကြောင်းလည်းသိရပါသည်။

RCSS နှင့် SSPP တို့ ၂ ဖွဲ့ကြား တိုက်ပွဲများရပ်တန့်နိုင်ရေးအတွက် မိုင်းဖုန်းဆရာတော် ဦးဉာဏသံဝရ (ခူးဝါးဝန်းစုမ့်)အား အမှူးပြုသည့် ဆရာတော် သံဃာတော်များက ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုကြောင့် မတ်လနှောင်းပိုင်းကတည်းက ပစ်ခတ်မှုများ ရပ်စဲသွားကြပြီး တိုက်ပွဲတွေလုံးဝ ရပ်စဲနိုင်ရေးအတွက် လက်ရှိတွင်လည်း တပ်များ တပ်ဆုတ်နေကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...