Sunday, April 28, 2024

ဖယ်ခုံမြို့နယ် လအိဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်

Must read

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဆေးရုံကို ယနေ့ (မတ်လ၂၂) ရက် နံနက် ၁၀ နာရီဝန်းကျင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ၄ ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဆေးရုံအဆောက်အဦးများလည်း ထိခိုက်ပျက်စီးသွားသလို လူထိခိုက်ဒဏ်မှုလည်း ရှိကြောင်းသိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရမှုအခြေအနေနှင့် ပတ်သက်၍ အသေးစိတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်လက်မေးမြန်းနေခြင်းပင်။

လက်ရှိ စစ်ကောင်စီ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့် လအိကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်က အကြောင်းမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖယ်ခုံစစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ထို့အတူ ပင်လောင်းမြို့နယ်တွင်လည်း မဟာမိတ်ပူးပေါင်းတော်လှန်ရေးအင်းအားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article