CATEGORY

မေး/ဖြေကဏ္ဍ

နယ်မြေလုံခြုံရေးဆိုပေမယ့် PNO အာဏာတည်မြဲဖို့ ကြိုးပမ်နေတယ်

သျှမ်းပြည်တောင်ပိုင်းတွင် ပအိုဝ်းပြည်သူ့စစ် PNO/PNA အခြေစိုက်လှုပ်ရှားသည့် ဒေသများတွင် ဩဂုတ်လမှ စတင်ပြီး (၃) လ အတွင်း စစ်သင်တန်း သုံးကြိမ် ဖွင့်လှစ်ခဲ့ကာ စစ်အင်အား စုဆောင်းမှုအဖြစ် တပ်သားသစ် (၃၀၀၀၀) ကျော် ရရှိခဲ့ကြောင်း PNO/PNA မှ ကြေညာခဲ့သည်။ ပအိုဝ်းပြည်သူ့စစ် PNO/PNA ၏...

“ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တယ်”

သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊...

“သစ်ပင်တွေ ခုတ်ပဲခုတ်နေမယ်၊ ရောင်းပဲရောင်းနေမယ် ဆိုရင် ပြသာနာ ပိုပြီးတက်လာနိုင်တယ်။ တစ်နှစ်ပြီးတစ်နှစ် ပိုဆိုးရွားလာနိုင်တယ်”

ယခု ၂၀၂၄ ခုနှစ်အတွင်းမှာ ရာသီဥတု ဖောက်ပြန်တာ ပိုပြီးများလာခဲ့ပြီး နွေရာသီတွင် အရမ်းပူပြင်းပြီး အပူလိုင်းဖြတ်တာကြောင့် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။ အခု မိုးနှောင်းရာသီမှာလည်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် အပျက်အစီး များပြားတာ၊ လူထိခိုက် သေဆုံးတာတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် ယခုနှစ်အတွင်း သဘာဝ...

“ကျားဖြန့်ကြောင့် ဆယ်ကျော်သက် ကလေးတွေ ငွေနောက်လိုက်ပြဿနာ စလာတယ်”

သျှမ်းပြည်မြောက်ပိုင်းအတွင်း ညီနောင်မဟာမိတ် တပ်ဖွဲ့တွေဟာ ကျားဖြန့် တိုက်ဖျက်ရေး၊ အွန်လိုင်း ငွေလိမ်လည်မှုကိစ္စ ပပျောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် မှာ “၁၀၂၇ စစ်ဆင်ရေး” ဟုဆိုပြီး စစ်ရေးပဋိပက္ခ ဖြစ်ပွားလာခဲ့ပါတယ်။ သို့ပေမယ့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ကျားဖြန့်၊...

အမျိုးသမီးတွေကိုပါ ခြိမ်းခြောက်လာတဲ့ စစ်မှုထမ်းဥပဒေ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲမဲရလဒ်များကို လက်မခံဟုဆိုကာ စစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ၃ နှစ်ကျော်ရှိလာခဲ့ပါပြီ။  အာဏာသိမ်းမှုကိုလက်မခံသော လူငယ်များမှ နည်းမျိုးစုံဖြင့် ဆန့်ကျင်လာခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်မှာလည်း ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။  ထိုကဲ့သို့တော်လှန်ရေးအင်အားစုများ ပေါင်းစုကာ စစ်ကောင်စီအား ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီ၏...

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသစ်ရှာဖွေနေမှုနှင့်ပတ်သက်ပြီး 7EAO Alliance ဘာပြောလဲ

NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့၏ စုဖွဲ့မှုပုံစံသစ်ဖြစ်သည့် 7 EAO Alliance မဟာမိတ်အဖွဲ့ ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို အွန်လိုင်းဖြင့် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု ဆိုပါသည်။ အစည်းအဝေးနှစ်ရက်တာအတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊...

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ နေရပ်ပြန်ပြည်သူအသံ

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို သြဂုတ်လ ၃ ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA က အပြီးသတ်သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ မြို့ခံတွေထဲ တချို့ဟာ မြို့ကို ပြန်လာကြပါတယ်။ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် (ရမခ) နဲ့ နီးကပ်တဲ့ ရပ်ကွက် (၁၂)...

“အခုက တိုက်ပွဲကြားထဲ ကိုယ်ဝန်သည် မိခင်တွေ တော်တော်ဒုက္ခရောက်တယ်။ “

သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၃၊ ၅၀၄) တို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဩဂုတ်လ (၁၀) ရက်မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သီပေါမြို့ပေါ်ကို TNLA မှ ထိန်းချုပ်ထားနိုင်ကြောင်း ဒေသခံများက ပြောသည်။ “၁၀၂၇...

“လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ မြို့ထဲမှာ တိုက်ပွဲပဲဖြစ်ဖြစ်၊ စစ်ဘေးရှောင်တဲ့နေရာ ဘုန်းကြီးကျောင်း Camp တွေကိုရှောင်ပေးပါ”

သျှမ်းပြည် ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို “၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲ ပြန်လည်ဖြစ်ပွားခဲ့သည့် ဇွန်လ ၂၅ ရက်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့နောက် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများကို TNLA တပ်ဖွဲ့က...

“နယ်မြေချဲ့ထွင်ရေးက အဓိက ရည်မှန်းချက် ဖြစ်နေတယ်”

သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များအကြား ဟိုင်ဂင်သဘောတူညီချက်အရ (၅) ကျော်ကြာ ရပ်တန့်နေခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး”သည် ဒုတိယပိုင်းအဖြစ် ဇွန်လ ၂၅ ရက်တွင် ပြန်လည်စတင်လာခဲ့သည်။ ယခုတစ်ခါ ပြန်လည်စတင်လာခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အပိုင်း ၂ တွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရခမ အခြေစိုက်ရာ လားရှိုးမြို့တို့ကို ညီနောင်မဟာမိတ်တပ်များအပြင် မန္တလေး-PDF ၊ မိုးကုတ်ဗျူဟာ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA ပူးပေါင်းတပ်တို့လည်း အတူတကွ ပါဝင်တိုက်ခိုက်နေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း ယခုတိုက်ပွဲများကို “ရှမ်း-မန်း စစ်ဆင်ရေး”အဖြစ် အမည်ပေးထားပြီးမန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ တပ်ရင်းများလည်း ပါဝင်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။  “၁၀၂၇ စစ်ဆင်ရေး” ယာယီအပစ်ရပ်ထားစဉ်ကာလနှင့် ဒုတိယပိုင်း ပြန်လည်စတင်လာချိန်တွင် သျှမ်းပြည်မြောက်ပိုင်းရှိ FPNCC မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းကြား နယ်မြေစိုးမိုးမှုနှင့် ပတ်သက်၍ စစ်ရေးပဋိပက္ခ တင်းမာမှုများ ဖြစ်ပွားလာခဲ့သည်။ သျှမ်းပြည်မြောက်ပိုင်းအတွင်း အတူနေ ညီနောင်တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး၊ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအပေါ် အမြင်သဘောထားနှင့် မဟာမိတ်တပ်ဖွဲ့ အချင်းချင်းကြား လက်ရှိပြဿနာများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်းကိုသျှမ်းသံတော်ဆင့်မှ သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်း ကို ဆက်သွယ်မေးမြန်းထားသည်။ မေး ။        ။ “၁၀၂၇ စစ်ဆင်ရေး”က စပြောလာတုန်းကဆိုရင် စစ်အာဏာရှင် တော်လှန်ရေး၊ ကျားဖြန့်လုပ်ငန်း ပပျောက်ရေး ဆိုပြီးမှ စတင်လာခဲ့တယ်။ အခုပြန်ဖြစ်နဲ့ ဒုတိယလှိုင်း စစ်ဆင်ရေး ပြဿနာကို ဘယ်လိုထင်မြင်ပါသလဲ။ ဖြေ ။        ။ အခုဖြစ်နေတဲ့ ပြဿနာက လွယ်လွယ်ကူကူ ငြိမ်းသွားမယ့်ပုံစံ မရှိဘူး။ ဘာကြောင့် မရှိဘူးလဲဆိုတော့ အခုဒီမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ TNLA ပါမယ်၊ KIA ပါမယ်၊ နောက်ပြီး SSPP ပါမယ်၊ MNDAA ပါမယ်။ အဲဒီအဖွဲ့ (၄) ဖွဲ့ပေါ့ အဓိကအားဖြင့် ပါဝင်ပတ်သက်နေတဲ့ အထဲမှာ အဓိက ထိုးထွက်လာတာကတော့ TNLA ပေါ့။ TNLA က MNDAA နဲ့လည်း သူက ရန်ဖြစ်တယ်။ SSPP/SSA နဲ့လည်း ရန်ဖြစ်တယ်၊ KIA နဲ့လည်း ရန်ဖြစ်တယ်။ သူ့ရဲ့ ပြဿနာက ဘာလဲဆိုတော့နယ်မြေချဲ့ထွင်ရေးက အဓိက ရည်မှန်းချက် ဖြစ်နေတယ်။ စာထဲမှာတော့ စစ်တပ်ကို အမြစ်ဖြုတ်ရေး သူပြောတာပေါ့၊ တကယ်တမ်းကျတော့ သူကအဲ့လိုမဟုတ်ဘူး။ တကယ်တမ်းကျတော့ သူ့ရဲ့ တအာင်းပြည်နယ် ဖြစ်မြောက်ရေးရယ်၊ နယ်မြေချဲ့ထွင်ရေး အဲ့(၂)ခုကို သူက ပေါင်းထားတာ။ သူ့ရဲ့ တကယ့်ရည်မှန်းချက် အကြီးကြီးဖြစ်တဲ့ ပြည်ထောင်စုအဆင့် စစ်တပ်ကို အမြစ်ဖြုတ်တိုက်ဖျက်ရေးရယ်၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောင်ရေးရယ်ဆိုတာ သူရဲ့ Agenda ထဲမှာ အနောက်မှာပဲ ရှိတာ အရှေ့မှာ မရှိဘူး။ အဲ့တာကြောင့်မလို့ ဒီနေ့ဖြစ်နေတဲ့ ပြဿနာက ပဋိပက္ခ ဖြစ်နေတဲ့ အဖွဲ့ (၄) ဖွဲ့က တူတူထိုင်ပြီးတော့ ဘုံရည်မှန်းချက် မဆွဲနိုင်ဘူးဆိုရင် အဲ့ဒီပဋိပက္ခက လွယ်လွယ်နဲ့ သူမပျောက်သွားနိုင်ဘူး။ အဖွဲ့တွေအချင်းချင်းကို အဲ့လိုပဲ ပြောချင်တယ်။ မေး ။        ။ အခုဖြစ်ပေါ်နေတဲ့ ပြဿနာတွေမှာ သူတို့အနေနဲ့ ဘယ်လိုမျိုး ဖြေရှင်းသင့်လဲ။ အခုတိုက်ပွဲဖြစ်ရင် ထိခိုက်နစ်နာမှု အများဆုံးက ပြည်သူတွေဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လုပ်သင့်တာက သူတို့ဘယ်လိုမျိုး‌ ဖြေရှင်းသင့်သလဲ၊ နောက်ထပ် “ဟိုင်ဂင် သဘောတူညီချက်”တွေကော ထပ်ရှိလာနိုင်မလား။ ဖြေ ။        ။ အခုဖြစ်နေတဲ့ ပဋိပက္ခကို သူတို့ဘယ်လို ဖြေရှင်းရမလဲဆိုတာ သူတို့ရဲ့ နယ်မြေစိုးမိုးရေး အာသီသကို ချေဖျက်ပစ်ဖို့လိုမယ်။ချေဖျက်ပြီးရင် လူတွေအားလုံး ကူးလူးဆက်ဆံပြီး လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတစ်ခုကို ကျနော်တို့ ဘယ်လိုလုပ် အတူတူ လက်တွဲပြီး သွားကြမလဲဆိုတဲ့ ရည်မှန်းချက်ကို အခြေခံအနေနဲ့ သူတို့ရှိဖို့လိုတယ်။ အဲ့တာရှိပြီးမှ အဖွဲ့တွေ စုံစုံညီညီ စုစုဝေးဝေးနဲ့ ဆွေးနွေးပြီး သူတို့လမ်းကြောင်းသူတို့ရှာဖို့လိုတာ။ ဘယ်လိုလုပ် အဖြေရှာမလဲဆိုတာ အကျဉ်းချုံး ပြောရရင်တော့ (၁) နယ်မြေစိုးမိုးရေး အာသီသကို ဖျောက်ဖျက်ကြ၊ (၂) ဘုံရည်မှန်းချက်ဖြစ်တဲ့ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ပြီး သဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်မလဲဆိုတဲ့ ရည်ရွယ်ချက် အဲ့တာရှိဖို့လိုတယ်၊ အဲ့တာ ရှိရင်တော့သူတို့ထိုင်ပြီး စကားပြောနိုင်မယ်။ နံပါတ်(၂) ဟိုင်ဂင်က ဖြစ်မလား မဖြစ်ဘူးလား ဆိုတာကတော့ ပါဝင်ပတ်သက်နေတဲ့ ညီနောင်သုံးဖော်နဲ့ အစ်ကိုကြီး တရုတ်ရဲ့ အပေးအယူလုပ်မှုအပေါ်မှာ သွားမူတည်မယ်။ သူတို့ ဘယ်လိုအပေးအယူလုပ်မယ်ဆိုတာ ကျယ်ပြန့်တယ်။ ကျယ်ပြန့်တယ်ဆိုတာ နိုင်ငံအချင်းချင်းကြား ဘယ်လိုကူးလူးဆက်ဆံမလဲဆိုတာ ပါမယ်။ အဲ့ထဲမှာ အခုလက်ရှိ အာဏာစွဲကိုင်ထားသေးတဲ့ စစ်တပ်ရဲ့ အာဏာဆက်လက်တည်ရှိရေးလည်း သူကပါမယ်။ နောက်ပြီး တိုင်းရင်းသားတွေရဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အသိအမှတ်ပြုရေးလည်း သူကပါမယ်။ အဲ့ဒီကိစ္စကြီးက လွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ရတဲ့ ပုံစံမပေါက်ဘူး။ တရုတ်က ဘယ်လိုပဲ ဖိအားပေးပေး၊ အဓိပ္ပါယ်ပြည့်စုံတဲ့ (၆) ကြိမ်မြောက် ဟိုင်ဂင်တွေ့ဆုံပွဲ ရှိခဲ့ရင်တောင်မှဖြစ်မြောက်ဖို့ ခက်ခဲမယ်လို့ ယေဘုယျ သုံးသပ်လို့ရတယ်။ မေး ။        ။ ခုနက ပြောသလိုဆိုရင် TNLA တပ်ဖွဲ့က အခြားအဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခအထိ ဖြစ်နေတဲ့အပေါ်မှာ ပြဿနာက ဘယ်လောက်အထိရှေ့ဆက်ပြီးတော့ ကြီးထွားလာနိုင်မလဲ။ ဖြေ ။        ။ ရှေ့ဆက် ဘာဖြစ်လာနိုင်မလဲဆိုတော့ လက်ရှိပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်း ၄ ခုရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်တယ်။ကျယ်ပြန့်တဲ့အမြင် Big Picture ကြီးကို သူတို့မြင်တတ်ရင်တော့ ရှေ့ဆက်ဖြစ်မယ့်ဟာတွေကို သူတို့ဟန့်တားလို့ရမယ်။ အဲ့တာကို ဟန့်တားနိုင်ရင်အချင်းချင်း သဟဇာတဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာ ဆွေးနွေးပွဲအဆင့်ကိုလည်း သူတို့ဆက်ပြီးသွားနိုင်မယ်။ အဲ့တာက သူတို့ရဲ့ ပင်ကိုယ်စိတ်ရင်းအပေါ်မှာပဲ မူတည်တယ်။ ခြုံပြောရရင်တော့ နယ်မြေစိုးမိုးရေး အာသီသကို ဖျောက်ဖျက်ကြ၊ ဘုံရည်မှန်းချက် သဟဇာတဖြစ်ရေးကို ဦးတည်ကြပေါ့။ အဲ့ဒီနှစ်ချက်အပေါ်မှာ အခြေခံပြီးတော့ ရှေ့မှာ ဘာဆက်ဖြစ်မလဲဆိုတာ သူက မူတည်မယ်။ တကယ်လို့ အဲ့ဒီနှစ်ခုကို လက်မခံဘဲ သူတို့ မဆွေးနွေးဘူးဆိုရင် ဆက်ပြီးတိုက်မယ်ခိုက်မယ်၊ လူထုတွေလည်း နစ်နာမယ်။ နောက်ပြီး ကိုယ်လိုချင်တဲ့ ရည်မှန်းချက်လည်း မရောက်ဘူး။ မေး ။        ။ နောက်ပြီးတော့ “၁၀၂၇ စစ်ဆင်ရေး”က ဖက်ဒရယ်ပြည်ထောင်စုလိုမျိုး ဖော်ဆောင်သွားနိုင်မလား။ ဒါမှမဟုတ် ကိုယ့်နယ်မြေ ကြီးစိုးရေးတစ်ခုအတွက်ပဲ လုပ်သွားမယ်ဆိုရင် တိုင်းရင်းသားအချင်းချင်း အတူယှဉ်တွဲ နေထိုင်ဖို့ ဘယ်လောက်အထိ သက်ရောက်မှုတွေ ဖြစ်သွားနိုင်မလဲ၊ ကောင်းကျိုးဆိုးကျိုးတွေက ဘယ်လိုရှိလာနိုင်မလဲ။ ဖြေ ။        ။ “၁၀၂၇ စစ်ဆင်ရေး”က ရှေ့ဆက် ဘယ်လိုဖြစ်မလဲ၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ အဖြစ်ကို သူက တွန်းပို့မလား မတွန်းပို့ဘူးလားဆိုတာ အဲ့ဒီမေးခွန်းက နည်းနည်း အလှမ်းဝေးသေးတယ်။ ဘာကြောင့် အလှမ်းဝေးသေးလဲဆိုတော့ အခုဖြစ်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းက ဘယ်လောက်အထိ ရှေ့ဆက်သွားမလဲဆိုတဲ့အပေါ် မူတည်တယ်။ အခု NUG က ပြောတာ “ရှမ်း-မန်း စစ်ဆင်ရေး”တို့ ဘာတို့ပေါ့၊ ဒါက နာမည်တပ်တာလောက်ပဲ ဖြစ်ပြီး တကယ်တမ်း စစ်မြေပြင်မှာ တိတိပပအထဲအထိ ထိုးဖောက်နိုင်ဖို့ အဆင့်အထိ တွန်းအားမရှိသေးဘူးလို့ မြင်ရတယ်။ သူတို့မလုပ်ဘူးလို့ ပြောတာမဟုတ်ဘူး၊ သူတို့လုပ်နေတယ် အဲ့ဒီပြင်းအားက အဲ့လောက်ကြီး မပြင်းထန်သေးဘူး။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းက ဘယ်လိုရှေ့ဆက်ပြီး ဖြစ်မလဲဆိုတာ အခုအချိန်မှာတော့အတိအကျ မှန်းဆလို့ မရသေးဘူးလို့ပဲ ပြောချင်ပါတယ်။ မေး ။        ။ “၁၀၂၇ စစ်ဆင်ရေး”က ပထမပိုင်း ပြီးသွားတဲ့အချိန်မှာလည်း ၅ လလောက် ရပ်တန့်သွားတယ်။ ဒီကြားထဲမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း ပြဿနာတွေ ဖြစ်ခဲ့တယ်။ အခုကလည်း ဒုတိယပိုင်း ပြန်ဖော်ဆောင်လာခဲ့တယ်ဆိုတော့ ဒီဟာက တကယ်ပဲ စစ်အာဏာရှင် ချုပ်ငြိမ်းရေးတိုက်ပွဲ ဖြစ်လာနိုင်မလား၊ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နေတဲ့ လမ်းစကော မြင်မိလား။ ဖြေ ။        ။ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ဖို့ လမ်းစက မြင်နေရလားဆိုတာတော့ မြင်နေရတယ်လို့လည်း ပြောလို့ရတယ်၊ မမြင်ဘူးလို့လည်း သူက ပြောလို့ရတာပေါ့။ မြင်နေတယ်လို့ ပြောလို့ရတာကတော့ အနည်းဆုံး မြေပြန့်မှာရှိတဲ့ ဗမာတော်လှန်ရေး အုပ်စုနဲ့ TNLA တို့ပေါင်းပြီးလှုပ်ရှားလို့ရတယ်ဆိုတာ ကောင်းတဲ့အလားအလာတော့ ရှိတာပေါ့။ ဒါကြီးက ဒီထက်ပိုပြီး တိုးတက်လာမလား၊ မတိုးတက်လာဘူးလားဆိုတာ ပြောရတာ နည်းနည်းခက်တယ်။ ဥပမာပြရမယ်ဆိုရင် “၁၀၂၇စစ်ဆင်ရေး” ပထမပိုင်း စလုပ်တုန်းက အဲ့တုန်းက မောင်ဆောင်းခ တို့ ဦးဆောင်တဲ့ Burma People Liberation Army (BPLA) တို့ပါတယ်၊နောက်ပြီး ဗိုလ်နဂါး ဦးဆောင်တဲ့ Burma Nationalities Revolution Army (BNRA) ပါတယ်။ အခု ဒီဒုတိယအခေါက်မှာကြတော့ လုံးဝမပါဘူး။သူတို့မပါတော့ အခု TNLA ရဲ့ စစ်တပ် အမြစ်ဖြုတ်တိုက်ရေးဆိုတဲ့ ပြောဆိုချက်ကို မယုံကြည်ဘူးလို့ဆိုတဲ့ အဓိပ္ပါယ်ပေါက်တယ်။ အဲ့တာအတွက်ကြောင့်မလို့ မြေပြန့်မှာရှိတဲ့ ဗမာတော်လှန်ရေး အင်အားစုတွေ အားလုံးနဲ့ ညီနောင်သုံးဖွဲ့ အားလုံးပေါင်းပြီး တစုတစည်းတည်းပထမပိုင်းတုန်းကလို အာသီသဆန္ဒ မရှိဘူးလို့ ပြောလို့ရတယ်။ အဲ့တာကြောင့်မလို့ အောင်မြင်နိုင်မယ့်လမ်းစကို လက်ညှိုးထိုးမပြနေဘူးလို့သုံးသပ်လို့ရတယ်။ မေး ။        ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖြေ ။        ။ ကျေးဇူးတင်ပါတယ်။

Latest news