ကျောက်မဲမြို့ တခါမျှ မကြုံဖူးသည့် ရေကြီးရေလျှံဖြစ်

0

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် ယနေ့ (မေ ၁၉) ရက် မနက်အစာပိုင်း ၂ နာရီက မိုးသည်းထန် ရွာသွန်မှုဖြစ်ပွား တကြိမ်တခါမျှ မကြုံဖူးသည့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရေကြီးရေလျှံဖြစ်ပွားမှုကြုံရသည့်နေရာများမှာ ကျောက်မဲမြို့ ရပ်ကွက် (၃၊ ၈ ၊ ၉ ) တို့ ဖြစ်ကြောင်း သိရသည်။

“ အဓိကတော့ လူနေထူထပ်လာတယ်။ ရေမြောင်း ပြဿနာကြောင့်ပါ။ ရေမြောင်းက ကျဉ်းတာရေ နောက် သစ်ပင်တွေ ခုတ်တာတွေကြောင့်ပါ” ဟု ကျောက်မဲဒေသခံ လုံးစိုင်းကူး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကျောက်မဲမြို့ ရေကြီးရေလျှံမှုကြောင့် ရေများသည် အနိမ့်ပိုင်းနေအိမ်များထံ ရေဝင်ခြင်း၊ မော်တော်ကား၊ဆိုင်ကယ် ပျက်စီးခြင်း၊ အိမ်တွင်းပစ္စည်းများပျက်စီးခြင်းတို့ရှိသော်လည်း လူထိခိုက်မှုမရှိကြောင်း လည်း လုံးစိုင်းကူးက ဆိုသည်။

ကျောက်မဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းမည်ကို ပြည်သူများစိုးရိမ်နေကြောင်း၊ ညအချိန်မတော်မိုးရွာပါက ဒေသခံများအတွက် အခက်အခဲများ ကြုံရနိုင်ကြောင်းလည်း ကျောက်မဲဒေသခံ တဦးက ပြောသည်။

“ ရေထက်ကြီးမှာကိုတော့စိုးရိမ်စိတ်ရှိတာပေါ့။ ခုတော့ ရေသိပ်မနက်ဘူး။ နေအိမ်တွေ ပြောင်းပြီးနေရတာတော့မရှိပါဘူး။ ပစ္စည်းတို့တစ်ချို့တော့ ရေထဲပါသွားတာတော့ရှိတာပေါ့။” ဟု နေအိမ်ရေဝင်သည့် ကျောက်မဲဒေသခံတဦးက ပြောသည်။

ကျောက်မဲမြို့တွင် ယခင်နှစ်က ရေကြီးမှုများရှိခဲ့သော်လည်း ယခုနှစ်လောက် ရေများနေအိမ်ထိ ဝင်ရောက်ခြင်း မရှိကြောင်းသိရသည်။

Leave a Comments