Saturday, May 4, 2024

တိန်းချောင်းရေ

ရန်ကုန်သို့ပညာတော်သင်စေလွှတ်မည့်စာရင်းတွင်ပါသည့် လင်းခေးမြို့မှ စာသင်ကိုယ်ရင်ငယ်တပါး တိန်းချောင်းရေနှင့်မျောပါသေဆုံး

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ရန်ကုန်သို့ ပညာတော်သင်လွှတ်မည့်သံဃာများစာရင်းတွင်ပါ၀င်သော ကိုယ်ရင်ငယ်တပါး တိန်းချောင်းရေနှင့်မျောပါသေဆုံးခဲ့ကြောင်းသိရသည်။ ဇွန်လ ၄ ရက် ညနေ ၄ နာရီကျော်အချိန်က လင်းခေးမြို့လယ် မဟာဝိဟာရကျောင်းကြီးကျောင်းမှ စာသင်ကိုယ်ရင်ငယ် ၅ ပါးသည် တိန်းချောင်းရေ ဆင်းဆော့စဉ် ရေစီးသန်ပြီးဝဲကြမ်းသည့်နေရာသို့ကျသွားသဖြင့် ရေနှင့်အတူ နစ်မြုပ်မျောပါသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျောင်းကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်...

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လင်းခေးမြို့ တိန်းချောင်းဘေးရပ်ကွက်များ ရေသိသိသာသာလျှံဝင်

သျှမ်းပြည်အတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် မြို့နယ်အသီးသီး တို့တွင် လူနေအိမ်ခြေအတွင်း ရေများ လွှမ်းခဲ့ရာ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်လည်း တိန်းချောင်းရေမြင့်တက်ကာ ချောင်းဘေး တလျှောက် နေထိုင်သူများ ကုန်းမြင့်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်းသိရသည်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက တိန်းချောင်းရေ စတင်မြင့်တက်ကာ လင်းခေးမြို့နယ် တိန်းချောင်းဘေးနေ ရပ်ကွက်များအတွင်းလယ်ယာခြံမြေများအတွင်း ရေဝင်သဖြင့်...

Latest news