Tuesday, January 27, 2026

မူဆယ် ရွှေလီမြစ်ထဲ ၁၆ နှစ်ကလေး တစ်ဦး ရေနစ်ပျောက်ဆုံးနေ

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ရွှေလီမြစ်ထဲတွင် အသက် (၁၆)နှစ် အရွယ်ရှိ ကလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

အသက် (၁၆)နှစ်အရွယ်ကလေး ရေနစ်ပျောက်ဆုံး

ဖြစ်စဥ်မှာ ယမန်နေ့ (အောက်တိုဘာ ၁)ရက် နံနက်ပိုင်းတွင် မူဆယ်မြို့သို့ လာရောက်အလုပ်လုပ်သည့် အသက် (၁၆)နှစ် အရွယ်ရှိ မောင်ပြည့်ဖြိုးကျော်သည့် ရွှေလီမြစ်ထဲ ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးသွားကြောင်း မူဆယ်မြို့ တော်ရွက်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ မနေ့ မနက်ပိုင်းကတည်းက သူတို့ ပန်းရံ အလုပ်သမားတွေ ရွှေလီမြစ်ထဲရေသွားဆော့ကြတာ။ အဲ့မှာ ရေဆင်းချိုးရင်းနဲ့ ပျောက်သွားတာ။ အခုထိ မတွေ့သေးဘူး။ လူမှုပရဟိတ အဖွဲ့တွေအများကြီးလာကူရှာပါတယ်” ဟု တော်ရွက် ဒေသခံ အမျိုးသားက ဆိုသည်။

အသက် ၁၆နှစ်အရွယ်ကလေး ရေနစ်ပျောက်ဆုံ

လက်ရှိ ပျောက်ဆုံးနေသည့် ကလေးသည် မန္တလေးတိုင်းဒေသကြီးမှ မူဆယ်သို့ လာရောက်အလုပ်လုပ်သည့် သူဖြစ်ကြောင်း ၊ ယနေ့ထိ ထိုပျောက်ဆုံးနေသည့် ကလေးကိုဆက်လက်ရှာနေကြောင်းလည်း သိရသည်။

“ အခုထိရှာနေသေးတယ်။ ဒီရွှေလီမြစ်က တခြား မြို့ကလာတဲ့ဧည့်သည်ဆိုရင် လူစားတယ်ဆိုတဲ့ ဓလေ့ရှိတယ်။ နောက် ဒေသခံတောင် မြစ်ရဲ့ ဘယ်နားမှာက နက်လဲဆိုတာ မသိကြဘူး” တော်ရွက်ဒေသခံ အမျိုးသား က ထပ်လောင်းပြောသည်။

ရွှေလီမြစ်ထဲတွင် သဲထုတ်လုပ်မှုရှိပြီး မြစ်ရေတိမ်နက် အခြေအနေကို မသိရှိကြသဖြင့် ရေဆင်းကူးခြင်း မပြုလုပ်သင့်ကာ မူးပြီးရေဆင်ဆော့ခြင်းလည်း မပြုလုပ်သင့်ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

အောင်ပန်း ကလေးတစ်ဦး ချောင်းထဲဆင်း ရေကူး၊ ရေနစ်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင်နေထိုင်သည် အသက် ၁၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဉီးသည် အိုင်းယားချောင်းထဲ ရေဆင်းကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( စက်တင်ဘာလ ၁၄) ရက်တွင် သေဆုံးသူ မောင်သော်သော်လင်းနှင့် သူ့၏သူငယ်ချင်းနှစ်ဉီးသည် အောင်ပန်းမြို့ရှိ အိုင်းယားချောင်းသို့ ရေဆင်းကူးနေကြစဉ် ရုတ်တရက် ရေစီးသန်လာသဖြင့် မောင်သော်သော်လင်းသည်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...