Thursday, January 29, 2026

CATEGORY

အထွေထွေ

နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာ ကားလမ်းပျက်၊ ကားသွားရန်ခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဖဒဲန်ကျေးရွာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကားလမ်းမကြီး ပြိုကျပျက်စီးပြီး ကားသမားများသွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၁ ရက် မနက်ပိုင်းတွင် နမ့်ခမ်းမြို့ နှင့် နမ့်ဖတ်ကာကြားရှိ ကားလမ်းမကြီးသည် မိုးသည်းထန်ရွာသွန်းမှုကြောင့် လမ်းပြိုကျသွားကြောင်းသိရသည်။ “ အဲနေ့က မိုးအရမ်းရွာလို့ အဲနားရှိတဲ့ ကားလမ်းက ပြိုကျသွားတာ။...

နမ္မတူမြို့နယ် ဆီပြတ်လပ် တောင်ယာသို့ လမ်းလျှောက်သွားနေရ

သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ နယ်အတွင်း ဓာတ်ဆီအဆမတန်မြင့်တက်ပြီး ဓာတ်ဆီဆိုင်များ ပိတ်လိုက်ရသဖြင့် တောင်ယာ လုပ်ကိုင်သည့်ဒေသခံများ လမ်းလျှောက်သွားနေရသည်ဟု စုံစမ်းသိရှိရသည်။ နမ္မတူအထွက်ဆိုင်းဘုတ် ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် နမ္မတူမြို့နယ်မှာ ဓာတ်ဆီအဆမတန် မြင့်တက်လာသဖြင့် ဝယ်ယူရန် အခက်အခဲကြုံ တွေ့ရသည့်အတွက် ပြည်သူများတောင်ယာသို့ လမ်းလျှောက်သွားလာနေကြရကြောင်း နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်...

သျှမ်းနိုင်ငံရေးခေါင်းဆောင် SNLD ထူထောင်သူဖြစ်တဲ့ ဦးခွန်ထွန်းဦး ကွယ်လွန်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦး ယနေ့ ဧပြီ (၃၀) ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ရှိ နေအိမ်မှာ ကွယ်လွန်သွားကြောင်း စုံစမ်းသိရှိရပါတယ်။ “စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း သူ မကြာခဏ နေမကောင်းဖြစ်တယ်။ ဆေးရုံ (၂) ကြိမ်လောက်တက်ရတယ်။ ပြီးခဲ့ပတ်တုန်းက သိပ်နေမကောင်းဘူး။ ဒီပတ်က တစ်ပတ်လုံး...

ပင်လုံမြို့ ရှိ နေအိမ်တလုံး မီးလောင်မှုဖြစ်ပွား

  သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ ရပ်ကွက် (၄) အတွင်းရှိ နေအိမ်တလုံးတွင် ယနေ့ (မတ် ၂၅)ရက်  နေ့လည်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။  “လူထိခိုက်တာတွေတော့ မရှိဘူး။ အိမ်ကတော့ အကုန်ပါသွားတယ်။ တစ်အိမ်လုံးဆုံးရှုံးသွားတာ။ ဘာကြောင့် လောင်တာလဲတော့ မသိရသေးဘူး” ဟု ပင်လုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။  အဆိုပါ အိမ်မီးလောင်မှုကြောင့် ဘေးအိမ်ပါ...

တရုတ်လေကြောင်းလိုင်းပျက်ကျ သျှမ်းအမျိုးသမီး (၄)ဦးပါ

China Eastern လေကြောင်းလိုင်းပျက်ကျသည့်ထဲတွင် သျှမ်းလူငယ်အမျိုးသမီး (၄)ဦး ပါ၀င်ကြောင်း စုံစမ်းသိရသည်။ မတ် (၂၁)ရက်တွင် ခရီးသည် (၁၃၂)ဦးတင်ဆောင်လာသည့် China Eastern လေကြောင်းလိုင်းသည် တရုတ်နိုင်ငံ တောင်ပိုင်း တွင်ပျက်ကျခဲ့ရာ ထိုထဲတွင် သျှမ်းလူငယ်အမျိုးသမီး (၄)ဦးပါ၀င်ခဲ့ကြောင်း တရုတ်နိုင်ငံ ရွှေလီမြို့နေ သျှမ်းလူငယ်အမျိုးသားတစ်ဦး က...

နမ့်လန်မြို့ သစ်ကိုင်းပိ အမျိုးသားတစ်ဦး သေဆုံး အမျိုးသမီး ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ တပေါင်းပွဲခင်းကျင်းပမည့် နေရာတွင် ယမန်နေ့(မတ် ၂၀)ရက် ညသန်းခေါင်၌ သစ်ကိုင်းကျိုးကျပြီး ပွဲခင်းတွင်အိပ်စောင့်သည့် အမျိုးသားတစ်ဦး ကိုင်းပိသေဆုံးကာ အမျိုးသမီး ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ် ၂၀)ရက် ညသန်းခေါင် ၁၂ ဝန်းကျင် နမ့်လန်...

မိုင်းကိုင် တပေါင်းပွဲပြန် ဘုရားဖူးထော်လဂျီမှောက် တစ်ဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တပေါင်းပွဲတော်မှ ပြန်လာသည့် ဘုရားဖူး ထော်လဂျီ တစ်စီး တိမ်းမှောက်ပြီး ထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းသိရသည်။ မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်တွင် မိုင်းကိုင်မြို့ မွေတော်ဘုရားဖူးပြီးအပြန်ခရီး ကောင်းမူးတန် ကျေးရွာအနီးတွင် ထော်လဂျီတစ်စီး တိမ်းမှောက်ကာ အမျိုးသမီး တစ်ဦး သေဆုံးပြီး...

နိုင်ငံရေး ရုပ်ပြောင် ကာတွန်းဆရာ ဟန်လေး ကွယ်လွန်

နာမည်ကြီး နိုင်ငံရေး ရုပ်ပြောင်ကာတွန်းဆရာ ပီဟန်လိတ် (ခေါ်) ဟန်လေး သည် ယနေ့ (ဖေဖော်ဝါရီ ၉)ရက် မွန်းလွဲ ၃နာရီကျော်မှာ သျှမ်းပြည် တောင်ကြီးမြို့ မှာ ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။ ကာတွန်း ဆရာ ဟန်လေး ဟာ ၁၉၆၅ခုနစ်မှာ သျှမ်းပြည် တောင်ကြီးမြို့နယ် နောင်မွန်ကျေးရွာမှာ...

ကာလိမြို့ သျှမ်းပြည်အမျိုးသားနေ့ အထိမ်းအမှတ် အားကစားပွဲကျင်းပ

သျှမ်းပြည်တောင်ပိုင်း ကာလိမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဦးဆောင်ပြီး သျှမ်းပြည်အမျိုးသားနေ့အထိမ်းမှတ် အတွက် လူငယ်များကို စုစည်းပြီး အားကစားပွဲကျင်းပ ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄) ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး လူငယ်များ စွမ်းရည်မြှင့်တင်ရေး နှင့်...

သျှမ်းအမျိုးသား ကာယဗလ မောင် ပထမဆု ထပ်မံရရှိ

 သျှမ်းအမျိုးသား ကာယဗလမောင်  စိုင်းဆိုင်အွန်သည် ယခုလအတွင်း ဖူးခက်မြို့တွင်ကျင်းပသည်က့်ယ ဗလပြိုင်ပွဲ၌ ပထမ ထပ်မံဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။  ဒီဇင်ဘာ ၂၅ - ၂၆ ရက်နေ့ ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ကျင်းပသည့်  Thailand Southern Bodybuilding Championships ပြိုင်ပွဲ၌  ပထမဆု ထပ်မံ ဆွတ်ခူးရရှိခဲ့သည်။။  အဆိုပါ ပြိုင်ပွဲတွင် စိုင်းဆိုင်အွန်သည် အမြင့် 175 cm အထက်ပြိုင်ပွဲမှာ ခါးနံပါတ် (၈၇)ဖြင့် (၅)ယောက်တွဲပြိုင်ပွဲတွင် ယှဥ်ပြိုင်ခဲ့ပြီး ပထမဆု ရရှိခဲ့တာဖြစ်ကြောင်း သိရသည်။  ပထမဆုအဖြစ် အမျိုးသားဗလမောင် ရုပ်ထုနှင့် ထိုင်းဘတ်ငွေ ကျပ် (၁)သောင်း ရရှိခဲ့တာဖြစ်သည်။  နိုဝင်ဘာလတွင်လည်း ထိုင်းနိုင်ငံ ပတ္ထရားမြို့ တွင်ကျင်းပသည့် ကာလ ဗလပြိုင်ပွဲတွင်လည်း ပထမဆုရရှိခဲ့ဖူးသူဖြစ်သည်။ စိုင်းဆိုင်အွန်သည်  အသက် ၂၆နှစ်အရွယ်ရှိပြီး လုံးစင်နှင့် ပါခမ်း တို့၏ သားဖြစ်ပြီး သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့ဇာတိဖြစ်သည်။

Latest news