TNLA မှ နန်းမိုဟွမ်အား ထောင်ဒဏ် ၃ နှစ်ချမှတ်သည့်အပေါ် မိသားစုဝင်များမသိရဟုဆို

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းသူ နန်းမိုဟွမ်အား တအာင်း ပလောင်  အမျိုးသားလွတ်မြောက်ရေးတပ်မတော်  TNLA  က အောက်တိုဘာ ၅ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ချလိုက်သည့်အပေါ် မိသားစုဝင်မှ မသိရှိရကြောင်း ဆိုပါသည်။

Photo from Facebook / TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ် နှင့် ၄င်းတို့၏ထုတ်ပြန်ချက်

“မနေ့က သတင်းတွေထွက်လာတာတွေ့တယ်။ ဒီအကြောင်း ကျမတို့ဘာမှမသိရဘူး။ အကြောင်းကြားလာတာလဲ မရှိသေးဘူး။ ဒါကြောင့် ကျမတို့ဘက်က ဘာမှမပြောနိုင်သေးဘူး။ နန်းမိုဟွမ်ဘေးကင်းစွာနဲ့ အမြန်ဆုံးပြန်လည် လွှတ်မြောက်လာဖို့ ဘဲကျမတို့ဆုတောင်းနေတယ်။ ”- ဟု နန်းမိုဟွမ် ၏ မိသားစုဝင်တဦး ကပြော သည်။

နန်းမိုဟွမ်အား TNLA မှ ရာဇာသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် TNLA ဗဟို တရားရုံးမှ ထောင်ဒဏ် ၃နှစ် စီရင်ချက် ချလိုက်ကြောင်း၊ အဆိုပါ စီရင်ချက်ချ လိုက်သည့် နေ့တွင် နန်းမိုဟွမ် သည် သူမ ၏ မိသားစုဝင်များနှင့် မတွေ့ခဲ့ရကြောင်း TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“ နန်းမိုဟွမ်ကို ကျနော်တို့ ဗဟို တရားရုံးက အောက်တိုဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ထောင်ဒဏ် ၃နှစ် ချလိုက်တာ ဟုတ်ပါတယ်။ သူ့မိသားစုဝင်တွေ နဲ့ ဘာလို့ပေးမတွေ့လဲဆိုတော့ ကျနော်လည်း မသိသေးဘူး။ သူ့ ကျန်းမာရေးကတော့ ကောင်းပါတယ်။ ကျနော်တို့ ဌာနမှာပဲထားထားပါတယ်။ ဒီလောက်ဘဲပြောနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ ကျနော် ဗဟိုနဲ့သွားမတွေ့ရသေးတော့ အသေးစိပ်မသိရသေးဘူး ” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။

နန်းမိုဟွမ်ကို ဖမ်းဆီး ထောင်ချခြင်းသည် လူမျိုးရေး နှင့်မဆိုင်ကြောင်း၊ TNLA ဥပဒေကို ချိုးဖောက်မှုကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

သို့သော် လက်ရှိအနေအထားအရ နန်းမိုဟွမ်ကို ထိုသို့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်သည့်အပေါ် သမိုင်း တလျှောက်အတူတကွ ဒွန်တွဲနေထိုင်လာသည့် သျှမ်း နှင့် တအာင်းပလောင် လူမျိုး ကြား ပဋိပက္ခဖြစ်ပွားမည်ကို နမ့်ခမ်းဒေသခံများက စိုးရိမ်နေကြကြောင်း ၊ ထို့အတွက်အမြန်ဆုံးပြန်လည်လွှတ်ပေးစေလိုကြောင်း နမ့်ခမ်းဒေသခံ လူငယ်များကပြောဆိုနေကြသည်။

နန်းမိုဟွမ် ကို စက်တင်ဘာ ၁၇ ရက် နေ့ မနက် ၈ နာရီခွဲ အချိန် က သူမ၏ ကလေး အား ထမင်းကျွေးနေချိန် လက်နက်ကိုင်တအာင်းတပ်ဖွဲ့ဝင် ၅ ဦးက သူမအား သေနတ်ထိုးချိန်ကာ ကားပေါ် တင်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည် ။

ယမန်နှစ်က နန်းမိုဟွမ် အိမ်မှ အခွန် ၁၁ သိန်းကောက်ခံပြီးအပြန် တအာင်းတပ်သား ၂ ဦးအား လမ်းတွင် အစိုးရတပ်မှ ချောင်းမြောင်းပစ်ခတ်ရာ တဦးသေ တဦးဖမ်းဆီးခံရသဖြင့် နန်းမိုဟွမ်အား တအာင်းအကောက်ခွန် ၀န်ထမ်းအား တာဝန်ဝတ္တရားနှောင့်ယှက်မှုဟုဆိုကာ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် အရေးယူမည်ဖြစ်ကြောင်း၊ မိဘများရှေ့မှောက်တွင်တရားစီရင်မည်ဖြစ်ကြောင်း TNLA ၏ ပြန်ကြားရေးဌာနက ကြေငြာချက်ထုတ်ပြန်သည်။

အဆိုပါ ဥပဒေပုဒ်မ သည် နုုိင်ငံတော်မှ အပ်နှင်းထားသည့် ဥပဒေလုပ်ပိုင်ခွင့်ရှိသူ (ရှေ့နေ သို့မဟုတ် တရားရုံးရှေ့ နေ ရှေ့ရပ် )တွင် တာ တရားစီရင်ရမည့်အပြင် တရားစီရင်ရေးပေးထားသည့် တရားရုံးတွင်သာ ပြည်သူ၏ ရှေ့မှောက်တွင် ပြဌာန်းထားသည့် ဥပဒေဖြင့် စီရင်ရမည်- ဟု ၄င်းဥပဒေပုဒ်မပါသည့် အခန်းတွင် ဖော်ပြထားကြောင်း ဥပဒေဘာသာရပ်ဖြင့်ကျောင်းပြီးထားသည့် သျှမ်းလူငယ်အဖွဲ့ဝင်တဦး ကပြောသည်။

တအာင်းတပ်ဖွဲ့ TNLA သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တဖွဲ့ဖြစ်ပြီး အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ရန်ကြိုးစားနေသည့်အဖွဲ့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...