မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လင်းခေးမြို့ တိန်းချောင်းဘေးရပ်ကွက်များ ရေသိသိသာသာလျှံဝင်

သျှမ်းပြည်အတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် မြို့နယ်အသီးသီး တို့တွင် လူနေအိမ်ခြေအတွင်း ရေများ လွှမ်းခဲ့ရာ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်လည်း တိန်းချောင်းရေမြင့်တက်ကာ ချောင်းဘေး တလျှောက် နေထိုင်သူများ ကုန်းမြင့်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်းသိရသည်။

Photo By Linkhay youth/ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လင်းခေးမြို့ တိန်းချောင်းဘေးရပ်ကွက်များ ရေသိသိသာသာလျှံဝင်

အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက တိန်းချောင်းရေ စတင်မြင့်တက်ကာ လင်းခေးမြို့နယ် တိန်းချောင်းဘေးနေ ရပ်ကွက်များအတွင်းလယ်ယာခြံမြေများအတွင်း ရေဝင်သဖြင့် ပြောင်းပိုင်ရှင်များလည်း စိုးရိမ်ပူပန်မှုများရှိခဲ့ကြောင်းသိရသည်။

“မိုးကဆက်တိုက်ရွာနေတာ တပတ်လောက်ရှိပြီ။ ညပိုင်းဆိုပိုသည်းတယ်။ ချောင်းရေကတော့ နှောက်နေတာ ၂ ရက် ၃ ရက်ရှိပြီ ဒီမနက်မှ ရုတ်ချည်းတက်လာတာ။ ကျမတို့ရွာထဲဝင်လာပြီ။ ခြံတွေထဲလည်းဝင်တယ်။ ပြောင်းတွေမချိုးရသေးဘူး။ ပြောင်းခြံထဲက ရေက ဒူးခေါင်းလောက်အထိ မြင့်တယ်။ လောလောဆယ်တော့ ကုန်းပိုင်းဘက်ပြောင်းသူပြောင်း။ တချို့လဲ တောင်ခြေဘက်က ခြံထဲသွားနေကြတယ် ”- ဟု လင်းခေးမြို့အဝင် တိန်းချောင်းနံဘေးရှိ နမ့်အွန်ရွာ ပြောင်းခြံပိုင်ရှင် အေယိင်းကပြောသည်။

Photo by Linkhay Youth/ ရေကြီးမှုကြောင့် စက်များ ကားများ ကုန်းမြင့်ရာသို့ ရွှေ့ပြောင်းထားရ

မြို့တွင်းရပ်ကွက်များတွင်မူ ဒါးဆိပ်ကျေးရွာ ၊ ပန်ဆနောင်းရွာ၊ ၀မ့်မပျဉ်းရပ်ကွက်၊ ၀မ့်လုံရပ်ကွက်၊ စျေးတန်းရပ်ကွက်တို့ရှိ တိန်းချောင်းဘေးနေထိုင်သူများ နေအိမ်းအတွင်းရေများ တရိပ်ရိပ်တက်နေကြောင်း မိုးဆက်လက်ရွာသွန်းပါက ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်ကကဲ့သို့ ရေကြီးမှုဖြစ်ပေါ်မည်ကိုစိုးရိမ်နေကြောင်း ဒေသခံများပြောဆိုနေကြသည်။

“ခုချိန်က ကမ္မဌာန်းကျောင်းမှာ တရားစခန်းဖွင့်ထားတော့ ယောဂီကျောင်းဆောင်တွေ အထိရေဝင်မှာစိုးလို့စောင့်ကြည့်နေကြတယ်။ မိုးဆက်ရွာရင်တော့ ၂၀၀၄ ခုနှစ်တုန်းကလောက် ဖြစ်လောက်တယ် ” – ဟုလည်း ၀မ့်လုံရပ်ကွက်နေ နန်းလောဝ်ကပြောသည်။

 

Photo by Linkhay Youth/မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လင်းခေးမြို့ တိန်းချောင်းဘေးရပ်ကွက်များ ရေသိသိသာသာလျှံဝင်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် တိန်းချောင်းမြစ်ဖျားခံစတင်စီးဆင်းသည်ဖြစ်ရာ မိုင်းကိုင်တွင်ယနေ့အထိမိုးမပြတ်ရွာသွန်းနေသေးသဖြင့် တိန်းချောင်းရေထပ်မြင့်တက်မည်ကို လင်းခေးဒေသခံများ အထူးစိုးရိမ်လျှက်ရှိကြောင်း မြို့ခံများကပြောဆိုနေကြသည်။

လင်းခေးမြို့တောင်ဘက်ရှိ ၀မ့်ဟတ် နားကုန်းအသွားလမ်းပိုင်းတွင်လည်း ချောင်းရေလျှံကာ ရပ်ရွာနေအိမ်အတွင်း ရေဝင်သဖြင့် သွားလာဆက်သွယ်မှု ခက်ခဲရကြောင်းသိရသည်။

Photo by Sai Khur Tai/ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ၀မ့်ဟတ် နားကုန်းအသွားလမ်းပိုင်း တိန်းချောင်းဘေးရပ်ကွက်များ ရေလျှံဝင်

လွန်ခဲ့သည့် ၁၀ နှစ်ကျော် ၂၀၀၄ ခုနှစ် ကျိုင်းတောင်းရေတံခွန်တွင်ဓါတ်အားပေးစက်ရုံ တည်ဆောက်စဉ် ကလည်း ထိုသို့မိုးမပြတ်ရွာသွန်းရာ လင်းခေးမြို့သမိုင်းတွင်စံချိန်တင် ရေကြီးမှုဖြစ်ပွါးခဲ့သည်။ ထိုစဉ်က လယ်ယာခြံနှင့် ကုန်းပိုင်းရပ်ကွက်ရှိ နေအိမ်များအထိပါ ရေများလွှမ်းခဲ့ရာ ဒေသခံ ၂ ဦး သေဆုံးခဲ့သည်။

အလားတူ မိုင်းပန်မြို့တွင်လည်း မိုးသည်းမှုကြောင့် တောင်ကျချောင်းရေများ လယ်မြေအတွင်းစီးဝင်ရာ လယ်မြေဧကပေါင်းများစွာ ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ ယမန်နေ့ကအထိ လင်းခေးမြို့အသွားလမ်းပိုင်းရေကြီးမှု ကြောင့် ကားအသွားအလာများခေတ္တရပ်နားထားရကြောင်း သိရပါသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ အတွင်း အောက်တိုဘာလ ၁၃ ရက်နေ့ခန့်အထိ မိုးများ ဆက်တိုက်ရွာသွန်းဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ကလည်း သတိပေးပြောကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...