သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးများအဆက်မပြတ် ရွာသွန်းကာ ယနေ့ (သြဂုတ် ၈) ရက် ညနေ ၃နာရီခွဲတွင် ဆေးခမ်းရပ်ကွက် ဦးထွန်းအောင်တံတားအနီး ကားတစ်စီးသည် ရေစီး နှင့် အတူမျောပါသွားကြောင်း စုံစမ်းသိရသည်။
ထိုမျောပါသွားသည့် ကားထဲတွင် အမျိုးသားတစ်ဦးပါရှိပြီး၊ သက်ဆိုင်ရာ နှင့် ပရဟိတ အဖွဲ့များက လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။

” မိုးက ဆက်တိုက်ရွာတော့ တာချီလိတ် အနိမ့်ရပ်ကွက်တွေက ရေကြီးတယ်။ ညနေ ကလည်း ကားတစီး ရေစီးနဲ့မျောပါသွားတယ်။ လူပြန်ရှာမတွေ့သေးဘူးလို့ကြားတယ်” ဟု တာချီလိတ်မြို့နေ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
တာချီလိတ်မြို့တွင် ယနေ့ မိုးရေကြီးမှုကြောင့် နေအိမ်ပစ္စည်းများ ဆုံးရှုံးမှုများကြောင်းလည်း ၎င်းအမျိုးသားက ပြောသည်။
တာချီလိတ်မြို့ မယ်ဆိုင်မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ သတိထားနေထိုင်ရန် မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ (သြဂုတ် ၈)ရက် ညနေပိုင်း၌ သတိပေးထုတ်ပြန်လိုက်သည်။












Leave a Comments