ကုသဖို့ဆေးမရှိသေးသည့် ဂျပန်ဦးနှောက်ယောင်ရောဂါ ကာကွယ်ဆေးထိုးကြရန် ကျန်းမာရေးဌာနတိုက်တွန်း

ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်ပြီး ဦးနှောက်နှင့်အာရုံကြောစနစ်ကိုထိခိုက်စေသည့် ဂျပန်ဦးနှောက်ယောင် ရောဂါကာကွယ်ရန်အတွက် မြို့နယ် ၊ ရပ်ကွက်၊ ကျေးရွာတိုင်း၏ စာသင်ကျောင်းများတွင် ကျန်းမာရေးဌာနမှ ကာကွယ်ဆေးထိုးနှံပေး နေသဖြင့် ဆေးထိုးမှု ခံယူကြရန် ကျန်းမာရေးဌာနက တိုက်တွန်းပြောဆိုလိုက်သည်။

ဂျပန်ဦးနှောက်ယောင်ရောဂါလို့အမည်ရတဲ့ Japanese encephalitis (JE) ဟာ ကြောက်စရာကောင်း တဲ့ရောဂါ တခုဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရသူတွေဟာ အသက်ရှင်ဖို့၊ ပြန်ကောင်းဖို့ရာခိုင်နှုန်းနည်းတယ်။ တကယ်လို့ မသေရင်လည် ဦးနှောက်ကျုံ့ပြီး လူစဉ်မမှီတာ၊ ဉာဏ်ရည်မမှီတာတွေ ဖြစ်သွားတယ်။ ဗိုင်းရပ်စ်ပိုးသယ်ဆောင်တဲ့ Culex ခြင် ကိုက်ခံရရင် ရောဂါဖြစ်ပွါးတယ်။ ကျွဲနွားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေရဲ့ သားသမီး တွေအဖြစ် များတယ်။ ဒါ့အပြင် တခြားဒေသမှာလည်းဘဲ ဒီခြင်ကိုက်ခံရသူတွေဟာ အသက်အရွယ်မရွေး ဂျပန်ဦးနှောက် ယောင်ရောဂါဖြစ်နိုင်တယ်။ အဲတာကြောင့် ကလေးတွေကိုအထူးသတိထား ဂရုစိုက်ပေးရပါမယ် – ဟု ကျေးသီးမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာနန်းကျိန်နွံဖောင်က ပြောသည်။

လင်းခေးမြို့တွင်ပြုလုပ်သော ဂျပန်ဦးနှောက်ယောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှားမှု

ဂျပန်ဦးနှောက်ယောင်ရောဂါ ကာကွယ်ဆေးကို မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် နို၀င်ဘာလ ၁၅ မှ ၂၃ ရက်နေ့အထိ တကြိမ်၊ ဒီဇင်ဘာလ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ တကြိမ် သက်ဆိုင်ရာ မြို့ရွာများ၏ စာသင်ကျောင်းများတွင် ၂ သုတ်ခွဲပြီး ထိုးပေးနေကြောင်း သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နေ သူနာပြုဆရာမ ကပြောပါသည်။

“အခုက အသက် ၅ နှစ် ကနေ ၁၅ နှစ်အထိကလေးတွေကိုဆေးထိုးပေးနေတာပါ။ ကလေးတွေကိုယူလာပြီး ဆေးထိုးကြဖို့မိဘတွေကိုအလေးအနက်တိုက်တွန်းပါတယ်။ ဒီဇင်ဘာမှာ အသက် ၉ လ ကနေ ၅ နှစ်အထိခလေးတွေကို တကြိမ်ဆေးထပ်ထိုးပေးပါမယ်။ တကယ်လို့ ဒီတသုတ်မှာဆေးထိုးဖို့ကျန်ခဲ့တဲ့ ကလေးတွေ အဲ့ချိန်ကျရင်တော့ မဖြစ်မနေ ယူလာပြီးဆေးထိုးပေးကြဖို့တိုက်တွန်းပါတယ်။” – ဟု လင်းခေးမြို့မှ သူနာပြုဆရာမက ပြောဆိုသည်။

တောင်ကြီးမြို့တွင် ပြုလုပ်သော ဂျပန်ဦးနှောက်ယောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှားမှု

အလားတူ သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင်လည်း ဂျပန်ဦးနှောက်ယောင် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် တောင်ကြီးမြို့တော်ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

“ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဟာ လူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေနိုင်ရေး ၊ လူတိုင်းရောဂါ ဘယကင်းရှင်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ တကယ်လို့ ကာကွယ်ဆေး ထိုးပြီး လွှမ်းခြုံမှု ( ၉၅ ) ရာခိုင်နူန်းကျော်ရရှိအောင် ဆောင်ရွက်နိုင်ပါက အသက် ၁၅ နှစ် အောက်ကလေး များမှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကူးစက်ဖြစ်ပွား သေဆုံးမှုနူန်း ၊ မသန်စွမ်းဖြစ်ပွားမှုနူန်းများ လျော့နည်း ကျဆင်း လာမှာဖြစ်တယ်” – ဟု သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ဖွင့်ပွဲမိန့်ခွန်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ယခုနှစ်များအတွင်း ဂျပန်ဦးနှောက်ယောင်ရောဂါဖြစ်ပွါးမှုနှုန်း များပြားလာသဖြင့် ယခုနှစ်တွင်လည်း အသက် ၉ လ မှ ၁၅ နှစ်အထိ တနိုင်ငံလုံးမှ ကလေးငယ် ၁၄ သန်းအတွက် နိုင်ငံတော်အစိုးရမှ ဒေါ်လာ ၉ သန်းကျော်အကုန်ကျခံကာ ကာကွယ်ဆေးထိုးနှံပေးနေခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ဂျပန်ဦးနှောက်ရောင်လက္ခဏာစုရှိသည့် လူနာ ၈၃၀ ဦးရှိကြောင်း 7 Day Daily သတင်းဌာနတွင်ဖော်ပြထားသည်။

အဆိုပါဦးနှောက်ယောင်ရောဂါကို ၁၉၃၄ က ဂျပန်-ပညာရှင် Hayashi က စမ်းသပ်တွေ့ရှိသဖြင့် ဂျပန်ဦးနှောက်ယောင်ရောဂါဟုအမည်တွင်ခဲ့သည်။ သျှမ်းပြည်နယ်အတွင်းတွင်မူ ၁၉၇၄ ခုနှစ်က သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ပထမဦးဆုံးစတင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံအနှံ့အပြားတွင် ရောဂါများကူးစက်ပျံ့နှံ့မှုကိုမူ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင်တွေ့ရကြောင်းလည်း ကျန်းမာရေးဌာနမှ ထုတ်ပြန်သော တိုက်တွန်းချက်တွင်ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...